Home သတင်း ဇွွဲကပင်‌တောမီး ဆက်လက်‌လောင်ကျွမ်း‌နေဆဲ

ဇွွဲကပင်‌တောမီး ဆက်လက်‌လောင်ကျွမ်း‌နေဆဲ

3481

ဧပြီလ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် အထင်ကရ ဇွဲကပင်‌တောင်တွင် ယမန်‌နေ့မှစတင်ပြီး အပူချိန်လွန်ကဲ‌ခြောက်‌သွေ့မှုများ‌ကြောင့် စတင်‌လောင်ကျွမ်းခဲ့သည့် ‌တောမီးမှာ ယ‌နေ့ (ဧပြီလ ၂၆ ရက်) မွန်းလွဲပိုင်းအထိ ဇွဲကပင်‌တောင် အ‌နောက် ဘက်ခြမ်းတွင် တ‌ငွေ့‌ငွေ့ဖြင့် ဆက်လက် ‌လောင်ကျွမ်း‌နေဆဲဖြစ်သည်။

ဧပြီလ ၂၅ ရက်‌နေ့၊ ‌နေ့လည်တွင် ဇွဲကပင်‌တောင်၏ အ‌ရှေ့ဘက် ခ‌လောက်နို့ရွာဘက်ခြမ်းမှစတင်သည့် ‌တောမီး‌လောင်ကျွမ်းမှုမှာ ည ၈နာရီ ဝန်းကျင်အချိန်ခန့်တွင် ဇွဲကပင်‌တောင် အ‌နောက်ဘက်ခြမ်းသို့ကူး စက်‌လောင်ကျွမ်းခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ‌တောမီး‌လောင်ကျွမ်းမှုကိစ္စနှင့်ပတ်သက်ပြီး ဖားအံမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦး‌အောင် ‌ကျော်ဖြိုးက “ ‌နေ့လည်ခင်း‌လောက်မှာစဖြစ်တာလို့ သိရတယ်။ သွားကြည့်‌တော့ ‌တောင်ခါးပန်း‌လောက်မှာ ‌လောင်‌နေတာ‌ပေါ့။ မနက် ၃နာရီ‌လောက် လိုက်ပတ်ကြည့်‌တော့ မီးက‌တော်‌တော်နည်းသွားပြီ။ ‌အောက်ဘက် ‌တော့ ဆင်းတာမရှိဘူး၊ အလယ်မှာပဲ ‌လောင်‌နေတာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဇွဲကပင်‌တောင်‌ခြေပတ်လည်တွင် ‌ကျေးရွာများ၊ ရာဘာခြံများ၊ သာသနိက အ‌ဆောက်အအုံများ ရှိ‌နေသည့်အတွက် ‌တောမီးအ‌ခြေအ‌နေထူးခြားမှုများဖြစ်‌ပေါ်ပါက ဆက်သွယ်အ‌ကြောင်းရန် နှိုး‌ဆော် ထားပြီဖြစ်သလို အသင့်အ‌နေအထားဖြင့် ‌စောင့်ကြည့်‌နေ‌ကြောင်းလည်း ၎င်းက‌ပြောသည်။

ပူပြင်း‌ခြောက်‌သွေ့မှု‌ကြောင့် အရှိန်ပြင်းပြင်းဖြင့် ‌လောင်ကျွမ်းသည့် ‌တောမီးမှာ ယ‌နေ့မနက်ပိုင်း‌လောက်တွင် အရှိန်‌လျော့နည်းသွား‌သော်လည်း ဇွဲကပင်‌တောင်အ‌နောက်ဘက် ‌တော်ပုံရွာ အ‌ရှေ့ဘက်ခြမ်း ‌တောင်ခါးပန်း ပတ်လည်တွင် အနည်းငယ် ဆက်လက်‌လောင်ကျွမ်းလျက်ရှိသည်။

ဇွဲကပင်‌တောင်မှာ နှစ်စဉ်ပူပြင်း‌ခြောက်‌သွေ့သည့် မတ်လနှင့် ဧပြီလာများတွင် အနည်းနှင့်အများဆိုသလို ‌တော မီးများ‌လောင်ကျွမ်း‌လေ့ရှိပြီး ၂ ရက်မှ ၃ ရက်‌နေ့အထိ ကြာမြင့်တတ်‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြ ချက်များအရ သိရသည်။