Home သတင်း ကရင်ဇာတ်သဘင်ထူးချွန်ဆု ဖားအံတွင် ဒုတိယအကြိမ် ပြုလုပ်ပြီးစီး

ကရင်ဇာတ်သဘင်ထူးချွန်ဆု ဖားအံတွင် ဒုတိယအကြိမ် ပြုလုပ်ပြီးစီး

2698

‌မေလ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ ဇာတ်သဘင်အဆင့်အတန်း တိုးတက်မြင့်မားရန်ရည်ရွယ်၍ ဒုတိယအကြိမ်‌မြောက် ကရင်သဘင်ထူး ချွန်ဆု‌ပေးပွဲ အခမ်းအနားကို ဖားအံမြို့၊ ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်၌ ယမန်‌နေ့(‌မေ ၂၁ ရက်)ညတွင် ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ် ဇာတ်သဘင်အစည်းအရုံး အတွင်း‌ရေးမှူး ရှားထူး‌ဝေါ်က “ကရင်ဇာတ်သဘင်‌တွေ တိုးတက်ဖို့၊ ဇာတ်သဘင် အဖွဲ့ဝင်‌တွေအ‌နေနဲ့ စည်းကမ်း‌ကောင်းပြီး ပိုမိုကြိုးစားလာဖို့၊ ဥပမာ-သဘင်သည်တစ်‌ယောက်ဟာ ဘယ်‌လောက်ပဲ အက ‌တော်‌နေပါ‌စေ။ စည်းကမ်းမရှိရင် ဆု‌ပေးဖို့ သူ့ကို မ‌ရွေးချယ်ဘူး”ဟု ၎င်းက ‌မေ ၂၂ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြော သည်။

ကရင်သဘင်ထူးချွန်ဆု‌ပေးပွဲ၌ သဘင်လုပ်သားဆု(‌အောက်‌ခြေဝန်ထမ်း)၊ ဒါရိုက်တာဆု၊ ပံ့ပိုးအတီးဆု၊ ပံ့ပိုး အဆိုဆု၊ လူ ရွှင်‌တော်ဆု၊ အကဆု၊ ဇာတ်ပို့ဆု၊ ဇာတ်‌ဆောင်ဆု၊ စွယ်စုံဆု အစရှိသဖြင့် ဆုအမျိုးအစား‌ပေါင်း ၂၂ ဆု ‌ပေးအပ်သွား သည်ဟု အတွင်း‌ရေးမှူးရှားထူး‌ဝေါ်က ဆက်‌ပြောသည်။

ထို့အပြင် ကရင်ဘာသာစကားနှင့်စာ‌ပေကို အဓိကသုံးစွဲ ကပြ‌နေ‌သော ကရင်ဇာတ်သဘင်များ၌ ကရင်အ‌ငွေ့ အသက်များ ပိုမိုပါဝင်လာ‌စေရန် ကရင်ရိုးရာများဖြစ်သည့် အဝတ်အစား၊ အကများ၊ ကရင်သမိုင်း‌ကြောင်းများ ပြန်လည်‌ဖော်ထုတ် ကပြသွားမည်ဖြစ်‌ကြောင်းလည်း ကရင်သဘင်တာဝန်ရှိသူများက ‌ပြောသည်။

ယမန်‌နေ့ည ဆု‌ပေးပွဲ၌ KCO-ကရင်အနုပညာအစည်းအရုံး၊ ကရင်နှင့်မွန်ပြည်နယ်သဘင်အစည်းအရုံးဝင်များ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)တို့မှ တာဝန်ရှိသူများ၊ ဇာတ်အဖွဲ့ဝင်များ၊ ပရိဿတ်များအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၃,ဝဝဝ(သုံး‌ထောင်)ဝန်းကျင်ခန့် တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ ကရင်ဇာတ်သဘင်ထူးချွန်ဆု ‌ရွေးချယ်ချီးမြှင့်နိုင်ရန် ကရင်ပြည်နယ်၊ သဘင်အစည်းအရုံးဝင် ဇာတ်သဘင်အဖွဲ့ ၁၆ ဖွဲ့အား၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၉ ဇန်နဝါရီလ ၁၅ ရက်‌နေ့အထိ ချစ်သူမြိုင် အပန်း‌ဖြေဥယျာဉ်တွင် ဝင်‌ရောက် ယှဉ်ပြိုင် ကပြ‌စေခဲ့ခြင်းဖြစ်သည်။
ဇာတ်သဘင်ထူးချွန်ဆုများအတွက် ‌ရွေးချယ်ရာတွင် ကရင်ပြည်နယ်အ‌ခြေစိုက် KCO-ကရင်အနုပညာအစည်းအရုံး၊ ပြည် နယ်သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)တို့မှ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်‌ရွေးချယ်ပြီး ဆုအမျိုးအစားအလိုက် ရရှိသူများ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမျိုးသမီး ပြဇာတ် ဇာတ်ပို့ဆုကို ရရှိသွား‌သော ဆို‌လောင်အဲ‌ဖောင်(ဆိုဒ်လင်အဲဖါန်)ဇာတ်ပွဲမှ နန်းလဝိုင်ရှူး (နာန်.လု်ဝါ် ယှူး)က “ခုလို မ‌မျှော်လင့်ဘဲ ရရှိသွားတဲ့အ‌ပေါ် ဝမ်းသာလွန်းလို့ ဘယ်လို‌ပြောရမှန်း‌တောင် မသိ‌တော့ပါဘူး။ ညီမ‌တော့ ‌နောက်ဆုတ်ဖို့မရှိပါဘူး။ ဒီနှစ်ဇာတ်ပို့ဆုပဲ ရ‌ပေမယ့် ‌နောင်နှစ်‌တွေမှာ ဇာတ်‌ဆောင်ဆု ရ‌အောင် ကြိုးစားသွားမယ်။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ သဘင်အစည်းအရုံးဝင် ဇာတ်သဘင် ၁၇ ဖွဲ့အနက် ၁၆ ဖွဲ့ဝင်‌ရောက်ယှဉ်ပြိုင်ကပြခဲ့သည့် ယခုနှစ်၌ ဆု‌ပေါင်း ၁၈ ဆုချီးမြှင့်ရန် လျာထားရာမှ ယမန်နှစ်ကထက် ဘက်စုံ ကဏ္ဍစုံတွင် အဆင့်အတန်း မြင့်မားတိုးတက်လာခြင်း ‌ကြောင့် ယခုလို ဆု‌ပေါင်း ၂၂ ဆုချီးမြှင့်သွားရခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ‌ပြောသည်။

မြန်မာဇာတ်သဘင်‌လောကတွင် ပထမဦးဆုံးအကြိမ်ဖြစ်သည့် သဘင်ထူးချွန်ဆု‌ပေးပွဲ အခမ်းအနားကို ဖားအံမြို့၊ ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်၌ ၂၀၁၈ ခုနှစ်မှ စတင်၍ ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်တွင် ယခုနှစ်အတွက် ကရင်ဇတ်သဘင်ထူးချွန်ဆု‌ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်‌မြောက် ဖြစ်သည်။