Home လူထုအသံ ပေးစာကဏ္ဍ ‌ပေးစာကဏ္ဍ

‌ပေးစာကဏ္ဍ

3027

သို့

ကရင်သတင်းစဉ်

ယ‌နေ့‌ဖော်ပြချင်‌သော အ‌ကြောင်းအရာမှာ လက်ရှိ ငြိမ်းချမ်း‌ရေးမြို့‌တော်ဟု ပုံ‌ဖော်‌ခေါ်‌ဆောင်‌နေ‌သော ‌လေး‌ကေ‌ကော် မြို့‌လေးသည် Nippon Foundation မှ ‌ထောက်ပံ့အိမ်ရာများ ‌ဆောက်လုပ်‌ပေးခြင်းဖြစ်ပါသည်။ ထို့‌ကြောင့် Nippon Foundation အား အလွန်မှပင် ‌လေးစားရပါသည်။ ‌ကျေးဇူးတင်ထိုက်ပါသည်။

သို့‌သော် ယ‌နေ့ စာပို့လိုက်ရခြင်းမှာ Nippon Foundation မှ IDP များအား ကူညီရန်‌ဆောက်လုပ်ထား‌သော အိမ်ရာများကို ရပ်ကွက်လူကြီးများက မိမိတို့အကျိုးစီးပွားအတွက် သိန်း ၂ဝ မှ သိန်း ၁ဝဝ အထိ‌ဈေး‌ခေါ်ကာ လျှို့ဝှက်‌ရောင်းချခြင်းများ ပြုလုပ်‌နေကြပါသည်။ ထို့‌ကြောင့် KNU နာယက လူကြီးများနာမည်ဖြင့် မတည်ထား‌သော ‌လေး‌ကေ‌ကော်မြို့‌လေးအား နာယက နာမည်များ မထိခိုက်‌စေလိုပါ။ ထို့‌ကြောင့် ‌ခြေမ မ‌ကောင်း ‌ခြေမ၊ လက်မ မ‌ကောင်း လက်မ ဆိုသည့်အတိုင်း မ‌ကောင်း‌သောသူ များကို ဥပ‌ဒေအရ အ‌ရေးယူ‌ဖော်ထုတ်‌ပေးပါရန် သတင်း‌ပေးပို့လိုက်ရပါသည်။

လက်ရှိ‌ရောင်းစား‌နေသူများအား အ‌လေးအနက်ထား ‌ကော်သူး‌လေ ဥပ‌ဒေအတိုင်း ‌ဖော်ထုတ်အ‌ရေးယူ‌ပေးပါ။ ဆက်လက်ပြီး အဂတိလိုက်စားမှုများအား ဥပက္ခာပြုထားပါက နာယကကြီးများ အမည်ခံတည်လုပ်ထား‌သော ‌လေး‌ကေ‌ကော်မြို့‌လေးသည် မ‌ကောင်း‌သော နာမည်ဖြင့် ဆက်လက် ကြီးစိုးသွားမည် ဖြစ်သလို ‌ကော်သူး‌လေဥပ‌ဒေသည်လည်း ထိ‌ရောက်မူမရှိ အဖြစ်သက်သက်သာဖြစ်သည်ဟု အထင်ခံရနိုင်ပါသည်။ ထို့အတွက် ကရင်သတင်းစဉ်မှတဆင့် ‌ဖော်ပြ‌ပေးပါရန် တာဝန်သိ ပြည်သူတစ်‌ယောက်‌နေဖြင့် အကူအညီ‌တောင်းခံအပ်ပါသည်။