Home သတင်း ၇ ကြိမ်‌မြောက် က‌ညော-ဖလုံ စာယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲ လူ‌ပေါင်း‌ထောင်ချီ ပါဝင်ဆင်နွှဲ

၇ ကြိမ်‌မြောက် က‌ညော-ဖလုံ စာယဉ် စု‌ပေါင်းသင်တန်းဆင်းပွဲ လူ‌ပေါင်း‌ထောင်ချီ ပါဝင်ဆင်နွှဲ

2625

ဧပြီလ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၊ ဆင်‌ပြေးရွာတွင် ဧပြီလ ၇ ရက်မှ ၈ ရက် ‌နေ့အထိကျင်းပသည့် ၇ ကြိမ်‌မြောက် က‌ညော-ဖလုံ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်း ဆင်းပွဲကို လူ‌ပေါင်း‌ထောင်ချီ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဝင်း‌ရော်‌ဒေသ စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဦး‌ဆောင်မှုဖြင့် ယခုနှစ် သင်တန်းဆင်းပွဲတွင် သံဖြူ ဇရပ်နှင့် ကြာအင်းဆိပ်ကြီး ၂ မြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း ၄၄ ‌ကျော်မှ လူဦး‌ရေ ၂,၅၃၃ ဦးက စာ‌ပေ ယဉ်‌ကျေးမှုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သင်တန်းနှင့်ပတ်သက်၍ သင်တန်းမှူး ‌စောဆာ့ဂီဘ‌လေးက “ကျ‌နောတို့ရဲ့ ကရင်လူမျိုး‌တွေမှာ ‌နောင် တ‌ခေတ်မှာ ပြတိုက်ထဲမှာ မရှိရ‌လေ‌အောင် ရိုးရာယဉ်‌ကျေးမှု‌တွေ ထိန်းသိမ်းတတ်ဖို့၊ ထိန်းသိမ်းရ ‌ကောင်းမှန်းသိဖို့၊ စာ‌ပေယဉ်‌ကျေးမှုရဲ့ အနှစ်သာရ‌တွေကို သိရှိဖို့ ဒီလိုသင်တန်းမျိုး ဖွင့်လှစ်ရခြင်းဖြစ်ပါ တယ်” ဟု‌ပြောသည်။

သင်တန်းဆင်းပွဲကို ဧပြီ ၇ ရက်‌နေ့မှစတင်ကာ ပိုးနှင့် စ‌ကောကရင် ဘာသာများဖြင့် စာ‌မေးပွဲ ‌ဖြေ ဆိုခြင်း စာတမ်းဖတ်ခြင်းနှင့် ပုံ‌ပြောပြိုင်ပွဲများပြုလုပ်ခဲ့သည့်အပြင် ညပိုင်းတွင် ဒုံးအဖွဲ့ ၁၃ ဖွဲ့က ယှဉ်ပြိုင်ကပြခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကြရာတွင် ဧပြီလ ၈ ရက်‌နေ့ည စာ‌ပေ ယဉ်‌ကျေးမှု ဆုများ ‌ပေးအပ်ရာ ယဉ်‌ကျေးမှုဒုံး အက၌ ပထမဆုကို ဆင်‌ပြေး ‌ကျောင်းသားယဉ်‌ကျေးမှုဒုံးအဖွဲ့၊ ဒုတိယဆုကို ဖားပြဒုံးအဖွဲ့နှင့် တတိယဆုကို တ‌ခေါင်း (တု်ခါန်.) ဒုံးအဖွဲ့တို့မှ အသီးသီးရရှိခဲ့ကြ‌ကြောင်း သိရသည်။

ဖားပြ‌ကျေးရွာယဉ်‌ကျေးမှုဒုံးအဖွဲ့မှ ဒုံးအကနှင့် ‌တေးသီချင်းဆု‌တောင်း လာ‌ရောက်ယှဉ်ပြိုင်သည့် ပထမနှစ်‌ကျောင်းသူ နန်းဇူးဇူးဇင်က “ကိုယ့်ရဲ့ အမျိုးသား စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌တွေကို ထိန်းသိမ်း ‌ဖော်ထုတ် မြှင့်တင်လိုတဲ့ရည်ရွယ်ချက်နဲ့ ခုလို လာ‌ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ် ” ဟု ‌ပြောသည်။

က‌ညော-ဖလုံ စာ‌ပေယဉ်‌ကျေးမှု စု‌ပေါင်းသင်တန်းဆင်းပွဲကို ဝင်း‌ရော်‌ဒေသတွင် ၂၀၁၃ ခုနှစ်မှ စတင် ကာ နှစ်စဉ်ကျင်းပခဲ့ရာ ပထမဆုံးအကြိမ်ကို တညင်ရွာ၌ လည်း‌ကောင်း၊ ၂ ကြိမ်‌မြောက်ကို လွတ်ရှမ်း ရွာ၊ ၃ နှင့် ၄ ကြိမ်ကို ဖားပြရွာ၊ ၅ ကြိမ်အဖြစ် တညင်ရွာနှင့် ၆ ကြိမ်‌မြောက်ကို ဆင်‌ပြေး၌ အသီးသီး ကျင်း ပခဲ့ပြီးဖြစ်သည်။