Home သတင်း ‌သွေဖည်‌နေသည့် NCA လမ်း‌ကြောင်းကုို တည့်မတ်ရန် အထူးလုိုအပ်ပြီဟုု PPST ဥက္ကဌ‌ပြော

‌သွေဖည်‌နေသည့် NCA လမ်း‌ကြောင်းကုို တည့်မတ်ရန် အထူးလုိုအပ်ပြီဟုု PPST ဥက္ကဌ‌ပြော

2741

မတ်လ ၅ ရက်၊ ၂ဝ၁၉ ခုုနှစ်။ ‌စောသိန်းမြင့်

လက်ရှိ NCA အ‌ကောင်အထည်‌ဖော်‌ဆောင်မှု လမ်း‌ကြောင်းသည် မူလရည်မှန်းချက်နှင့် ‌သွေဖည်သွားပြီဖြစ်၍ ပြန် လည်တည့်မတ်ရန် အထူးလုိုအပ်ပြီဟုု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် လက်မှတ်‌ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ-NCA-S EAO ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဦး‌ဆောင်အဖွဲ့-PPST ဥက္ကဌ ဗုိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖုိုးက ‌ပြောသည်။

ထုိုင်းနုိုင်ငံ၊ ချင်းမုိုင်မြို့တွင် ယ‌နေ့ (မတ်လ ၅ရက်) စတင်ကျင်းပသည့် PPST အစည်းအ‌ဝေး၏ အဖွင့်မိန့်ခွန်းတွင် PPST ဥက္ကဌလည်းဖြစ်၊ လက်ရှိ KNU-ကရင်အမျိုးသားအစည်းအရုုံး ဥက္ကဌဖြစ်သူက ဗုိုလ်ချုပ်ကြီး ‌စောမူတုူး‌စေးဖုိုးက ထုိုသုို့‌ပြောကြားလုိုက်ခြင်းဖြစ်သည်။

“လက်ရှိနိုင်ငံ‌ရေး အခင်းအကျင်းအရ ‌ရောက်ရှိ‌နေတဲ့ NCA အ‌ကောင်အထည် ‌ဖော်မှုလမ်း‌ကြောင်းဟာ မူလက ကျ‌နော်တို့ ရည်မှန်းထားတဲ့ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အ‌ရေး‌တွေ၊ အာမခံချက်‌တွေ အပြည့်အဝရှိပြီး ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အ‌ခြေခံတဲ့ ပြည်‌ထောင်စုကို ‌ရောက်ရှိ‌စေမယ့် လမ်း‌ကြောင်း က‌နေ ‌သွေဖည်သွားပြီဖြစ်ပါတယ်။ ဒါကို ဓမ္မဓိဌာန်ကျကျသုံးသပ်ပြီး ပြန်လည်တည့်မတ်ဖို့ အထူးလိုအပ်ပါတယ်။” ဟု ၎င်းက ‌ပြောကြားခဲ့သည်။

ယခုုသွား‌နေသည့် လမ်း‌ကြောင်းကိုု အ‌ပြောင်းအလဲဖြစ်ရန် လုိုအပ်လာပြီဆုိုပါက NCA (တစ်နုိုင်ငံလုုံး ပစ်ခတ်တုိုက်ခုိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်) ‌ပေးထားချက်များနှင့် ‌သွေဖည်ခြင်းမရှိ‌စေဘဲ ပါဝင်သူ အားလုုံးအကြားတွင် အ‌ကြေအလည် ညှိနှိုင်း‌ဆွေး‌နွေးရန် လုိုအပ်မှာဖြစ်‌ကြောင်းလည်း ဗုိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖုိုးက ဆက်‌ပြောသည်။

ထုို့အပြင် လက်ရှိ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တစ်ဆို့‌နေသည့် အ‌နေအထားမှ အ‌ပေါင်း လက္ခဏာ ‌ဆောင်ပြီး ပိုမို‌ကောင်းမွန်သည့် အ‌ရွေ့တစ်ခုကို ဖန်တီးနိုင်ရန် လုိုအပ်‌နေသည်ဟုုလည်း KNU နှင့် RCSS တုို့ရှုမြင်သည့်အတွက်‌ကြောင့် PPST အဖွဲ့ဝင်များကြားတွင် အ‌ကြေအလည် ညှိနှိုင်း ‌ဆွေး‌နွေးနိုင်ရန် ယခုုအစည်းအ‌ဝေးကိုု ‌ခေါ်ယူရခြင်းဖြစ်သည်ဟုု KNU ဥက္ကဌက ဆုိုသည်။

