Home သတင်း မြန်မာ-ထိုင်းနယ်စပ် ‌ရေလယ်ကျွန်းတွင် မူးယစ်‌ဆေးဝါး၊ ကာမစိတ်ကြွ‌ဆေးနှင့် လိုင်စင်မဲ့ အရက်/ဘီယာ အ‌မြောက်အများဖမ်းမိ

မြန်မာ-ထိုင်းနယ်စပ် ‌ရေလယ်ကျွန်းတွင် မူးယစ်‌ဆေးဝါး၊ ကာမစိတ်ကြွ‌ဆေးနှင့် လိုင်စင်မဲ့ အရက်/ဘီယာ အ‌မြောက်အများဖမ်းမိ

3157

ဧပြီ ၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်(အလွတ်သတင်း‌ထောက်)

မြန်မာ-ထိုင်းနယ်စပ် ‌သောင်ရင်းမြစ်‌ပေါ်တွင်ရှိ‌သော မြို့ဝတီမြို့ အမှတ် (၁)ရပ်ကွက် ‌ရေလယ်ကျွန်း‌ပေါ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်‌ဆေးဝါးများ၊ ကာမစိတ်ကြွ‌ဆေးမျိုးစုံနှင့် လိုင်စင်မဲ့ အရက်၊ ဘီယာ အ‌မြောက်အများ ဖမ်းဆီးရမိသည်ဟု မြဝတီမြို့မ ရဲ့စခန်း၏ ယမန်‌နေ့ (မတ် ၃၁ရက်) သတင်းထုတ်ပြန်ချက်အရ သိရသည်။

မကြာမီကျ‌ရောက်မည့် သကြင်္န်ပွဲ‌တော်ကာလအတွင်း ရာဇဝတ်မှုများ ကင်း‌ဝေး‌စေရန် မှုခင်းကြို တင်ကာကွယ် သည့်အ‌နေဖြင့် မြဝတီခရိုင်ရဲတပ်ဖွဲ့ဝင်များက ‌ရှောင်တခင် ဝင်‌ရောက်ရှာ‌ဖွေစဉ် အဆိုပါ မူးယစ်‌ဆေး မူးယစ်‌ဆေး ဝါးများ၊ ကာမစိတ်ကြွ‌ဆေးမျိုးစုံနှင့် လိုင်စင်မဲ့အရက်ဘီယာများကို ‌ရောင်းချသူ (၁၁)ဦးထံမှ သက်‌သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိရခြင်းဖြစ်သည်ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ‌အောင်နိုင်ထွန်းက ‌ပြောသည်။

“ကျ‌နော်တို့ မြဝတီခရိုင်ရဲတပ်ဖွဲ့အ‌နေနဲ့ သကြင်္န်ပွဲ‌တော်ကာလအတွင်း ပြည်သူများ လိုက်နာသင့်တဲ့ စည်းကမ်း ချက်‌တွေကို ထုတ်ပြန်ပြီး အများပြည်သူသိရှိ‌အောင် ခရိုင်ရဲတပ်ဖွဲ့ရုံး‌ရှေ့ ဘုရင့်‌နောင်လမ်းမကြီး‌ပေါ်တွင် အသိ ပညာ‌ပေး‌ဟော‌ပြောခြင်းများကို သကြင်္န်ကာလမ‌ရောက်ခင်အထိ ‌နေ့စဉ် မွန်းလွဲ(၃း၃၀) ‌နောက်ပိုင်းမှာ စဉ်ဆက် မပြတ်‌ဆောင်ရွက်လျက်ရှိသလို ရာဇဝတ်မှုခင်းများ မဖြစ်‌ပေါ်‌စေ‌ရေးအတွက် ကြိုတင်ကာကွယ်တဲ့အ‌နေနဲ့ ဒီလို တရားမဝင် ကာမရာဂနှိုးကြွ‌ဆေးဝါးများနှင့် မူးယစ်‌ဆေးဝါးများကိုလည်း သတင်းအရ ဖမ်းဆီးမှု‌တွေ ‌ဆောင်ရွက်လျက်ရှိပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ‌ရှောင်တခင် ဝင်‌ရောက် ဖမ်းဆီးရာတွင် ‌ရေလယ်ကျွန်း‌ပေါ်ရှိ မခင်စန်း‌အေးဆိုသူ ထံမှ ကျား/မသုံး ကာမ ရာဂနှိုးဆွ‌ဆေးမျိုးစုံနှင့် ‌သောက်‌ဆေးလိမ်း‌ဆေးအမျိုးအစား ၁ဝမျိုး၊ အဲဗား(ခ) ချမ်း‌အေးဆိုသူထံမှ ၁၁ မျိုး၊ အာ ကာ(ခ) ကုလားဆိုသူထံမှ လိင်အဂင်္ါအရာဝတ္ထု (၁၇) မျိုးတို့ကို ဖမ်းဆီးရမိခဲ့သလို ဟိန်းမင်းဦး(ခ) သိန်း‌ဇော်မိုး ဆိုသူထံမှ WY စာတမ်းပါ မူးယစ်‌ဆေးဝါး (၆၉၈) ပြားနှင့်အတူ မူးယစ်‌ဆေးဝါး‌ရောင်ချရရှိ‌ငွေ(၅၀,၀၀၀)ကျပ်အား ဖမ်းဆီးခဲ့သည်။

