Home သတင်း ခလယ်တွင် ပထမဆုံးအကြိမ် အဂင်္လိပ်စာသင်တန်း ဆင်းပွဲပြုလုပ်

ခလယ်တွင် ပထမဆုံးအကြိမ် အဂင်္လိပ်စာသင်တန်း ဆင်းပွဲပြုလုပ်

2330

ဧပြီ ၂၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

KED-ကရင်ပညာ‌ရေးဌာနမှ ဦး‌ဆောင်ပြီး ဝင်း‌ရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ)ရှိ ခလယ်ရွာ တွင် ပထမဦးဆုံးအကြိမ် ‌နွေရာသီ အဂင်္လိပ်စာ သင်တန်းဆင်းပွဲကို ဧပြီလ ၂၈ ရက်(ယ‌နေ့)တွင် ပြုလုပ်ခဲ့သည်။

ယ‌နေ့ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဝင်း‌ရေးမြို့နယ်၊ KED ဒု ပညာ‌ရေးမှူး မန်းရှားထူး‌ဝေါ်နှင့်အဖွဲ့များ၊ ခ လယ်ရွာရှိ အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဘုန်း‌တော်ကြီး၊ ရွာသူရွာသားနှင့် သင်တန်းသူ၊ သင်တန်း သား စုစု‌ပေါင်း လူဦး‌ရေ ၁၅ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိသူများမှ အမှာစကား၊ ‌ကျေးဇူးတင်စကားများ‌ပြောကြားခြင်း၊ အဆင့်(level) အလိုက် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ ကရင်ရိုးရာအက၊ သီချင်း၊ ‌တေးသရုပ်‌ဖော်များဖြင့် ‌ဖျော်‌ဖြေခြင်း၊ ‌ခေတ်‌ပေါ် အက ကပြခြင်း၊ အဂင်္လိပ် ပြဇာတ်သရုပ်‌ဖော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဂင်္လိပ်စာ စကား‌ပြောနှင့် သဒ္ဒါအ‌ခြေခံများကို တတ်‌မြောက်‌စေရန် ရည်ရွယ်သည့် ၎င်းသင်တန်းကို ဧပြီ ၁ ရက်မှ ၂၈ ရက်‌နေ့အထိ သူးမွဲခီး‌ကျောင်းမှ ဆရာ၊ ဆရာမ ၅ ဦးက ခလယ်နှင့် ဒုံလီရွာရှိ အလယ်တန်း၊ အထက် တန်းနှင့် တက္ကသိုလ်‌ကျောင်းသား၊ ‌ကျောင်းသူ စုစု‌ပေါင်း ၂၀ဝ ဦးခန့်ကို အဆင့် ၄ ဆင့်ခွဲ၍ အတန်း အလိုက် သင်ကြား‌ပေးခဲ့ခြင်း ဖြစ်သည်။

ဝင်း‌ရေးမြို့နယ်အတွင်း ယခုနှစ်တွင် ‌နွေရာသီ အဂင်္လိပ်စာသင်တန်းများကို ခလယ်ရွာအပြင် လိုင့်နာ့ထို၊ သံပုရာ ‌ချောင်းဖျား၊ သ‌ပြေကုန်း၊ ‌မြောက်ကွင်းဖြူ စသည့်ရွာများတွင်လည်း KEDမှ အလားတူ သင်ကြား‌ပေး လျက်ရှိသည်ဟု သိရသည်။