Home သတင်း ပင်မဓာတ်အားလိုင်းကျသွားသည့်အတွက် ကရင်ပြည်နယ်ရှိ မြို့ ၅ မြို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်‌တောက်မည်

ပင်မဓာတ်အားလိုင်းကျသွားသည့်အတွက် ကရင်ပြည်နယ်ရှိ မြို့ ၅ မြို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်‌တောက်မည်

2430

ဧပြီ ၁၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

မြန်မာနိုင်ငံအတွင်း ဓာတ်အားလိုင်းထုတ်လွင့်‌ပေး‌နေ‌သော ပင်မဓာတ်အားလိုင်းကျသွားသည့်အတွက် ကရင်ပြည်နယ်ရှိ မြို့ ၅ မြို့အတွင်း လျှပ်စစ်ဓာတ်အား ယာယီပြတ်‌တောက်သွားမည်ဟု ဖားအံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတာဝန်ရှိသူတစ်ဦးမှ ဧပြီလ ၁၂ ရက်‌နေ့က အတည်ပြု‌ပြောဆိုသည်။

ဖားအံ၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ မြိုင်ကြီးငူ၊ ကမ‌မောင်းမြို့များတွင် ယ‌နေည ၁၁ နာရီမှ လာမည့် နံနက်ဖန် ဧပြီလ ၁၃ ရက်‌နေ့၊ ‌နေ့လည် ၁၁ နာရီအထိ လျှစ်ဓာတ်အားဖြတ်‌တောက်ထားမည်ဟု ၎င်းတာဝန်ရှိသူကယခုလို‌ပြော သည်။

“ မြို့ ၅ မြို့မှာ ဒီည ၁၁ နာရီ ယာယီမီးဖြတ်‌တောက်မယ်။ သထုံစက်ရုံက လက်ရှိတိုးချဲ့ထားတဲ့ ၂၃ဝ (အမ်ဗီ)၊ ၁ဝဝ (အမ်ဗီ‌အေ) ထရန်စ‌ဖော်မာ ဓာတ်အားလိုင်းနဲ့ ဖားအံမြို့ကို ဓာတ်အားချိတ်ဆက်ဖို့ ထိန်းသိမ်းပြုပြင်မှု‌တွေ ‌ဆောင်ရွက်‌နေတာပါ။ သကြင်္န်ကာလ ပုံမှန်လျှပ်စစ်မီးဖြန့်‌ပေးနိုင်ဖို့ ‌လော‌လောဆယ် မ‌ပြောနိုင်‌သေးဘူး။ တစ်နိုင်ငံလုံးမီး‌ပေး‌နေတဲ့ ပင်မဓာတ်အားလိုင်းကျသွားတာပါ။ အ‌ကြောင်းအရင်းမသိရ‌သေးဘူး” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ကရင်ပြည်နယ်အတွင်း အလားတူ လျှပ်စစ်မီး ဖြတ်‌တောက်မှု ယခင်ကာလများတွင်လည်း ‌ဒေသခံများ ကြုံ‌တွေ့ ခဲ့ရပြီး ပူပြင်း‌သောကာလအတွင်း ယခုကဲ့သို့ လျှပ်စစ်မီး ပြတ်‌တောက်မှု‌ကြောင့် ‌ဒေသခံလူထုများအ‌နေဖြင့် အခက်အခဲများကြုံ‌တွေ့‌နေရသည်ဟု ဆိုသည်
ဖားအံမြို့ခံ ‌ထောင်ဝိရပ်ကွက်‌နေ ‌စောဖတာက “ ဒီ‌နေ့ ၁၁ ခွဲမှာ မီးပြတ်သွားတယ်။ မြို့‌ပေါ်‌နေတာဆို‌တော့ အခုလိုမီးဖြတ်လိုက်‌တော့ ပူပြင်တဲ့ရာသီလည်းဖြစ်‌နေတယ်‌လေး။ အ‌တော်ဒုက္ခ‌ရောက်တယ်။ ချက်ပြုတ် စား‌သောက်ဖို့ ‌ရေရရှိဖို့လည်း ခက်ခဲသွားတယ်။ လျပ်စစ်ပစ္စည်းနဲ့အသက်‌မွေးဝမ်း‌ကျောင်း လုပ်‌နေတာဆို‌တော့ မီးမလာ‌တော့ ဘာလုပ်ဘာကိုင်ရမှန်းမသိဘူး။ ဓာတ်အားအမြန်ဆုံး ပြန်ထုတ် လွှတ်‌ပေး‌စေခြင်တယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

၎င်းပင်မဓာတ်အားလိုင်းကျသွားသည့်အတွက် ကရင်ပြည်နယ်အပါအဝင်း အခြားတိုင်းနှင့်ပြည်နယ် များတွင်းလည်း အလားတူ လျှပ်စစ်မီးပြတ်‌တောက်မှုဖြစ်ပွား‌နေလျက်ရှိသည်ဟု သိရသည်။