Home ဆောင်းပါး ငြိမ်းချမ်းမှုကို ‌တောင်းဆို‌သော ရင်နင့်မှတ်တမ်း

ငြိမ်းချမ်းမှုကို ‌တောင်းဆို‌သော ရင်နင့်မှတ်တမ်း

3555

‌စောထွန်းလင်း
မတ်လ ၅ရက်၊ ၂၀၁၉။

ရန်ကုန်မြို့၊ စမ်း‌ချောင်းမြို့နယ်၊ ပြည်လမ်း‌ဘေးရှိ ပြင်သစ်ယဉ်‌ကျေးမှုဌာန၊ ခန်းမအတွင်းသို့ မတ်လ ၅ရက်‌နေ့ နံနက် ၁ဝနာရီခွဲတွင် လူများ စုရုံး ‌ရောက်ရှိ‌နေကြကာ အခမ်အနားတွင်ပြသသည့် “ဆန္ဒ” စစ်ပွဲအတွင်း ရှင်သန်ခဲ့ရသူ အမျိုးသမီးများ၏အသံဟု အမည်‌ပေးထားသည့် မှတ်တမ်းရုပ်ရှင်ကို ငြိမ်သက်စွာ ကြည့်ရှု‌နေကြသည်။

အဆိုပါ မှတ်တမ်းရုပ်ရှင်ကို တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၃ဖွဲ့ဖြင့် စုဖွဲ့ထားသည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က မြန်မာနိုင်ငံတွင် စစ်ပဋိပက္ခများ ရပ်တန့်‌ရေးနှင့် ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရန် ရည်ညွှန်း၍ ရိုက်ကူး ထားခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါ မှတ်တမ်းရုပ်ရှင်တွင် WLB အ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ မိသားစု၊ အမျိုးသား စသဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီးများ၏ အသံများကိုသာ ‌ဖော်ပြထားခြင်းမဟုတ်ဘဲ မြန်မာ့တပ်မ‌တော် ဖက်မှ အမျိုးသားများ ဆုံးရှုံးသွားရသည့် အမျိုးသမီးများအသံကိုလည်း ‌ဖော်ပြထား‌ကြောင်း အဖွဲ့၏ အ‌ထွေ‌ထွေအ တွင်း‌ရေးမှူး ‌လွေးပိုးငယ်က ‌ပြောသည်။

ခန်းမ‌ရှေ့ ပိတ်ကားထက်တွင် ကရင်ပြည်နယ်၊ အီတူးထာ့ပြည်တွင်းစစ်‌ဘေး‌ရှောင်ဒုက္ခသည်စခန်းတွင် ‌နေထိုင် သည့် အသက် ၉ဝအရွယ် အဖီး ‌နော်မား‌ရှေက သူ့မိသားစု ဆုံးရှုံးသွားရပုံကို ကရင်စကားဖြင့် ‌ပြောပြ‌နေသည်။

သူမတွင် သား နှစ်ဦး၊ သမီး နှစ်ဦးရှိသည်။ တ‌နေ့ သူတို့ မိသားစု‌နေထိုင်ရာ(စီးယူ့ပူး)သို့ ဗမာစစ်တပ် ‌ရောက်ရှိလာပြီး သူတို့ကို မိသားစု‌သေနတ်နှင့် အပစ်ခံရကာ အပျိုအရွယ် သမီးတဦး၊ သူ့အ‌ဖေနှင့် သူ့‌မောင်‌လေးတို့ ပွဲချင်းပြီး ‌သေဆုံးခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရကာ ‌ဆေးကုသမှု ခံယူခဲ့ရသည်ဟု ‌ပြောရင်း စီးကျလာသည့် မျက်ရည်စများကို လက်နှီးစုတ်ဖြင့် သူ သုတ်လိုက်သည်။

“ပြည်သူ‌တွေကို အဲလိုမျိုးလုပ်ခံရ‌တော့ တအားစိတ်နာတယ်”ဟု အသက် ၅၅နှစ်အရွယ် ကယားအမျိုးသမီး ပိုလီနာ က မျက်ရည်များကိုသုတ်ရင်း ‌ဒေါသစိတ်ဖြင့် ‌ပြောသည်။

စင်စစ် သူမ၏ခင်ပွန်း(အမျိုးသား)ဖြစ်သူမှာ ကယားပြည်နယ်ရှိ၊ ဖရူဆို‌ဆေးရုံသို့ ရွာရှိ လူနာတစ်ဦးကို ထမ်းပို့ပြီး ပြတွင် လက်နက်ကိုင်အဖွဲ့များက သတ်လိုက်ခြင်းဖြစ်သည်။ သူ့အ‌မေဖြစ်သူကလည်း သူ့ပါ အသတ်ခံရနိုင်သည်ဟု သတိ‌ပေးသည့်အတွက် သူ့ရွာကို စွန့်ခွာ‌ပြောင်း‌ရွှေ့ခဲ့ရသည်။

မှတ်တမ်းရုပ်ရှင်ပြသသည့် ခန်းမထဲရှိ ဧည့်ပရိတ်သက်များအ‌နေဖြင့် အဆိုပါ ရုပ်ရှင်ကို ကြည့်ရှု‌နေစဉ် မိသားစု ဆုံးရှုံးခဲ့ရသည့် မိခင်များ၊ အမျိုးသမီးများအား ကိုယ်ချင်းစာနာစိတ်၊ ဝမ်းနည်းစိတ်မ‌ကောင်းစွာဖြင့် ရင်စို့နင့်ကာ အချို့ဆိုလျင်မျက်ရည်ဝဲလာသည်ကို ‌တွေ့ရသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်ဘက်မှ အသက်ဆုံးရှုံးသွားသည့် တပ်ကြပ်ကြီးတဦး၏ ဇနီးဖြစ်သူက “အခုချိန်မှာ ကျမအမျိုးသားလည်း ဆုံးသွားပြီး‌ပေါ့၊ ကျမသားသမီး‌တွေအတွက် ရှင်သန်‌နေခဲ့ရတာ‌ပေါ့၊ အခက်အခဲအ မျိုးမျိုး ‌ကျော်ဖြတ် ရုန်းကန်‌နေရတဲ့ မိန်းမသား‌တွေအတွက်က‌တော့ တကယ်ရင်‌လေးစရာပဲ။”ဟု သူမက ‌ပြောသည်။

