Home သတင်း အာရှလမ်းမအတွက် ထိခိုက်နစ်နာသူများအား ‌လျော်‌ကြေး‌ပေးရာတွင် ‌ဈေးနှုန်းညှိနှှိုင်းမှုမရှိဟု ‌ဒေသခံ‌ပြော

အာရှလမ်းမအတွက် ထိခိုက်နစ်နာသူများအား ‌လျော်‌ကြေး‌ပေးရာတွင် ‌ဈေးနှုန်းညှိနှှိုင်းမှုမရှိဟု ‌ဒေသခံ‌ပြော

2342

ဧပြီလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

အိန္ဒု-‌ကော့ကရိတ် အာရှလမ်းမစီမံကိန်း ‌ဖောက်လုပ်ရာတွင် လမ်း‌ဘေးနားရှိ ထိခိုက်နစ်နာသည့် ‌ဒေသခံများအတွက် ‌လျော်‌ကြေး‌ပေးရာတွင် ညှိနှှိုင်းမှုမရှိဘဲ သတ်မှတ်ထားသည့် ‌လျော်‌ကြေး‌ဈေးနှုန်းသာ ‌ပေးခဲ့သည်ဟု ထိခိုက်နစ်နာသည့် ခြံရှင်များက ‌ပြောသည်။

အဆိုပါ ထိခိုက်နစ်နာသူများအား ‌လျော်‌ကြေးများ‌ပေးရာတွင် ‌ပေး‌ချေမည့် ‌ဈေးနှုန်းနှင့်ပတ်သက်၍ ညှိနှှိုင်းမှုမ ရှိ‌သော‌ကြောင့် လယ်၊ ခြံ၊ ‌မြေ ထိခိုက်သူများအ‌နေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်‌ပေါ်သည်ဟု ‌ပြောဆိုမှုများ ထွက်‌ပေါ်လာခြင်းလည်း ဖြစ်သည်။

“ကျ‌နော်တို့ လယ်က အခုကာလ‌ပေါက်‌ဈေးနဲ့‌ရောင်းရင် သူတို့‌ပေးတဲ့‌ဈေးထက် နှစ်ဆ‌ကျော်မယ်။ အခုသူတို့ ‌ပေး တဲ့‌လျော်‌ကြေးက နည်းနည်းပဲ။ ‌နောက်တစ်ခုက ‌လျော်‌ကြေးဘယ်‌လောက်‌ပေးမလဲဆိုတာ ကျ‌နော်တို့ကို တစ်ချက်မှ မ‌ပြောဘူး။ မညှိနှှိုင်းဘူး။ ပိုက်ဆံ‌ပေးအပ်တဲ့အချိန်မှ ကျ‌နော်တို့ ဘယ်‌လောက်ရလဲဆိုတာ သိရတယ်။” ဟု ထိခိုက်နစ်နာသူ သည့် လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ‌စော‌အောင်‌အေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌ပေးအပ်သည့် ‌လျော်‌ကြေး‌ငွေများကို ဧပြီလ ၂၃ရက်‌နေ့က ဖားအံမြို့ ‌ဆောက်လုပ်‌ရေးဝန်ကြီး ဌာနရုံးတွင် China Road Bride Co., Ltd -CRBC ကုမ္ပဏီမှ ‌ငွေကြိုစိုက်ထုတ်ပြီး လမ်း‌ကြောင့် ထိခိုက်နစ်နာသူ လယ်သမား ၄ ဦးကို ‌လျော်‌ကြေး‌ပေးအပ်ခြင်းလည်း ဖြစ်သည်။

လယ်ယာ‌မြေထိခိုက်နစ်နာသူများ ‌လျော်‌ကြေးရရှိ‌ရေးအတွက် ကွင်းဆင်း ညှိနှှိုင်း‌ဆောင်ရွက်‌ပေးရသည့် Contract Supervision Consultants (CSC) မှ National Resettlement /Social Development Specialist ဖြိုးမြင့်ဦးက ယခုလို‌ပြောသည်။

