Home သတင်း ၂၀၁၉ သင်္ကြန်တွင်း ကရင်ပြည်နယ်၌ ယာဉ်တိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိ

၂၀၁၉ သင်္ကြန်တွင်း ကရင်ပြည်နယ်၌ ယာဉ်တိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိ

495

ဧပြီလ ၁၉ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်တွင် ၂၀၁၉ခုနှစ် မဟာသင်္ကြန်ကာလအတွင်း ပြည်နယ်တစ်ခုလုံး အတိုင်းအတာအရ ဖြစ်ပွားခဲ့သည့် အမှုအခင်း ထက်ဝက်နီးပါးမှာ ယာဉ်တိုက်မှုများဖြစ်ပြီး ပြည်သူလူထု ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြုစုထား သည့် စာရင်းများအရ သိရသည်။

ဧပြီလ ၁၃ရက်မှ ၁၇ရက်နေ့အထိ ကျရောက်သည့် မဟာသင်္ကြန်ကာလတွင် ပြည်နယ်အတွင်း၌ မှုခင်း ၂၈မှု ဖြစ်ပွားခဲ့သည့်အ နက် ယာဉ်တိုက်မှုမှာ ၁၁မှုဖြစ်ပွားခဲ့ပြီး ၄ဦး သေဆုံးကာ ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါစာရင်းတွင် ဖော်ပြထားသည်။

၎င်းအပြင် သင်္ကြန်တွင်း၌ မူးယစ်ဆေးဝါး ၁မှု၊ သေမှုသေခင်း ၃မှု၊ လက်နက်မှု ၂မှု၊ ခိုးမှု ၃မှု၊ နာကျင်စေမှု ၁မှု၊ မော်တော်ယာဉ် ၁မှု၊ မုဒိမ်းမှု ၁မှု၊ ရဲအက် ၁မှုနှင့် ကျန်အခြားအမှု ၄မှု၊ စုစုပေါင်း ၂၈မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ဦးနှင့် ဒဏ်ရာရရှိသူ ၂၃ဦးအထိ ရှိခဲ့ကြောင်းလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးစာရင်းတွင် ပါရှိသည်။

ယမန်နှစ်၊ ၂၀၁၈ခုနှစ် မဟာသင်္ကြန်ကာလ ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မှုခင်းပေါင်း ၂၁မှုတွင် ယာဉ်တိုက်မှု ၁၀မှု ကြောင့် သေဆုံးသူ ၁၀ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၅ဦးရှိခဲ့သဖြင့် ယခုနှစ်မှာလည်း ယာဉ်တိုက်မှုမှာ အခြားအမှုများထက် ထိခိုက် သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။