Home သတင်း အငြင်းပွားဖွယ်ရာ ‌ရွှေမြစန္ဒီအိမ်ရာကိစ္စ ပြည်သူ ၃ဝဝဝခန့် ဆန္ဒထုတ်‌ဖော်မှု ပြုလုပ်

အငြင်းပွားဖွယ်ရာ ‌ရွှေမြစန္ဒီအိမ်ရာကိစ္စ ပြည်သူ ၃ဝဝဝခန့် ဆန္ဒထုတ်‌ဖော်မှု ပြုလုပ်

2472

ဧပြီ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ် မဲကနယ်‌ကျေးရွာ ကုန်သွယ်‌ရေးဇုန်အ‌နောက်ဘက်ရှိ အငြင်းပွားဖွယ်ရာရှိသည့် ‌ရွှေမြစန္ဒီအိမ်ရာများကို ဖယ်ရှားရှင်းလင်းမှုနှင့်ပတ်သက်ပြီး ယ‌နေ့(ဧပြီ ၂၂ရက်)နံနက်ပိုင်းတွင် ထိုအိမ်ရာတွင်း ‌နေထိုင်ကြ‌သော ပြည်သူ ၃,ဝဝဝ(သုံး‌ထောင်)ခန့်က မြဝတီမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်မှု တစ်ရပ်ပြုလုပ် ခဲ့ကြသည်။

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သစ်‌တောဌာန ပိုင်‌မြေ (၈၈)ဧကမှ လူ‌နေအိမ်များကို ဖယ်ရှားရှင်းလင်းရန် ယခု လ ဧပြီ ၄ ရက်‌နေ့က အသိ‌ပေးစာ‌ပေးပို့ခဲ့ခြင်းအ‌ပေါ် ‌ကျေနပ်မှုမရှိခြင်း‌ကြောင့် ‌ရွှေမြစန္ဒီ အိမ်ရာ‌နေ ပြည်သူများက ဓိဌာန်‌အောင်ဘုရားကုန်းအနီး စု‌ဝေး၍ မြို့တွင်းဘုရင့်‌နောင် လမ်းမကြီးတစ်‌လျှောက်ချီတက်ကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်။

‌ရွှေမြစန္ဒီအိမ်ရာ ခတ္တာလမ်း‌နေ ကိုမြင့်ခိုင်က “ပြီးခဲ့တဲ့ ၂၀၁၉ ‌ဖေ‌ဖော်ဝါရီလ ၂၂ရက်‌နေ့ကစတင်ပြီး ခြံကွက်အ လွတ်‌တွေနဲ့ လူမ‌နေ‌သော ‌ဆောက်လက်စအိမ်‌တွေကို ဘူဒိုဇာ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းကြပါတယ်။ အဲ့ဒီအချိန်တုန်းက‌တော့ DKBAအဖွဲ့က ‌ရွှေမြစန္ဒီမှာ တာဝန်‌ပေးထားတဲ့ ဗိုလ်ဝင်းမြင့်ဦးက လူမ‌နေတဲ့ အိမ်‌တွေကိုပဲ ဖျက်တာပါ။ လူ‌နေရင် မဖျက်‌ကြောင်း ‌ပြောကြားခဲ့‌ပေမယ့် အခု‌တော့ သစ်‌တောဦးစီးဌာနမှ လူ‌နေအိမ်များကို (၁၄)ရက်အတွင်း ဖယ်ရှားရှင်းလင်း‌ပေးဖို့ နို့တစ်စာ(အသိ‌ပေးစာ)ကပ်‌နေပါပြီး။ အဲ့ဒီအ‌ပေါ်မှာ ‌ကျေနပ်မှုမရှိခြင်း ‌ကြောင့် အခုလို ဆန္ဒ‌ဖော်ထုတ်ပွဲမှာ ပါဝင်ရခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

လက်ရှိ အိမ်ရာအတွင်း‌နေထိုင်သူများသည် နိုင်ငံ‌တော်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် -NCAကို ထိုးထား‌သော DKBA (ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်) အဖွဲ့မှ ဗိုလ်ညီညီ ၏ ‌ရွှေမြစန္ဒီအိမ်ရာ စီမံကိန်း ‌ခေါင်းစဉ်ဖြင့် ဝယ်ယူပြီး တည်‌ဆောက်ထား‌သော‌ကြောင့် ကျူး‌ကျော်‌နေထိုင်သူများမ ဟုတ်သလို ဝယ်ယူပြီး အိမ်စတင်‌ဆောက်လုပ်စဉ်တွင်လည်း မည်သည့် ဌာနဆိုင်ရာမှ လာ‌ရောက်တားမြစ်ခြင်းမရှိ‌ကြောင်းလည်း ကိုမြင့်ခိုင်က ဆက်‌ပြောသည်။

ယ‌နေ့နံနက် ပြုလုပ်သည့် ၎င်း ဆန္ဒထုတ်‌ဖော်ပွဲတွင် ‌ရွှေမြစန္ဒီပြည်သူများ ‌အေးချမ်းစွာ‌နေထိုင်နိုင်‌ရေး၊ ‌ရွှေမြစန္ဒီအိမ်ရာ ဖျက်သိမ်း‌ရေးအလိုမရှိ၊ ‌ရွှေမြစန္ဒီပြည်သူများမှ ဝင်းမြင့်ဦးနှင့် အ‌ပေါင်းပါများ အလိုမရှိ ၊ မတရား ဖျက်သိမ်းခံရသည့် အိမ်‌မြေများ ပြန်လည်ရရှိ‌ရေးနှင့် ‌ရွှေမြစနီ္ဒအိမ်ရာ ပြန်လည်ရရှိ‌ရေး တာဝန်ရှိသူများမှအပ တရားမျှတစွာ ‌ဖော်‌ဆောင် ‌ပေး‌ရေး အပါအဝင် ‌ကြွေး‌ကြော်သံ(၅)ရပ်ဖြင့် ပိုစတာများကိုင်‌ဆောင်ကာ လမ်း‌လျှောက် ဆန္ဒထုတ်‌ဖော်ခဲ့ကြ သည်။

