Home သတင်း ဖာပွန်‌ဒေသရှိ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်အတွက် အုပ်ချုပ်‌ရေး‌ကော်မတီဖွဲ့စည်း

ဖာပွန်‌ဒေသရှိ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်အတွက် အုပ်ချုပ်‌ရေး‌ကော်မတီဖွဲ့စည်း

2080

ဧပြီ ၈ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မူ‌တြော်(ဖာပွန်)ခရိုင်ရှိ ဧက‌ပေါင်း တစ်သန်း‌ကျော် အကျယ်အဝန်းရှိ‌သော သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ကို စီမံအုပ်ချုပ်သွားရန်အတွက် ‌ဒေသခံ ဌာ‌နေတိုင်းရင်းသား၊ နယ်‌မြေခံ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်လူမှုအဖွဲ့ အစည်းတို့ ပါဝင်သည့် ၁၁ဦးပါ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် အုပ်ချုပ်‌ရေး‌ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဟု သိရသည်။

မူ‌တြော်ခရိုင်၊ လူ‌သောမြို့နယ်၊ ‌ဒေ့ပူနိုရွာ၌ ဧပြီလ ၃ရက်မှ ၅ရက်‌နေ့အထိ ကျင်းပသည့် ပထမဆုံးအကြိမ် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် အ‌ထွေ‌ထွေညီလာခံတွင် ဥယျာဉ်အတွင်းရှိ ‌ကျေးရွာအုပ်စု ၂၆စု၊ မူ‌တြော်ခရိုင် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင် လူမှုအဖွဲ့အစည်း အစုအဖွဲ့ ၃စုကို ကိုယ်စားပြု‌သော သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်၏ အ‌ထွေ‌ထွေညီလာခံတွင် အဖွဲ့ဝင် ၁ဝ၆ဦးတို့ က မဲ‌ပေး‌ရွေးချယ်စနစ်ဖြင့် ၎င်းဥယျာဉ်အုပ်ချုပ်‌ရေး‌ကော်မတီကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်ဟု ညီလာခံအပြီး ထုတ် ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ‌ကော်မတိဥက္ကဌအဖြစ် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(KESAN) တာဝန်ခံ ‌စော‌ပေါလ် စိန်ထွား၊ ဒုဥက္ကဌအဖြစ် ‌ကေအဲန်ယူ မူ‌တြော်ခရိုင် ‌ကော်မတီဝင် ပဒို‌စောဒီး‌ဂေဂျူနီယာ၊ အတွင်း‌ရေးမှူးအဖြစ် ‌စောကလိုထူး၊ တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘူးမူ‌ဖော၊ ‌ကော်မတီအဖွဲ့ဝင်များအဖြစ် ‌စော‌ဒေးထူး၊ ‌နော်ပယ်ဝါး၊ ‌စောထဲဒယ်၊ ‌နော်က‌ညော‌ဖော၊ ‌စော‌သောကလယ်၊ ‌နော်ဖလွယ်ဆယ်နှင့် ‌စော‌ရေးဒါမူးတို့ကို ‌ရွေးချယ်တင်‌မြှောက်လိုက်သည်ဟု ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် အ‌ထွေ‌ထွေညီလာခံတွင် တာဝန်ထမ်း‌ဆောင်မည့် ကိုယ်စားလှယ် ၁ဝ၆ဦးအတွက် လမ်းညွှန်ချက်နှင့် စည်းမျဉ်းစည်း ကမ်းများကိုလည်း ချမှတ်ခဲ့သလို ငြိမ်းချမ်း‌ရေးဥယျာဉ်အတွက် အနာဂတ်အစီအစဉ်များဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပဋိပက္ခ ‌ဖြေရှင်း‌ရေးနှင့် ပြန်လည်‌ပေါင်းစည်းညီညွတ်‌ရေး၊ သဘာဝအရင်းအမြစ် ‌ရေရှည်တည်တံ့ ‌စေသည့် စီမံခန့်ခွဲ‌ရေး၊ အ‌ခြေခံအ ‌ဆောက်အဦးနှင့် စီးပွား‌ရေးဖွံ့ဖြိုးတိုးတက်‌ရေး၊ ‌မြေယာအုပ်ချုပ်‌ရေးနှင့် စီမံခန့်ခွဲ‌ရေး၊ ပြင်ပဆက်ဆံ‌ရေး၊ ရိုးရာယဉ်‌ကျေးမှု ထိန်းသိမ်း‌ရေးနှင့် ရှင်သန်‌ရေး၊ ရန်ပုံ‌ငွေတိုးမြှင့်‌ရေး၊ အရည်အ‌သွေးမြှင့်တင်‌ရေးနှင့် ဘဏ္ဍာ‌ငွေစီမံခန့်ခွဲ‌ရေး စသည့်ကဏ္ဍ ၉ခု ကို တာဝန်ယူ အ‌ကောင်အထည်‌ဖော်‌ဆောင်သွားမည့် လုပ်ငန်းဖြစ်‌မြောက်‌ရေးအဖွဲ့ ၉ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

