Home သတင်း KNU နှင့် အစိုးရ၊ တပ်မ‌တော်တို့ ‌တွေ့ဆုံမည်

KNU နှင့် အစိုးရ၊ တပ်မ‌တော်တို့ ‌တွေ့ဆုံမည်

3501

ဧပြီ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူး ဦး‌ဆောင်‌သော အဖွဲ့သည် အမျိုး သား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC)၊ တပ်မ‌တော် တပ်ပိုင်းဆိုင်ရာညှိနှိုင်း‌ရေးအဖွဲ့ တို့နှင့် ယခုလ ဧပြီ ၁၁ရက်နှင့် ၁၂ရက်‌နေ့တို့တွင် ‌နေပြည်‌တော်၌ အလွတ်သ‌ဘော ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဟု KNUက သတင်း ထုတ်ပြန်ထားသည်။

“၁၁ ရက်‌နေ့မှာ‌တော့ KNU အ‌နေနဲ့ တရားဝင်‌ဆွေး‌နွေးပွဲ‌တွေမှာ ပါဝင်ခြင်းကို ယာယီရပ်ဆိုင်းထားရတဲ့ အ‌ခြေခံအ‌ကြောင်း တရားများအပြင် မိမိတို့အ‌နေနဲ့ ‌ရှေ့ဆက်လုပ်‌ဆောင်သွားမယ့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်‌တွေကို မည်သည့် ပုံ စံဖြင့် သွားမည်ဆိုသည့် သ‌ဘောထား‌တွေကို NRPC ကို ချပြ‌ဆွေး‌နွေးသွားမှာဖြစ်ပါတယ်”ဟု ယ‌နေ့ (ဧပြီ ၁ဝရက်) ထုတ်ပြန်သည့် ‌ကေအဲန်ယူ၏ ‌ဖေ့ဘွတ်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ‌မြေပြင်တွင် ဖြစ်ပွား‌နေသည့် တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ၏ အ‌ခြေခံအ‌ကြောင်း တရားများကို အ‌ဖြေ ရှာပြီး ‌ရှေ့ဆက်တပ်ပိုင်းဆိုင်ရာ ‌ဆွေး‌နွေးပွဲများဖြစ်‌ပေါ်လာနိုင်‌ရေးကို ရည်ရွယ်၍ ၁၂ ရက်‌နေ့တွင် တပ်မ‌တော်ဘက်မှ တပ် ပိုင်းဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့နှင့် ‌တွေ့ဆုံရန်လည်း အဆိုပြုထား‌ကြောင်း KNUက ဆိုသည်။

KNUမှ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးနှင့်အတူ တွဲဘက်အတွင်း‌ရေးမှူး-၂ ပဒို‌စောလှထွန်း၊ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောဆဲ‌ဂေနှင့် တပ်ပိုင်းဆိုင်ရာ ညှိနှိုင်း‌ဆွေး‌နွေး‌ရေးအဖွဲ့ဝင်များဖြစ်‌သော ဗိုလ်မှူးချုပ် ‌စောတာမလာ‌သော၊ ဗိုလ်မှူး‌စော တာမူလာတို့ ပါဝင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်း‌ရေး၏ ‌ရှေ့လုပ်ငန်းစဉ်နှင့် တပ်ပိုင်းဆိုင်ရာ အ‌ခြေအ‌နေများကို အဓိက ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

‌ကေအဲန်ယူအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တရားဝင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများကို ရပ်စဲထားပြီး NR PC နှင့် တပ်မ‌တော်က ဖွဲ့စည်းထား‌သော ဗိုလ်ချုပ်ကြီးရာပြည့် ဦး‌ဆောင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးအဖွဲ့တို့ကို ‌တွေ့ဆုုံနိုုင်ရန် အစိုးရ၏ ငြိမ်းချမ်း‌ရေး‌ကော်မရှင်(PC)နှင့် ယခုနှစ် မတ်လ ၈ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အလွတ်သ‌ဘော ‌တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီး‌နောက် ယခု‌တွေ့ဆုံမှု ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။