Home သတင်း မြန်မာ-ထိုင်း အမှတ်(၂)တံတားလမ်းနယ်မလွတ်‌သော ‌နေအိမ်များကို စက်ယန္တရားများဖြင့် ဖယ်ရှား

မြန်မာ-ထိုင်း အမှတ်(၂)တံတားလမ်းနယ်မလွတ်‌သော ‌နေအိမ်များကို စက်ယန္တရားများဖြင့် ဖယ်ရှား

2796

ဧပြီ ၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်( အလွတ်သတင်း‌ထောက်)

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ‌ရေပူရွာရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ် သန်း‌ဖောက်လုပ်ထား‌သော မြဝတီ-မဲ‌ဆောက် အမှတ်(၂) ချစ်ကြည်‌ရေးတံတားလမ်းတွင် လမ်းနယ်နှင့် မလွတ်၍ဟု ဆိုကာ လူ‌နေအိမ်များနှင့် ခြံစည်းရိုးများကို ယ‌နေ့ (ဧပြီလ ၄ ရက်) နံနက်ပိုင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များက စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

လမ်းနယ်နှင့် မလွတ်သည့် လူ‌နေအိမ် (၃) လုံးအပြင် ယခင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်‌နေ့က ဖယ်ရှားရှင်း လင်းခဲ့‌သော လူ‌နေအိမ်(၅)လုံး‌နေရာမှ တည်‌ဆောက်ထားသည့် ခြံစည်းရိုးများနှင့် ‌မြေစိုက်တဲများကို မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုနှင့် ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့မှ အင်အား(၅၀)ဦးခန့်က သွား‌ရောက် ဖယ်ရှားရှင်းလင်း လိုက်ခြင်းဖြစ်သည်။

“ဒီတံ တားလမ်းဟာ အာရှလမ်းမကြီးဖြစ်ခြင်း‌ကြောင့် လမ်းအူ‌ကြောင်းမှ တစ်ဖက်စီကို ၁၂၅ ‌ပေ အကျယ်အဝန်း ရှိရမယ်လို့ သတ်မှတ်ချက်ရှိတဲ့အတွက် လမ်းနယ်ထဲမှာ ပါဝင်တဲ့ ‌နေအိမ်(၃)လုံးကို ဖယ်ရှားရှင်းလင်းရတာပါ။”ဟု လူ‌နေအိမ်များ ဖယ်ရှားရှင်းလင်းမှုနှင့် ပတ်သက်၍ အဖွဲ့‌ခေါင်း‌ဆောင် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌ပြော သည်။

အဆိုပါ ဖယ်ရှားရှင်းလင်းလိုက်‌သော လူ‌နေအိမ်များ ‌ဆောက်လုပ်ထားရာ ‌မြေ‌နေရာသည် ယခင် ၂၀၀၅ခုနှစ်ခန့်က လူကုန်ကူးမှုဖြင့် အ‌ရေးယူခြင်းခံရသူ ဦးစိန်ဝင်း၏ ကြက်ဆူစိုက်ခင်း ၂၅ ဧကကို သိမ်းဆည်းထားပြီး အစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် ‌မြေ‌နေရာဖြစ်သလို ၎င်းအိမ်များကို မဖျက်ခင်တွင်လည်း လမ်းဦးစီးဌာနမှ ၃ကြိမ်တိုင်တိုင် အသိ‌ပေးစာ ‌ပေးပို့ထားပြီဖြစ်‌ကြောင်းလည်း မြို့နယ်အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

‌နေအိမ်ဖျက်ခံရသည့် ပြည်သူတစ်ဦးဖြစ်သူ နန်းဝင်း‌မော်က “ကျမတို့က ကျူး‌ကျော်‌နေထိုင်သူ‌တွေ မဟုတ်ပါဘူး။ လွန် ခဲ့တဲ့ (၉)နှစ်ခန့် ဦးစိန်ဝင်းဆီမှ ‌ပေ ၈၀´×၆၀´တစ်ကွက်ကို (၃၅)သိန်းကျပ်‌ပေးပြီး ကျမတို့ ထိုင်းနိုင်ငံမှာ အလုပ် လုပ်လို့ရတဲ့ ‌ချွေးနဲစာနဲ့ ဝယ်ထားရတာပါ။ အခုလို အစိုးရက‌နေပြီး နစ်နာ‌ကြေးတစုံတရာမ‌ပေးဘဲ ‌နေအိမ်‌တွေကို ဖယ်ရှားရှင်းလင်းတဲ့အ‌ပေါ်မှာ ‌ကျေနပ်မှုမရှိဘူး”ဟု ‌ပြောသည်။

အမှတ် ၂ ချစ်ကြည်‌ရေး တံတားစီမံကိန်းအတွက် မလွတ်ကင်း‌သော‌မြေ‌နေရာများအတွက် ‌မြေအမျိုး အစားအ‌ပေါ်မူ တည်ပြီး ‌မြေတန်ဖိုး၊ အ‌ဆောက် အဦးနှင့်သီးနှံတန်ဖိုးနှင့် ‌ပြောင်း‌ရွှေ့စရိတ်စုစု‌ပေါင်း ကျပ်သန်း ၃,၅၂၆,၀၃၀,၇၁၄ သတ်မှတ်တွက်ချက်ထားပြီး ထိုအထဲမှ ‌လျော်‌ကြေး‌ငွေ ကျပ်သန်း ၃,၄၈၇.၅၇၆၂၅ ကို နစ်နာသူများအား ‌ပေးအပ်ခဲ့ပြီ ဖြစ်ဟု ယခင်နှစ် ဒီဇင်ဘာ ၄ ရက်(ယမန်‌နေ့)က ဖားအံမြို့ရှိ ကရင်ပြည်နယ် လမ်းဦးစီးဌာနရုံးခန်းမ‌ဆောင်၌ ပြုလုပ် သည့် စီမံကိန်း တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ ‌တွေ့ဆုံသတင်းစာ ရှင်းလင်းပွဲတွင် ပြည်နယ်အစိုးရ တာဝန်ရှိ သူများဘက်က ‌ပြောဆိုထားသည်။

မြန်မာ-ထိုင်းနယ်စပ် ‌သောင်ရင်းမြစ်ကိုဖြတ်၍ တည်‌ဆောက်ထား‌သော မြဝတီ-မဲ‌ဆောက် အမှတ်(၂) ချစ်ကြည်‌ရေး တံတားကို ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားလမ်းအရှည်မှာ ထိုင်းဘက်ခြမ်းတွင် ၁၇ ကီလိုမီတာနှင့် မြန်မာဘက်ခြမ်းတွင် ၄ ကီလိုမီတာရှိသည်။

တံတား တည်‌ဆောက်ခြင်း ၁ဝဝ ရာခိုင်နှုန်း ပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ် မတ်လ ၁၉ ရက်‌နေ့၊ နံနက်ပိုင်းက အမှတ်(၂)ချစ်ကြည်‌ရေးတံတား‌ပေါ်တွင် ကျင်းပခဲ့ရာ မြန်မာဘက်မှ နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ် ‌အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဘက်မှ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့မှ တက်‌ရောက်ဖွင့်လှစ်ခဲ့‌သော်လည်း ယခုအချိန်အထိ အဆိုပါ တံတားကို အသုံးပြုနိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရသည်။