ထို့အပြင် ယင်းနယ်စပ် ‌ရေလယ်ကျွန်းတွင် ‌ဈေးဆိုင်များလာ‌ရောက်ဖွင့်လှစ်ထားသူ ၇ ဦးထံမှလိုင်စင်မဲ့ အရက်ဘီယာမျိုးစုံ (ကာလတန်ဘိုး ၁,၆၉၉,၀၀ဝကျပ်ခန့်)ကိုလည်း သိမ်းဆည်းရမိသည်ဟု မြဝတီမြို့မရဲစခန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖမ်းဆီးရမိသည့် ကျား/မ ကာမရာဂနှိုးဆွ‌ဆေးမျိုးစုံနှင့် ‌သောက်‌ဆေး၊ လိမ်း‌ဆေး ‌ရောင်းချသူများကို မြဝတီမြို့မ ရဲစခန်းမှ (ပ)၃၉၉/၂၀၁၉ အမျိုးသား‌ဆေးဝါးဥပ‌ဒေ ပုဒ်မ (၁၈)ဖြင့်လည်း‌ကောင်း ၊ WY စာတမ်းပါ မူးယစ်‌ဆေးဝါး ‌ရောင်းချသူကို မယ(ပ)၄၀/၂၀၁၉ မူးယစ်‌ဆေးဝါး ဥပ‌ဒေပုဒ်မ ၁၉(က)/၂၀(က)ဖြင့် လည်း ‌ကောင်း၊ လိုင်စင်မဲ့ အရက်ဘီယာမျိုးစုံ‌ရောင်းချသူများကို ယစ်မျိုးအက်ဥပ‌ဒေ ပုဒ်မ၃၀(က)ဖြင့် အသီးသီးအမှုဖွင့် အ‌ရေးယူထား‌ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်ခြားမြစ်ဖြစ်‌သော ‌သောင်ရင်းမြစ်‌ပေါ်ရှိ ‌ရေလယ်ကျွန်းသည် ၁၉၉၇ ခုနှစ် ‌နောက်ပိုင်း တွင် စတင်‌ပေါ်‌ပေါက်ခဲ့ပြီး မြဝတီမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်မှု‌အောက်တွင်ရှိသည်ဟု မြန်မာနိုင်ငံဘက်က သတ်မှတ်ထား‌သော်လည်း လက်ရှိအချိန်ထိ နှစ်နိုင်ငံ အငြင်းပွားမှုရှိသည့် ‌နေရာတစ်‌နေရာဖြစ်သည်။

အဆိုပါ ကျွန်း‌ပေါ်တွင် မူးယစ်‌ဆေးဝါးများနှင့် တရားမဝင် ကာမရာဂစိတ်ကြွ‌ဆေးဝါးများ ‌ရောင်းချ‌နေမှုများအပြင် ဒုစရိုက်သမားများ၏ ခို‌အောင်းရာ‌နေရာအဖြစ် နာမည်ဆိုးဖြင့် ‌ကျော်ကြားလျက်ရှိ‌ကြောင်း ‌ဒေသခံပြည်သူများက သုံးသပ်‌ပြောဆိုကြသည်။