Home သတင်း KNLA ဗဟို‌ဆေးဌာနမှ ၂၀၁၉ ခုနှစ်အတွက် အခမဲ့မျက်စိခွဲစိတ်ကုသမှုလုပ်ငန်း စတင်လုပ်‌ဆောင်

KNLA ဗဟို‌ဆေးဌာနမှ ၂၀၁၉ ခုနှစ်အတွက် အခမဲ့မျက်စိခွဲစိတ်ကုသမှုလုပ်ငန်း စတင်လုပ်‌ဆောင်

2827

မတ်လ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေအတွင်း မျက်စိ‌ဝေဒနာရှင်များအား နယ်လှည့်၍ ခွဲစိတ် ကုသ‌ပေး‌နေသည့် KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ဗဟို‌ဆေးဌာနမှ ၂၀၁၉ ခုနှစ်အတွက် မျက်စိခွဲစိတ်ကုသမှု လုပ်ငန်း စတင်လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း ဦး‌ဆောင်ခွဲစိတ်‌ပေးသူ ‌ဒေါက်တာ‌စော‌နေ ဆဲက ‌ပြောသည်။

ယခု လက်ရှိတွင် တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နယ် တပို့‌ကျေးရွာ၌ ‌ဖေ‌ဖော်ဝါရီလ ၂၇ရက်မှ မတ်လ ၂ရက် အထိ ၄ ရက်တာ ခွဲစိတ် ကုသ‌ပေးသွားမည်ဖြစ်ပြီး ကျန်သည့် KNU ထိန်းချုပ်နယ်‌မြေရှိ ခရိုင် ၇ခုအတွင်း နယ်လှည့်ကာ ဆက်လက် ကုသ‌ပေးသွားမည်လည်း ဖြစ်သည်။

‌ဒေါက်တာ‌စော‌နေဆဲက “ မျက်စိ ‌ရောဂါရှိသူသမျှကို‌တော့ ကြည့်‌ပေးတာ‌ပေါ့‌နော်။ ကု‌ပေးလို့ရတာလည်း ရှိတယ်။ မရတာလည်း ရှိတယ်။ ‌ရေတိမ် က‌တော့ အ‌ရေးကြီးတယ်။ ‌ရေတိမ်ဖြစ်ပြီး နှစ်ရက်၊ သုံး ရက်ကြာ သွားရင် မျက်စိက ကွယ်တတ်တယ်။ တိမ်တို့ မျက်သားတက်တာလည်း ကု‌ပေးတယ်။ မျက်စိ‌စွေတာကိုလည်း ပြန်တည့်‌ပေးတယ်။ အခြား‌ရောဂါ‌တွေက‌တော့ အချိန်ရှိရင် ကု‌ပေးပါတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ထားဝယ်မြို့နယ်အတွင်းရှိ မျက်စိလူနာကုသ‌ပေးမှုများကို KNLA ဗဟို‌ဆေးဌာနနှင့် နယ်‌မြေခံ ‌ဆေးဝန် ထမ်း ဆရာ/ဆရာမများမှ ပူး‌ပေါင်းကာ သွား‌ရောက်ကုသ‌ပေးခြင်းဖြစ်ပြီး အထူးသဖြင့် တိမ်၊ ‌ရေတိမ်၊ မျက်သား၊ မျက်မှန်လို‌သော လူနာများ၊ ထိခိုက်ဒဏ်ရာအတွက် လာ‌ရောက်ပြသသူ လူနာ ၆ဝဦးထဲမှ ခွဲစိတ်ရန် လိုအပ်သည့် လူနာ ၃ဝ ဝန်းကျင်အား ခွဲစိတ်ကုသ‌ပေးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

KNLA ဗဟို‌ဆေးဌာန အ‌နေဖြင့် KNU နယ်‌မြေများအတွင်းရှိ ခရိုင်တစ်ခုချင်းစီတွင် တစ်နှစ်လျှင် ပျမ်းမျှ တစ်ကြိမ်ခန့် နယ်လှည့် ခွဲစိတ်ကုသ‌ပေး‌နေခြင်းဖြစ်ပြီး တနသင်္ာရီတိုင်း‌ဒေသကြီးအတွင်း ယခု ဒုတိယ အကြိမ်‌မြောက် လာ‌ရောက် ကုသ‌ပေးခြင်းလည်း ဖြစ်သည်။

မျက်စိခွဲစိတ် ကုသမှုတွင် မျက်စိတိမ်စွဲ ‌ဝေဒနာရှင်များအား လူမျိုး၊ ဘာသာမ‌ရွေး စမ်းသပ်၊ ခွဲစိတ်ကုသ‌ပေးခြင်း ဖြစ်ပြီး ၎င်းမျက်စိ ခွဲစိတ်ကုသ‌ပေးသည့် အစီအစဉ်ကို KNLA ဗဟိုဌာနချုပ် အစီအစဉ်ဖြင့် ၂၀၁၃ခုနှစ်မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း နယ်လှည့်၍ အခမဲ့ လိုက်လံကုသ‌ပေးခြင်း ဖြစ်သည်။ (၇)နှစ်တာကာလအတွင်း မျက်စိ‌ဝေဒနာရှင်‌ပေါင်း ၆,၀၀၀‌ကျော် ခွဲစိတ်ကုသ‌ပေးခဲ့ပြီးဖြစ်သည်ဟု KNLA ဗဟို‌ဆေးဌာနက ဆိုသည်။