‌ရွှေမြစန္ဒီအိမ်ရာစီမံကိန်း‌ခေါင်းစဉ်ဖြင့် ၂၀၁၆ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ DKBA အဖွဲ့မှ ဗိုလ်ညီညီဆိုသူက ခြံကွက်‌ဖော်ကာ ‌ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုသို့‌ဆောင်ရွက်မှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တရားဝင် ခွင့်ပြုထားခြင်းမရှိ‌သော‌ကြောင့် ၂ဝ၁၇ ခုနှစ်တုန်းက ပြည်နယ် လယ်ဆယ်ဝန်ကြီး ဦး‌စောမြင့်နှင့် မြဝတီ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုတို့မှ သွား‌ရောက် တားမြစ်မှုများ လုပ်‌ဆောင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ၂ဝ၁၇ခုနှစ်၊ ဧပြီလ ၁၁ရက်‌နေ့တွင်လည်း ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ကိုယ်တိုင် ‌ရွှေမြစန္ဒီအိမ်ရာ စီမံကိန်း‌နေရာသို့လာ‌ရောက်၍ လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ‌ဒေသခံပြည်သူလူထုနှင့်‌တွေ့ဆုံကာ ယင်းအိမ်ရာ ‌ဖော်‌ဆောင်‌နေမှုအ‌ပေါ် သတိ‌ပေး‌ပြောဆိုမှုများ ပြုလုပ်ခဲ့‌သေးသည်။

“ဒီကိစ္စကို ကျမတို့် အစိုးရအဖွဲ့က တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။ အဲ့ဒါ‌ကြောင့် ‌နေထိုင်ကြတဲ့ ပြည်သူ‌တွေကို ‌ပြောချင်တာက နည်းနည်းရင်းရင် နည်းနည်းရှုံးမယ်၊ များများရင်းရင် များများရှုံးမယ်။ ”ဟု ‌တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောကြားခဲ့သည်။

‌ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအ‌ကြောင်းပြချက်ဖြင့် ‌ဒေသခံရွာသားများ၏ လယ်ယာ‌မြေများကို အကွက်ချ‌ရောင်းချ ခြင်းအ‌ပေါ် ‌ဖြေရှင်း‌ပေးရန် ‌တောင်းဆိုမှုအရ ပြည်နယ်အစိုးရ ဦး‌ဆောင်၍ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ KNU/KNLA –PC (ငြိမ်းချမ်း‌ရေး‌ကောင်စီ) နှင့် နယ်ခြား‌စောင့်တပ် (BGF)တို့က အိမ်ရာကွက်‌ပေါင်း (၃,၂၀၉)ကွက်မှ လူမ‌နေ‌သော ‌ဆောက်လုပ်ဆဲခြံကွက်များနှင့် ‌မြေကွက်လွတ်(၈၀၀) ခန့်အား ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂၂ရက်‌နေ့တွင် ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် လူ‌နေအိမ်(၁,၀၀၇)လုံးကျန်ရှိရာ ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စစ်တမ်းများ‌ကောက်ယူပြီး ဖယ်ရှားရှင်းလင်း‌ရေးနှင့်အတူ အမှန်တကယ် မရှိနွမ်းပါးသူတို့အား (‌ပေ၂၀´×၆၀´) ‌နေရာချထား‌ပေး‌ရေး အစီအစဉ်များ ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသတာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ အစိုးရ၏ အိမ်ရာစီမံကိန်းဟု အ‌ကြောင်းပြချက်ဖြင့် ယခင်မဲကနယ်ရွာ‌ဟောင်း ‌မြေဖြစ်သည့် ‌မြေဧက‌ပေါင်း ၃၁၇ ဒသမ ၇၁ ဧကခန့် သိမ်းဆည်းခံခဲ့ရပြီး‌နောက် ‌မြေကွက်တစ်ကွက်အား ကျပ်‌ငွေ ၁ဝဝ,ဝဝဝ (တစ်သိန်း)မှ ၅၅ဝ,ဝဝဝ (ငါးသိန်းခွဲ)‌ဈေးနှုန်းဖြင့် အကွက်ချ‌ရောင်းချခဲ့ခြင်းဖြစ်သည်။ ‌ဒေသခံများ ‌ကောက်ခံထားသည့် စာရင်းများအရ ‌မြေယာသိမ်းဆည်းခံရသူ ‌ဒေသခံရွာသား ၁၇ ဦးရှိသည်ဟု ‌ဒေသခံများ ဘက်က ဆိုသည်။

အဆိုပါ ‌မြေကွက်များကို အကွက်ချ‌ရောင်းချခဲ့သည့်အ‌ပေါ် ယခင်နှစ် ၂၀၁၈ခုနှစ်၊ ဇွန်လက ၎င်းတို့၏ ရွာ‌မြေပြန်လည်ရရှိလို‌ကြောင်း ‌ဒေသခံ ရွာသား ၅၀ဝဦးခန့်က ဆန္ဒထုတ်‌ဖော်မှု ပြုလုပ်ခဲ့ကြ‌သေးသည်။