Home သတင်း ကရင်စာ‌ပေ ‌လေ့လာသင်ယူနိုင်‌ရေး ပထမဦးဆုံး Animal AR စာအုပ် ‌ပေါ်ထွက်

ကရင်စာ‌ပေ ‌လေ့လာသင်ယူနိုင်‌ရေး ပထမဦးဆုံး Animal AR စာအုပ် ‌ပေါ်ထွက်

6521

‌မေလ ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

စ‌ကောကရင်စာ‌ပေကို မိုဘိုင်းဖုန်းဖြင့် အလွယ်တကူ ‌လေ့လာသင်ယူနိုင်သည့် မိုဘိုင်း အပလီ‌ကေးရှင်းနှင့်တွဲ ဖက်အသုံးပြုရသည့် Animal AR (Karen version) စာအုပ်မိတ်ဆက်ပွဲကို ကရင်လူငယ် အိုင်တီပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် Blue Frog နည်းပညာကုမ္ပဏီက ‌မေ ၂၂ ရက်‌နေ့နံနက်ပိုင်းတွင် MICT Park ရှိ ၎င်းတို့ ရုံးခန်း၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ Animal AR စာအုပ်ကို အသုံးပြုရန် ပထမဦးဆုံး ကရင်စာသင်မိုဘိုင်း အပလီ‌ကေးရှင်းကို Google play Store တွင် Download (‌ဒေါင်းလုန်း) ရယူကာ စာအုပ်နှင့် တွဲဖတ်အသုံးပြုရမည်ဖြစ်သည်။ စ‌ကော ကရင်စာ ‌လေ့လာသင်ယူနိုင် သည့် Animal AR စာအုပ်အတွင်း၌ပါရှိသည့် QR barcode ကို ဖုန်းဖြင့် စခရင်းဖတ်ကာ လူသုံးဦးထိ ရယူသုံးစွဲနိုင်မည်ဖြစ် သည်။ ထိုသို့ ရယူသုံးစွဲပုံကို စာအုပ်တွင် အသုံးပြုပုံလမ်းညွှန်ပါရှိ‌ကြောင်း Blue Frog တည်‌ထောင်သူ ‌စောလဲယ‌ဝေါ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မိတ်ဆက်ပွဲ တက်‌ရောက်လာသူ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက“အခု မိသားစုတိုင်းမှာ စမတ်ဖုန်းတစ်လုံးစီ‌တော့ အနည်းဆုံးရှိကြတယ်။ ကျမက ‌ကျောင်းသားမိဘ‌တွေကို ဒီမိုဘိုင်းအပလီ ‌ကေးရှင်းကို ဖုန်း‌တွေထဲထည့်သွင်းခိုင်းပါတယ်။ မိုဘိုင်းဖုန်းနဲ့ ဂိမ်း၊ ‌ဆော့ဝဲလ် ‌သော်လည်း‌ကောင်း က‌လေး‌တွေ ကရင် စကားကို ‌လေ့လာသင်ယူတဲ့အခါမှာ တခါထဲ ‌ခေါင်းထဲကို ‌ရောက်သွားတယ်။ ဒါက လိုအပ်‌နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်း ‌ပေး လိုက်နိုင်တာပဲ ဖြစ်တယ်။ ဒီလိုမျိုးဖြစ်လာ‌အောင် ဝိုင်းဝန်းလုပ်‌ဆောင်တဲ့ ကွန်ပျူတာ အသင်းချုပ်နဲ့ စပွန်စာ ‌ပေးသူ ‌တွေကိုလည်း ‌ကျေးဇူးတင်ပါတယ်” ဟု ‌ပြောသည်။

Animal AR (Karen version) စာအုပ်သည် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် မြန်မာ့ဆက်သွယ်‌ရေးလုပ် ငန်း (MPT) တို့ ပူး‌ပေါင်းကျင်းပသည့် လူငယ်စွန့်ဦးတီထွင် မိုဘိုင်းအပလီ‌ကေးရှင်းပြိုင်ပွဲ၌် ဆုရအဖွဲ့သုံးဖွဲ့တွင် ပါဝင်ခဲ့သလို ဆုရအဖွဲ့များထဲမှ ယခုလို ကုမ္ပဏီ‌ထောင်ပြီး ထုတ်ကုန် မိတ်ဆက်နိုင်သည်ကို‌တွေ့ရသည့်အတွက် ဝမ်း‌မြောက်‌ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦး‌သောင်းစုငြိမ်းက ‌ပြောသည်။

AR (Augmented Reality) ‌ဆောက်လုပ်‌ရေးလုပ်ငန်းများတွင် အ‌ဆောက်အဦးတိုင်းတာသည့်အခါ သုံးသည့် အိုင်တီနည်းပညာတမျိုးဖြစ်ကာ ယခုလို Blue Frog က တိုင်းရင်းသား စာ‌ပေများ‌လေ့လာသင်ယူနိုင်ရန် ပထမ ဦးဆုံး မိတ်ဆက်‌ရောင်းချခြင်းဖြစ်သည်။ Animal AR စာအုပ်တစ်အုပ်လျှင် ကျပ် ၇,၀၀ဝ နှုန်းဖြင့် ‌မေ ၂၅ ရက်‌နေ့ မှ စတင် ‌ရောင်းချမည်ဖြစ်ပြီး Blue Frog Facebook မှတဆင့် မှာယူနိုင်သလို ဖုန်း ဝ၉- ၉၇၅ ၈၀၆ ၄၇၁ သို့ ဆက်သွယ်မှာယူနိုင် ‌ကြောင်း သိရသည်။

Animal AR (Karen version) ကိုထုတ်‌ဝေသည့် Blue Frog ကုမ္ပဏီကို ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဖွင့်လှစ်သည့် KBTS Liberal Arts ကွန်ပျူတာ ဘာသာရပ်၊ ‌ကျောင်းဆင်း ကရင်လူငယ်အိုင်တီပညာရှင်များက ဦး‌ဆောင်ကာ စု‌ပေါင်း တည်‌ထောင်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီ အ‌နေဖြင့် အခြားကရင်ဘာသာစကားများနှင့် အခြားတိုင်းရင်းသား ဘာသာစ ကားများကို မိုဘိုင်း အပလီ‌ကေးရှင်းဖြင့် ယခုလို ‌လေ့လာသင်ယူနိုင်‌အောင် ထုတ်ကုန်များ ဆက်ထုတ်လုပ်သွားရန်ရှိ ‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။