Home သတင်း ပုသိမ်မြို့တွင် အ‌နောက်ပိုးကရင် ပထမတန်း(သင်ရိုးသစ်) ဆရာဖြစ်သင်တန်း ပြုလုပ်

ပုသိမ်မြို့တွင် အ‌နောက်ပိုးကရင် ပထမတန်း(သင်ရိုးသစ်) ဆရာဖြစ်သင်တန်း ပြုလုပ်

2463

ဧပြီလ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်စာ‌ပေသင်ရိုးညွှန်းတမ်း ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ ‌ရေးဆွဲပြီးစီးခဲ့‌သော ပိုးကရင်စာ‌ပေ ပထမ တန်းသင်ရိုး သစ်ကို အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် သင်ကြားနိုင်ရန်အတွက် အ‌နောက်ပိုး ကရင်စာ‌ပေ ပထမတန်း (သင်ရိုးသစ် ) ဆရာဖြစ်သင်တန်းကို ဧရာဝတီတိုင်း‌ဒေသကြီး ပုသိမ်မြို့နယ် ဂရုဏာစင်တာ၌ ယ‌နေ့ (ဧပြီလ ၄ရက်) တွင် စတင်ပြုလုပ်ခဲ့သည်။

အဆိုပါ အ‌နောက်ပိုးကရင် (ဖျိz့) စာ‌ပေ ပထမတန်း(သင်ရိုးသစ်)ကို မတ်လ ၁၈ရက်တွင် အတည်ပြုပွဲ အခမ်း အနားပြုလုပ်ခဲ့ပြီး ယခုဖွင့်လှစ်မည့်ဆရာဖြစ်သင်တန်းကို ဧပြီလ (၄)ရက်မှ (၁၁)ရက်‌နေ့ထိ ၈ရက်တာ ကျင်း ပပြုလုပ်သွားမည်ဖြစ်‌ကြောင်း ကရင်စာ‌ပေသင်ရိုးညွှန်းတမ်း ဖြစ်‌မြောက်‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ပြောသည်။

မန်းသန်းဝင်းဦးက “ ဒီသင်တန်းမှာဆိုရင် တစ်မြို့နယ်ကို လက်‌ရွေးစင် နှစ်‌ယောက်နှုန်းသတ်မှတ်ထားတယ်။ ဒီဆရာဖြစ်သင်တန်းပြီးသွားရင် သူတို့ရဲ့ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ မြို့နယ် အသီးသီးကို ပြန်ပြီး‌တော့ ဆင့်ပွား သင်တန်း ပြန်ထပ်‌ပေးနိုင်‌အောင် လုပ်တာဖြစ်တယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌နောက်ပိုးကရင်စာ‌ပေ ပထမတန်း (သင်ရိုးသစ်) ဆရာဖြစ်သင်တန်းကို ဧရာဝတီတိုင်းအတွင်းရှိ ပန်းတ‌နော်၊ ‌မြောင်းမြ၊ အိမ်မဲ၊ ‌ညောင်တုန်း၊ ဓနုဖြူစသည့် မြို့နယ် စုစု‌ပေါင်း ၁၈မြို့နယ် နှင့် ရန်ကုန်တိုင်းရှိ ကွမ်းခြံကုန်း၊ ‌ကော့မှူး ၊ တွံ‌တေးမြို့နယ် နှင့် ‌မြောက်ဥက္ကလာ မြို့နယ်တို့မှ သင်တန်းသူ/သင်တန်းသား စုစု‌ပေါင်း (၅၇)ဦး တက်‌ရောက်ခဲ့‌ကြောင်း မန်းသန်းဝင်းဦးက ဆက်‌ပြောသည်။

ထို့အပြင် စ‌ကောကရင်စာ‌ပေ ပထမတန်း (သင်ရိုးသစ်) ဆရာဖြစ်သင်တန်းကိုလည်း လာမည့် ဧပြီ ၈ရက်မှ ၁၉ရက်‌နေ့အထိ ရန်ကုန်မြို့တွင် ဆက်လက်ပြုလုပ်သွားမည်ဟုလည်း သိရသည်။

ယခု အ‌နောက်ပိုးကရင်စာ‌ပေ သင်ရိုးသစ် ဖြစ်‌ပေါ်လာ‌ရေးအတွက် ကရင်ပြည်သူလူထုထံမှ ‌ကောက်ခံရရှိ‌သော အလှူ‌ငွေများဖြင့်သာ ‌ဆောင်ရွက်ရခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ ဌာနများ၏ ‌ထောက်ပံ့ကူညီမှု မရှိ‌သော ‌ကြောင့် KG သင်ရိုးညွှန်းတမ်း ‌ရေးဆွဲပြီး‌နောက် ပထမတန်း သင်ရိုးသစ်ကို ‌ရေးဆွဲနိုင်ခြင်းလည်း ဖြစ်သည်။

ကရင်စာ‌ပေသင်ရိုးညွှန်းတမ်းဖြစ်‌မြောက်‌ရေးအတွက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၇နှင့် ၂၈ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ကရင်စာ‌ပေသင်ရိုး (အ‌နောက်ပိုး/စ‌ကော) အလုပ်ရုံ ‌ဆွေး‌နွေးပွဲအပြီးတွင် စတင်အ‌ကောင် အ ထည်‌ဖော်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။