“‌လျော်‌ကြေးမ‌ပေးခင် ကျ‌နော်တို့က လယ်သမားအ‌ရှေ့မှာပဲ ကျ‌နော်တို့က သက်ဆိုင်တာ တာဝန်ရှိတဲ့ ‌ဆောက်လုပ်‌ရေး၊ ‌ကျေးလက်၊ CRBC ကုမ္ပဏီ၊ အရပ်ဖက်အဖွဲ့ စတဲ့ အဖွဲ့စုံ‌တွေနဲ့အတူသွားပြီး တိုင်းတာတယ်။ တိုင်းတာပြီးရင် ‌ပေး‌လျော်မှုက ADB ရဲ့ Plan (အစီအစဉ်) ‌ပေါ်လစီအတိုင်း ကျ‌နော်တို့ တွက်ချက်ပြီး‌ပေးရတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ADBရဲ့ ‌ပေါ်လစီအရ ကျ‌နော်တို့က အလုပ်လုပ်ပါတယ်” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့‌ပေးအပ်ရာတွင် အစိုးရဘတ်ဂျက်မကျခင်ကာလ သတ်မှတ်ထားသည့်‌နေရာအထိ အလုပ်ပြီး ‌မြောက်ရန်အတွက် လယ်‌မြေမလွှတ်သူ ၄ ဦးကို CRBC ကုမ္ပဏီက ကြိုတင် ‌ငွေအ‌နေဖြင့် စိုက်ထုတ်‌ပေး ထားခြင်းဖြစ်ပြီး စုုစု‌ပေါင်း ကျပ်သိန်း ၁၃ဝ(တစ်ရာ့သုံးဆယ်)‌ကျော် ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအာရှလမ်းမစီမံကိန်းအတွက် ထိခိုက်နစ်နစ်သူများကို ‌လျော်‌ကြေး‌ပေးရာတွင် နစ်နာမှုများမရှိ‌စေရန် အတွက် လမ်း‌ကြောင်းတစ်‌လျှောက်ရှိ ‌ကျေးရွာများမှ ‌ဒေသခံများနှင့်အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် ၂၄ ရွာ‌ကော်မတီကိုဖွဲ့စည်းကာ ကြိုးပမ်းလုပ်‌ဆောင်မှုများလည်းရှိခဲ့သည်။

လမ်း‌ကြောင့် ထိခိုက်နစ်နာသည့် လူထုများအတွက် ‌လျော်‌ကြေး‌ပေးရာတွင် တာဝန်ရှိသူများဘက်မှ ညှိနှှိုင်းမှုအား နည်း‌နေသည်ကို ‌တွေ့ရှိ‌နေရဆဲဖြစ်သည်ဟု ၂၄ ရွာ‌ကော်မတီ ညှိနှှိုင်း‌ရေးမှူးဖြစ်သူ သွီးအရပ်ဖက်လူမှုအဖွဲ့ဒါရိုက်တာ မန်းသိဏ်း‌ဇော်က ‌ထောက်ပြ‌ပြောဆိုသည်။

၎င်းက “ ကျ‌နော်တို့က ကြားလူအ‌နေ နဲ့‌ပြောရမယ်ဆိုရင်‌တော့ လက်ရှိ ADBရဲ့ စံချိန်စံညွှန်းအတိုင်း ‌လျော်‌ကြေး နစ်နာ‌ကြေး‌ပေးတာက‌တော့ လူထု‌တွေအတွက် အဆင်‌ပြေတယ်လို့ ကျ‌နော်တို့က ယူဆတယ်။ သု့ိ‌သော် ‌လျော်‌ကြေး နစ်နာ‌ကြေးသတ်မှတ်တဲ့‌နေရာမှာ LARC (Land Acquisition and Resettlement Committee)‌ကော်မတီရဲ့ သက်ဆိုင်ရာ အာဏာရှိ ပုဂ္ဂိုလ်‌တွေကသာ ‌လျော်‌ကြေး နစ်နာ‌ကြေးကို တွက်ချက်ပြီး‌တော့ ဆုံးဖြတ်တယ်။ လက်ရှိ လယ်ယာ‌မြေပိုင်ရှင်ရဲ့ သ‌ဘောထား အတူတကွ ပါဝင်ဆုံးဖြတ်မှု မပါတဲ့အတွက် ‌ဒေသခံ‌တွေက စိတ်‌ကျေနပ်မှု မရှိဘူး။ ကျ‌နော် တို့ ၂၄ရွာ ‌ကော်မတီအ‌နေနဲ့ ဒီအချက်‌တွေကို ပြင်ဆင်‌ပေးဖို့ ‌တောင်းဆို‌ပေမယ့်လည်း လိုက်‌လျော‌ပေးတာတို့မရှိဘူး” ဟု ‌ပြောသည်။

မဟာမဲ‌ခေါင် ‌ဒေသခွဲ အ‌ရှေ့အ‌နောက်စီးပွား‌ရေး စကြင်္န်လမ်း အစိတ်အပိုင်းတစ်ခုဖြစ်သည့် အိန္ဒု-‌ကော့ကရိတ်လမ်းအဆင့် မြင့်တင်‌ရေးစီမံကိန်းနှင့်ပတ်သက်၍ နစ်နာသူများကို အာရှဖွံ့ဖြိုး‌ရေးဘဏ် -ADB ‌ချေး‌ငွေဖြင့် ၂ဝ၁၇ ခုနှစ် ‌အောက်တိုဘာ လတွင် တစ်ကြိမ်၊ ၂၀၁၈ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် တစ်ကြိမ် စုစု‌ပေါင်း ကျပ်‌ငွေ ၁,၇၉၁ သန်း ‌လျော်‌ကြေး‌ပေးအပ်ခဲ့သည်ဟု သိရသည်။