Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌လောင်းကစားဝိုင်းများ ‌လျော့နည်းလာဟု ဆို

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌လောင်းကစားဝိုင်းများ ‌လျော့နည်းလာဟု ဆို

3038

ဧပြီ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ဒေသအ‌ခေါ် အာဝါ‌ဒေး (Our Day) ‌လောင်းကစားဝိုင်းများမှာ ၂၀၁၉ ခုနှစ်မှ စ၍ တဖြည်းဖြည်း‌လျော့နည်းသွားပြီး လတ်တ‌လောတွင် မရှိသ‌လောက်ဖြစ်လာသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိ ရသည်။
၂၀၁၉ ခုနှစ် မတိုင်မီအချိန်က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာများတွင် ကျင်းပသည့် ဘုရားပွဲများ၊ ဇာတ်ပွဲများအားလုံး လိုလိုတွင် ဖွံ့ဖြိုး‌ရေး‌ခေါင်းစဉ်အမျိုးမျိုးဖြင့် ‌လောင်းကစားဝိုင်းများကို ထည့်သွင်း ပြုလုပ်မှုများရှိခဲ့ခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောက‌ပေါ်ထူးက “လူငယ်‌တွေရဲ့ စာရိတ္တပိုင်းကို ပြင်ဆင်နိုင် ဖို့ အစိုးရတာဝန်ရှိသူ‌တွေ တိုင်းရင်းသားအဖွဲ့အစည်း‌တွေက ဟန်ချက်ညီညီ ထိန်း‌ကျောင်းမှု‌ကြောင့် အခုနှစ် ၂ လ ၃ လအ တွင်းမှာ အ‌တော်‌လေး ပ‌ပျောက်သွားတယ်။ ဒီ‌လောင်းကစား‌ကြောင့် စားဝတ်‌နေ‌ရေး ပိုကြပ်တည်းလာမယ်။ စာရိတ္တ‌တွေ ပျက်ပြားလာမယ်။ ခိုးဆိုး လုယက်တာတို့ ဖြစ်လာမယ်။ အဓိကက စာရိတ္တပိုင်းပြင်ဆင်နိုင်ဖို့ပါ”ဟု ‌ပြောသည်။

ယခင်က တွင်တွင်ကျယ်ကျယ် ပြုလုပ်မှုများရှိခဲ့သည့် အဆိုပါ‌လောင်းကစားဝိုင်းများကို ‌ဒေသခံအချို့အပါအဝင် တပ်ဖွဲ့ဝင် မိသားစုများ၏ စားဝတ်‌နေ‌ရေးအား တစ်ဖက်တလမ်းမှ ‌ဖြေရှင်းနိုင်ရန်အတွက် လက်နက်ကိုင် အဖွဲ့အစည်းများမှ အဆင့် ဆင့်‌သော နားလည်မှုများဖြင့် ပြုလုပ်မှုများရှိခဲ့‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသခံ ‌စောထိုးထာဒီးက“ ပွဲမှာ ‌လောင်းကစားဝိုင်း‌တွေ မရှိ‌တော့တာက အများအတွက် ပို‌ကောင်းတာ‌ပေါ့ကွာ။ ရှိ‌နေတယ်ဆိုရင် ‌လောင်းကစားသမား‌တွေက နိုင်ရင်‌ကောင်းတာ‌ပေါ့။ မနိုင်လို့ ပိုက်ဆံလိုလာပြီးဆို ရင် သူတို့ အကြံထုတ်‌တော့မယ်‌လေ။ ကိုယ့်အိမ် ဒါမှမဟုတ် သူများဆီမှာပဲ ခိုးမလား၊ ဝှက်မလားအပြင် အခြားဒုစရိုက်မှု ‌တွေလည်း ကျူးလွန်လာနိုင်တယ်‌လေ↔ဟု‌ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ်‌လောင်းကစားဝိုင်းများမရှိသ‌လောက် ‌လျော့နည်းလာပြီဟု ‌ပြောဆို ‌နေ‌သော်လည်း ကရင်ပြည်နယ်အတွင်းရှိ အချို့‌သောမြို့နယ်များတွင် လက်ရှိအချိန်အထိ ‌လောင်းကစားဝိုင်းများ အတိုင်း အတာတစ်ခုအထိ ပြုလုပ်မှုများရှိ‌နေ‌သေး‌ကြောင်း သိရသည်။