မှတ်တမ်းရုပ်ရှင်ထဲတွင် ရှမ်းပြည်နယ်အတွင်းမှ တဦးတည်း‌သောသား ဆုံးရှုံးခဲ့သည့် မိခင်၊ တ‌အောင်းတပ်မှ အသတ် ခံရသည့် ‌ဆေးဝန်ထမ်းအဖွဲ့မှ ‌ဆွေးမျိုးဖြစ်သူ၏အသံ၊ ကိုယ်ဝန်ခုနှစ်လရှိချိန်တွင် ‌ယောက်ျားဖြစ်သူ အသတ်ခံရပြီး ဘဝကို ကြိုးစားရုန်းကန်‌နေရသည့် ရှမ်းအမျိုးသမီးတဦး၊ အသတ်ခံရသည့် တပ်မ‌တော် ‌ဆေးမှူး‌ဟောင်းတဦး၏ အမျိုးသမီး၊ စစ်တပ်မှ ‌ပေါ်တာ‌ခေါ်သွားပြီး အသတ်ခံရသည့် ကယားအမျိုးသမီး စသူတို့၏ စိတ်ခံစားချက်၊ ဘဝဖြတ် သန်းပုံ စသည်တို့ကို လှစ်ဟပြသထားသည်ကို ‌တွေ့ရသည်။

ထိုဖြစ်ရပ်များသည် နှစ် ၇၀‌ကျော်ကြာသည့် ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းစစ်‌ကြောင့် ‌မြေဇာပင်ဖြစ်ရသူ များစွာထဲမှ အနည်းငယ်‌သောသူတို့၏ အသံများဟု ဆိုရမည်ဖြစ်သည်။

“ဒီမှတ်တမ်းရုပ်ရှင်က ဘာကို သက်‌သေပြလဲဆိုလို့ရှိရင် ကျမတို့ အမျိုးသမီး‌တွေသည် ဒီစစ်ပွဲရဲ့ဒဏ်ကို ခံစား‌နေရ တာဖြစ်တဲ့အတွက်‌ကြောင့် ဒီလို စစ်ဖြစ်‌နေတာကို မလိုချင်ဘူး။ စစ်ဖြစ်‌နေတဲ့ စနစ်ကိုလည်း မလိုချင်ဘူး။ အမျိုး သမီး‌တွေရဲ့ ခံစားချက်ကို ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပါဝင်‌နေတဲ့သူ‌တွေ သတိထား ခံစားမိဖို့ ‌ဖော်ပြလိုခြင်း ဖြစ်ပါတယ်” ဟု WLB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌လွေးပိုးငယ်က ‌ပြောသည်။

၁၈မိနစ်‌ကျော်ရှိသည့် မှတ်တမ်းရုပ်ရှင် အဆုံးပိုင်းတွင် မိသားစု၊ သားသမီး၊ အမျိုးသား(‌ယောက်ျား) ဖြစ်သူတို့ ဆုံးရှုံးခဲ့သည့် အမျိုးသမီးများတို့မှာ အနာဂတ်တွင် မိမိတို့သားသမီးများကို စစ်ပွဲများနှင့် မကြုံ‌တွေ့‌စေချင်‌ကြောင်း၊ စစ်မဖြစ်‌စေချင်ဘဲ ငြိမ်းချမ်း‌စေချင်‌ကြောင်း၊ အခြားသူများ မိသားစုဘဝ စုံစုံလင်လင်နှင့်‌နေနိုင်ရန် ဆု‌တောင်း‌ပေးလို‌ကြောင်း တညီတညွတ်တည်း‌ပြောဆိုထားပြီး အဆို‌တော်ဇင်နွယ်၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ သီချင်း ဖြင့် အဆုံးသတ်ထားသည်။

မှတ်တမ်းရုပ်ရှင် ပြသအပြီးတွင် ဧည့်ပရိဿတ်များအား ရုပ်ရှင်အ‌ပေါ် မိမိတို့၏ စိတ်ခံစားချက်ကို ‌ဝေငှ‌ပေးရန် အခမ်းအနားစီစဉ်သူများက ဖိတ်‌ခေါ်လိုက်သည်။ သို့‌သော် ဧည့်ပရိဿတ်များကမူ ချက်ချင်း အသံမထွက်နိုင်ကြ။ သူတို့၏ မျက်နှာထက်တွင် စိတ်မ‌ကောင်း၊ ဝမ်းနည်းဟန်‌ပေါ်လွင်‌နေသည်ကို ‌တွေ့ရသည်။ “ဆန္ဒ” စစ်ပွဲအတွင်း ရှင်သန်ခဲ့ရသူ အမျိုးသမီးများ၏အသံ မှတ်တမ်းရုပ်ရှင်သည် ပရိဿတ်အ‌ပေါင်းအား ရင်နင့်မှတ်တမ်းအဖြစ် စိတ်အစဉ် စွဲထင်ကျန်ရစ်‌စေသကဲ့သို့ ငြိမ်းချမ်း‌ရေးကို ‌တောင်းဆို‌နေကြသည့်အသံများဟုပင် ဆိုရ‌ပေ‌တော့မည်။