Home သတင်း ပြည်နယ်အတွင်း ဧည့်လမ်းညွှန် မလုံ‌လောက်၍ ‌ဒေသခံလူငယ်များ လုပ်ကိုင်ကြရန် ဧည့်လမ်းညွှန်ဥက္ကဌ တိုက်တွန်း

ပြည်နယ်အတွင်း ဧည့်လမ်းညွှန် မလုံ‌လောက်၍ ‌ဒေသခံလူငယ်များ လုပ်ကိုင်ကြရန် ဧည့်လမ်းညွှန်ဥက္ကဌ တိုက်တွန်း

2305

မတ်လ ၁၃ရက်၊ ၂၀၁၉ခုနှစ်။ နန့်‌ဖောင်မွီးရှ

ကရင်ပြည်နယ်အတွင်း ဧည့်လမ်းညွှန် လုပ်ကိုင်သူ နည်းပါး‌နေသည့်အတွက် ဧည့်လမ်းညွှန် မလုံ‌လောက်မှုများ ရှိ‌နေခြင်း‌ကြောင့် ‌ဒေသခံလူငယ်များအ‌နေဖြင့် ဧည့်လမ်းညွှန်အလုပ်ကို လုပ်ကိုင်သင့်‌ကြောင်း ကရင်ပြည်နယ် ဧည့်လမ်းညွှန်လုပ်ငန်းများအသင်း ဥက္ကဌ ဦးသူရဦးမှ တိုက်တွန်း‌ပြောကြားသည်။

ဦးသူရဦးက “ဧည့်လမ်းညွှန်အလုပ်ကို လူငယ်‌တွေ လုပ်ကိုင်သင့်တယ်။ အခုဖားအံက တစ်နှစ်တစ်နှစ်ကို ဧည့်သည်က များ များလာတယ်။ ဧည့်သည်‌တွေများလာတာနဲ့ အမျှ ဧည့်လမ်းညွှန်‌တွေလည်း လိုအပ်လာတယ်။ Field ထဲမှာ ကျင်လည်‌နေတဲ့ ဧည့်လမ်းညွှန်က ၁၀‌ယောက်ပဲ ရှိတယ်။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ယခုလို ပွင့်လင်းရာသီတွင် ပြည်တွင်းပြည်ပမှ ဘုရားဖူးများ၊ ခရီးသွားဧည့်သည်များမှ လာ‌ရောက်လည် ပတ်သူများလာသည့်အတွက် ‌ဒေသခံလူငယ်များအ‌နေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာပြီး ‌ဒေသအတွင်း ဖွံ့ဖြိုးတိုး တက်လာ‌ရေးကိုလည်း အ‌ထောက်အကူပြုနိုင်မည်ဖြစ်‌ကြောင်း ၎င်းက ဆက်လက် ‌ပြောကြားသည်။

ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသခံ ကရင်လူငယ်များအ‌နေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ အဆင်‌ပြေ‌စေရန်နှင့် မိမိပြည် နယ်အတွင်းရှိ ‌ရှေး‌ဟောင်းအ‌မွေအနှစ်များ၊ မိမိတို့၏ ရိုးရာဓ‌လေ့၊ ယဉ်‌ကျေးမှုများကို ထိန်းသိန်းတတ်‌စေရန် ဟိုတယ်နှင့်ခရီး သွားဝန်ကြီးဌာန၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ကရင်ပြည်နယ် ဧည့်လမ်းညွှန်လုပ်ငန်းများအသင်းမှ ယခင်က သင်တန်းဖွင့် လှစ်‌ပေးမှုများ ရှိခဲ့သည်။

ထို့အတူ လိုအပ်ချက်များဖြစ်‌ပေါ်‌နေဆဲဖြစ်သည့် ကရင်ပြည်နယ်‌ဒေသခံ ဧည့်လမ်းညွန်များပိုမို ‌မွေးထုတ်‌ပေးနိုင်ရန်အတွက် လာ မည့် ဇွန်လအတွင်း ဖားအံမြို့တွင် တစ်လကြာမြင့်မည့် ‌ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အ‌ခြေခံ)သင်တန်းကို တတိယအကြိမ် ထပ်မံ ဖွင့်လှစ်‌ပေးသွားမည်ဟုလည်း သိရသည်။

အဆိုပါသင်တန်းကို ကရင်ပြည်နယ်အတွင်း‌နေထိုင်သည့် အသက် ၁၈နှစ်ပြည့်ကာ တက္ကသိုလ်ဝင်တန်း ‌အောင်မြင်ပြီးသူ မည်သူမဆို ဧပြီလ ၈ရက်‌နေ့ ‌နောက်ဆုံးထားကာ သင်တန်း‌ကြေးကျပ်‌ငွေ ၇‌သောင်းဖြင့် ‌လျှောက်လွှာများကို ပြည်နယ်ဧည့်လမ်း ညွှန်များအသင်းတွင် ထုတ်ယူကာ ‌လျှောက်ထားနိုင်‌ကြောင်း ကရင်ပြည်နယ် ဧည့်လမ်းညွှန်လုပ်ငန်းများအသင်းက ထုတ်ပြန် ထားသည်။