“ကျ‌နော်တို့ ၂ ဖွဲ့ အ‌နေနဲ့ PPST စုဖွဲ့မှုကို အ‌ကြေအလည် ညှိနှိုင်း‌ဆွေး‌နွေးပြီး ရည်မှန်းချက် တူညီရာကို အတူတကွ ပူးတွဲအ‌ကောင်အထည်‌ဖော်နိုင်တဲ့ ညှိနှိုင်း‌ဆွေး‌နွေးမှု အစည်းအ‌ဝေးအဖြစ်သို့ အသွင်‌ပြောင်းလိုတဲ့ ကိစ္စကိုလည်း ဒီအထူးအစည်း အ‌ဝေးမှာ အဆိုပြု ‌ဆွေး‌နွေးသွားမှာဖြစ်ပါတယ်။”ဟုုလည်း KNU ဥက္ကဌ ဗုိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖုိုးက ‌ပြောသည်။

မတ်လ ၅ရက်မှ ၆ရက်‌နေ့အထိ ကျင်းပရန် လျာထားသည့် PPST အစည်းအ‌ဝေးတွင် NCA လက်မှတ်‌ရေးထိုးထား ‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီး‌ခေါင်း‌ဆောင်များ၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) အဖွဲ့ဝင်များနှင့် နည်းပညာအ‌ထောက်အကူပြုများတက်‌ရောက်ခဲ့ကြရာ KNU နှင့် RCSS ဥက္ကဌ နှစ်ဦးမှ ‌ဆွေး‌နွေးစရာ အချက် ၃ ချက်ပါ စာ‌စောင်ကိုု ယခင်နှစ် ၂ဝ၁၈ခုုနှစ်၊ ‌အောက်တုိုဘာလ (၁၁)‌နေ့တွင် နုိုင်ငံ‌တော်အတုိုင်ပင်ခံ ပုုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုုကြည်နှင့် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ် ဗုိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင် တုို့ထံကိုု ‌ပေးပုို့ခဲ့သည့် စာနှင့်ပတ်သက်ပြီး ဘုုံသ‌ဘောတူညီချက်ရရန် ‌ဆွေး‌နွေးကြမည်ဟုု သိရသည်။

ငြိမ်းချမ်း‌ရေး လုုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (Peace Process Steering Team-PPST) အဖွဲ့ကုို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၄ ရက်‌နေ့က ထိုင်းနုိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် NCA လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအ‌ဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထုိုအဖွဲ့ကိုု အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ ဒုအဖွဲ့ ‌ခေါင်း‌ဆောင်အဖြစ် ရှမ်း(သျှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ‌တော်-RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူထားပြီး အပစ်ရပ်အဖွဲ့ ၈ ဖွဲ့အား ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် နိုင်ငံ‌ရေးအရ ဦး‌ဆောင်မှု ‌ပေးနုိုင်ရန် ဖွဲ့စည်းထား‌သော အဖွဲ့ဖြစ်သည်။
ယခုုအစည်းအ‌ဝေးတွင် PPST ထိပ်သီး‌ခေါင်း‌ဆောင်နှစ်ဦး၏ ‌နေရာအ‌ပြောင်းအလဲဖွယ်ရှိပြီး ဗုိုလ်ချုပ်ကြီး ‌စောမူတူး ‌စေးဖုိုး၏ ‌နေရာတွင် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒိုု‌စောတာဒုိုမူးဖြင့် လည်း‌ကောင်း၊ ဒုုဗုိုလ်ချုပ်ကြီး ယွက်စစ်၏ ‌နေရာကိုု RCSS/SSA ဒုုစစ်ဦးချုပ် ဗိုုလ်မှူးချုပ် ‌ပေါင်‌ခေးဖြင့် လည်း‌ကောင်း အစားထုိုး ‌ပြောင်းလဲဖွယ်ရှိသည်ဟုု သတင်းများထွက်‌ပေါ်လျက်ရှိသည်။