Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌သောက်သုံး‌ရေရှားပါးမှု ကြုံ‌တွေ့‌နေရ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌သောက်သုံး‌ရေရှားပါးမှု ကြုံ‌တွေ့‌နေရ

2328

ဧပြီ ၂၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုလ(ဧပြီ)မှစတင်ကာ ရာသီဥတုပူပြင်းလာမှု‌ကြောင့် ‌ကျေးရွာအတွင်း စက် ယက်(အဝီစိတွင်း)၊ ‌သောက်‌ရေတွင်း၊ မြစ်နှင့် စမ်း‌ချောင်းများ ခမ်း‌ခြောက်မှုဖြစ်လာသည့်အတွက် လတ်တ‌လောတွင် ‌သောက်သုံး‌ရေရှားပါးမှု ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌နောင်းတစ်ရွာ အုပ်ချုပ်‌ရေးမှူးဦးညွန့်စိန်က “ရွာနားက‌ချောင်း‌ရော၊ တွင်း‌ရေအားလုံး‌ရော ခမ်း‌ခြောက်ကုန်ပြီ။ ရွာမှာအခု ‌သောက် သုံး‌ရေ လုံးဝမရ‌တော့ဘူး။ လူဦး‌ရေ ၆ဝဝ ‌ကျော်အတွက် တစ်မိုင်‌ကျော်‌လောက်‌ဝေးတဲ့ ခလယ်ရွာကို နည်းအမျိုးမျိုးနဲ့ ‌ရေသွား ယူ‌နေရတယ်။ တာဝန်ရှိသူဘက်က လာတူး‌ပေးထားတဲ့ အဝီစိတွင်း‌တွေလည်း ‌ရေနည်းနည်းပဲရ‌တော့တယ်။ ‌ရေလာလှူတဲ့အဖွဲ့ အ‌ပေါ်မှာပဲ မှီခိုသုံးစွဲ‌နေရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအများစုမှာ မြစ်၊ ‌ချောင်း၊ စမ်း‌ရေနှင့် ‌ရေတွင်းများကို နည်းအမျိုးမျိုးဖြင့် ထုတ်ယူသုံးစွဲရ ယူ‌နေရပြီး ဧပြီလ ပထမအပတ်မှစတင်ကာ ရာသီဥတုပိုမိုပူပြင်းလာမှု‌ကြောင့် ‌ရေခမ်း‌ခြောက်မှုဖြစ်လာကာ ‌ချောင်းထဲယာယီ တူး‌ဖော်ထားသည့် တွင်း‌ရေ နှင့် ‌ရေလာလှူသည့် အဖွဲ့များအ‌ပေါ်တွင်သာ ‌သောက်သုံး‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

“‌တောင်ညို‌တောင်တန်း‌ပေါ်မှာရှိတဲ့ စမ်း‌ရေကို ပိုက်နဲ့သွယ်ယူပြီး လူ ၉ဝဝ ရာ‌ကျော်သုံးစွဲ‌နေရတာပါ။ ခုအဲ့ဒီ‌ရေ‌တွေ လုံးဝမ ရ ‌တော့ဘူး။ ရွာ‌ချောင်းနံ‌ဘေးမှာ တွင်း‌ရေအသစ်တူးပြီး ကျိုချက်‌သောက်‌နေရတယ်” ဟု ပူးလိန်ရွာက ကိုထွန်းဝင်းက ‌ပြောသည်။

‌ကျေးရွာများကို ဘတ်ဂျက်ခွဲတမ်းချကာ အဝီစိတွင်း‌ရေများ တူး‌ဖော်‌ဆောင်ရွက်ထားလျက်ရှိပြီး ပူပြင်းသည့်‌နွေရာသီအချိန်တွင် ‌သောက်သုံး‌ရေးရရှိရန် ဖြန့်‌ဝေ‌ပေးသွားမည်ဖြစ်ကာ ‌ရေလှူသည့်‌ကျေးရွာအဖွဲ့များကိုလည်း ကားဆီဖိုး‌ထောက်ပံ့‌ပေးသွားမည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ဦးစီးမှူး‌စောမြင့်‌အောင်လင်းက ယ‌နေ့(ဧပြီ ၂၄ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧပြီလ‌ရောက်တိုင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်၊ ‌နောင်းတစ်၊ ခလယ်ရွာ‌လေး၊ ပူးလိန်၊ မြို့‌ဟောင်း၊ ဝင်း‌ထောင်းနှင့် အခြား‌ကျေးရွာများတွင် ‌သောက်သုံး‌ရေရှားပါးမှုပြဿနာကို နှစ်စဉ်ရင်ဆိုင်ကြုံ‌တွေ့‌နေရသည်ဟု သိရသည်။