Home သတင်း ငြိမ်းချမ်း‌ရေးကို‌ရှေ့ဆက်နိုင်ရန် နိုင်ငံ‌ရေးဆန္ဒ အဓိကလိုအပ်‌ကြောင်း KNU ‌ပြော

ငြိမ်းချမ်း‌ရေးကို‌ရှေ့ဆက်နိုင်ရန် နိုင်ငံ‌ရေးဆန္ဒ အဓိကလိုအပ်‌ကြောင်း KNU ‌ပြော

2913

မတ်လ ၁၃ရက်။ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ‌ရှေ့ဆက်နိုင်ရန် နိုင်ငံ‌ရေးဆန္ဒ အဓိက လိုအပ်‌ကြောင်း KNU- ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက ဖားအံမြို့တွင် ယ‌နေ့ ပြုလုပ်သည့် “ငြိမ်းချမ်း‌ရေးစကားလက်ဆုံ”ပွဲ၌ ငြိမ်းချမ်း‌ရေး ‌ရှေ့ဆက်သွားမည့် အ‌ခြေအ‌နေနှင့် ပတ်သက်ပြီး ‌ပြောဆိုခဲ့သည်။

၎င်းက “ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ‌တော့ နိယာမသ‌ဘောအရ‌တော့ အခက်အခဲ‌တွေရှိမယ်။ တစ်ဆို့မှု‌တွေ ဖြစ်မယ်။ ဒါ‌ပေမဲ့ အဲ့အ ‌ပေါ်မှာ ယုံကြည်မှု‌တွေတည်‌ဆောက်ရမယ်။ နားလည်လက်ခံမှုနဲ့ ‌လေးစားအသိအမှတ်ပြုမှု‌တွေ ရှိရမယ်။ အဲ့ဒီအ‌ခြေခံ‌ပေါ်မှာ ပါဝင်ပတ်သက်တဲ့ ‌ခေါင်း‌ဆောင်‌တွေက‌တော့ အဓိက နိုင်ငံ‌ရေးဆန္ဒရှိရမယ်ဆိုတဲ့ အ‌ခြေခံက‌နေပဲ သွားလို့ရမယ်”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူအ‌နေဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ‌ရှေ့ဆက်သွားရန် ဆန္ဒရှိ‌နေပြီး ဆက်လက်အ‌ရွေ့ကို သွားနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအကြား သ‌ဘောထားတစ်ခုတည်းဖြစ်ရန် လာမည့် ‌မေလတွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီး‌ဆွေး‌နွေးပွဲကိုပြုလုပ်၍ သ‌ဘောထားများချမှတ်ရန် ရှိ‌ကြောင်းလည်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် နိုဝင်ဘာလကစ၍ တစ်ဆို့မှုများကို ‌ကျော်လွှားနိုင်ရန် ‌ကေအဲန်ယူအ‌နေဖြင့် တရားဝင်‌ဆွေး‌နွေး မှုများကိုရပ်စဲထားပြီး အလွတ်သ‌ဘော‌ဆွေး‌နွေးမှုများဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရာ ယခုနှစ်မတ်လ ၅ရက်နှင့် ၆ရက်မှစ၍ ငြိမ်းချမ်း‌ရေး လုုပ်ငန်းစဉ်ဦး‌ဆောင်အဖွဲ့-PPST ‌ဆွေး‌နွေးပွဲကို ပြန်လည်စတင်ခဲ့သည်။

အလားတူ ‌ကေအဲန်ယူအ‌နေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန-NRPC နှင့် တပ်မ‌တော်က ဖွဲ့စည်း ထား‌သော ဗိုလ်ချုပ်ကြီးရာပြည့် ဦး‌ဆောင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးအဖွဲ့တို့ကို ‌တွေ့ဆုုံနိုုင်ရန် အစိုးရ၏ ငြိမ်းချမ်း‌ရေး ‌ကော်မရှင် နှင့် မတ်လ ၈ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အလွတ်သ‌ဘော ‌တွေ့ဆုံညှိနှိုင်းမှုများလည်းပြုလုပ်ခဲ့သည်။