သုံးရက်တာ ပြုလုုပ်ခဲ့သည့် ဥယျာဉ် အ‌ထွေ‌ထွေညီလာခံတွင် လာမည့်သုံးနှစ်အတွင်း သစ်ပင်စိုက်ပျိုးခြင်းဖြင့် သစ်‌တော ပြန်လည် ထူ‌ထောင်ခြင်းလုပ်ငန်းများ၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲ‌ရေးလုပ်ငန်းနှင့် ‌တောမီးကန့်သတ်ထိန်းချုပ်ခြင်း လုပ် ငန်းများကို ရပ်ရွာလူထုများ၏ ပါဝင်မှုနှင့်အတူ ဦးစား‌ပေးလုပ်‌ဆောင်သွားရန် ‌ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆုံးဖြတ်ခဲ့ကြသည်ဟု လည်း သိရသည်။

သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် အုပ်ချုပ်‌ရေး‌ကော်မတီ ဖွဲ့စည်းပြီး‌နောက်တွင် ၎င်းဥယျာဉ်ဖြစ်‌မြောက်‌ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့စဉ်က အစိုးရတပ်မ‌တော်နှင့် နယ်‌မြေခံ ‌ကေအဲန်ယူတပ်ဖွဲ့တို့ကြား စစ်‌ရေးပဋိပက္ခ‌ကြောင့် ထွက်‌ပြေးပုန်း‌ရှောင်ခဲ့ရ သည့် ရွာသူရွာသားများကို လိုက်လံကူညီရင်း ပစ်သတ်ခြင်းခံခဲ့ရသူ ‌စောအိုမူးအား ‌အောက်‌မေ့သတိရသည့်အ‌နေဖြင့်၂ဝစက္ကန့် အကြာ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ ကျန်ရစ်သူမိသားစုဝင်များနှင့် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အုပ်ချုပ်‌ရေး‌ကော်မတီ ဥက္ကဌ ‌စော‌ပေါလ်စိန်ထွားတို့ကဂုဏ်ပြုစကား‌ပြောကြားခဲ့ပြီး‌နောက် ‌စောအိုမူး၏ဘဝအ‌ကြောင်း ရိုက်ကူးထား‌သော ရုပ်သံမှတ်တမ်းကို ပြသခဲ့ကြသည်။

‌စောအိုမူး၏ဇနီးဖြစ်သူ ‌နော်‌ဖောသာက “ဘဝတစ်ခုလုံး ‌ပေးအပ်လုပ်‌ဆောင်ခဲ့တဲ့ ‌စောအိုမူးရဲ့ ဌာ‌နေတိုင်းရင်းသား အခွင့်အ‌ရေး ဆိုင်ရာ လုပ်‌ဆောင်ချက်နဲ့ ‌မျှော်လင့်ချက်‌တွေဟာ ဆက်လက်ရှင်သန်‌နေမှာဖြစ်ပြီး သူကိုယ်တိုင် မြင်နိုင်‌တော့မှာ မဟုတ်‌ပေမဲ့ တစ်‌နေ့‌နေ့မှာ ဒီဟာ‌တွေပြီးပြည့်စုံမှာဖြစ်တယ်။ သူ့တာဝန်ကို သူလုပ်ခဲ့ပြီ၊ ခုချိန်မှာ ကျမတို့တာဝန်ကို ကျမတို့ ‌ကျေ‌အောင်လုပ်ရ မယ်။ ကျမတို့ ချမှတ်နိုင်ခဲ့ပြီဖြစ်တဲ့ အ‌ခြေခံအုတ်မြစ်ကို အနာဂတ်သားသမီး‌တွေ လက်ထက် အဆင့်ဆင့် လက်ဆင့်ကမ်း သွားမှာဖြစ်တယ်”ဟု ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်သည် မြန်မာနိုင်ငံ အ‌ရှေ့‌တောင်ဘက်ခြမ်း၊ သံလွင်မြစ်၏အ‌နောက်ဘက်ကမ်းတွင် တည်ရှိ ပြီး အကျယ်အဝန်း (၁,၃၅၅,၅၈ဝ) ဧကရှိသည်။ ငြိမ်းချမ်း‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ‌ရေရှည်ရပ် တည်‌ရေးနှင့် ဓ‌လေ့ရို်းရာ ယဉ်‌ကျေးမှု ထိန်းသိမ်းနိုင်‌ရေး စသည့်‌မျှော်မှန်းချက်သုံးချက်ဖြင့် ‌ကေအဲန်ယူနှင့်မြန်မာအစိုးရတို့အ ကြား ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်စတင်လာခဲ့သည့် ၂ဝ၁၂ခုနှစ်ကတည်းက ကြိုးပမ်းလုပ်‌ဆောင်လာခဲ့ပြီး ၎င်းဥယျာဉ်နှင့် ဥယျာဉ် အ‌ခြေခံဥပ‌ဒေ ပြဌာန်းအတည်ပြုခြင်းကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင် တရားဝင်‌ကြေညာခဲ့သည်။

ယခု ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် အ‌ထွေ‌ထွေညီလာခံသို့ ဌာ‌နေတိုင်းရင်းသား၊ ‌ကေအဲန်ယူနှင့် လူမှုအဖွဲ့အစည်း စသည့် နယ်ပယ်အသီးသီးက အစု ၃စုမှ ‌ရွေး‌ကောက်ထား‌သော ကိုယ်စားလှယ်များ၊ မဲ‌ကော်မရှင်များ၊ တက် ‌ရောက်‌လေ့လာသူများနှင့် ‌ဒေသခံ ပြည်သူလူထု အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၂၀ဝခန့်တက်‌ရောက်ခဲ့ကြပြီး ဒုတိယအကြိမ် အ‌ထွေ‌ထွေညီလာခံကို လာမည့် ၂ဝ၂ဝခုနှစ်တွင် ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။