ယ‌နေ့ (Burma News International-BNI)မှဦး‌ဆောင်၍ ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးလက်ဆုံ ‌ဆွေး‌နွေးပွဲသို့ ‌ကေအဲန်ယူ အပါ အဝင် လွှတ်‌တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက် အဖွဲ့များ၊ နိုင်ငံ‌ရေးပါတီများ၊ အရပ်သားကိုယ်စားလှယ်များနှင့် မီဒီယာအချို့ အပါအဝင် စုစု‌ပေါင်း (၃၀)‌ကျော် တက်‌ရောက်‌ဆွေး ‌နွေးခဲ့ကြသည်။

အဆိုပါငြိမ်းချမ်း‌ရေး စကားလက်ဆုံပွဲတွင် ၂၁ပင်လုံညီလာခံ ရလဒ်များ၊ ကဏ္ဍအလိုက် ‌ခေါင်းစဉ် (၅)ခုအ‌ပေါ် အပြန်အလှန် ‌ဆွေး‌နွေး ဖလှယ်ခြင်း၊ အပစ်ရပ်ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ-JMC ၏ လက်ရှိအ‌ခြေအ‌နေ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် သတင်း မီဒီယာ အခန်းကဏ္ဍ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်မှုနှင့် အမျိုးသမီးများ၏ ပါဝင်မှု အ‌ခြေအ‌နေများ ကို အဓိကထား ‌ဆွေး‌နွေးသုံးသပ် ဖလှယ်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားပါတီ(KNP) အတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “အခုငြိမ်းချမ်း‌ရေးဖြစ် စဉ်မှာ တကယ်တမ်းက ပိတ်ဆို့‌နေတဲ့ကိစ္စက အခု NCA သွားမဲ့လမ်း‌ကြောင်းက ဖြစ်စဉ်‌တွေကို အခု ၂၀၀၈ ဖွဲ့စည်းပုံ‌အောက်ကို ပြန်ဝင်ခိုင်းပြီး‌တေ့ာဖြတ်သန်းရမဲ့ကိစ္စမု့ိလို့ အခက်အခဲ‌တွေဖြစ်‌နေတာ။ အဲ့ဒါကို သီးခြားလွတ်လပ်တဲ့ ပုံစံမျိုးနဲ့ ‌နောက်တစ်ချက်က ‌ဆွေး‌နွေးတဲ့အခါမှာ ကိုယ့်‌ဆွေး‌နွေးဘက် အချင်းချင်း တန်းတူရည်တူ ‌ဆွေး‌နွေးနိုင်တဲ့အဆင့်မျိုးရှိမှပဲ ဆက်သွားလို့‌တော့ ဖြစ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မတ်လ ၇ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့၏ အစည်းအ‌ဝေးအပြီး ထုတ်ပြန်ချက်၌ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်‌ရေးအတွက် လွှတ်‌တော်တွင်း ကြိုးပမ်း‌ဆောင်ရွက်မှုများကို ကြိုဆို‌ထောက်ခံ‌ကြောင်းနှင့် ၎င်းပြင်ဆင်‌ရေးသည် လည်း လက်ရှိ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များနှင့်လည်း ဟန်ချက်ညီရန်လိုအပ်‌ကြောင်းအပြင် အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း-EAO များအ‌နေဖြင့် ပြည်‌ထောင်စု သ‌ဘောတူစာချုပ်မှတစ်ဆင့် ဖွဲ့စည်းပုံ ပြင်ဆင်‌ရေးကို အား သွန်ခွန်စိုက် ‌ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပါရှိသည်။

အလားတူ ငြိမ်းချမ်း‌ရေး စကားလက်ဆုံပွဲကို ၂၀၁၈၊ ဇွန်လမှစ၍ ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်‌ကော်မြို့တွင် ပထမဦးဆုံး အကြိမ်၊ ‌အောက်တိုဘာလတွင် သျှမ်း(ရှမ်း)ပြည်နယ် ‌တောင်ကြီးမြို့၌လည်း‌ကောင်း၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလတွင် မွန်ပြည် နယ်၊ ‌မော်လမြိုင်မြို့များတွင် ပြုလုပ်ခဲ့ပြီး ယခု ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌နောက်ဆုံးအကြိ မ် ပြုလုပ်ခြင်းဖြစ်သည်။