Home သတင်း ‌လေး‌ကေ‌ကော်မြို့သစ်တွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၁၅ဝ ထပ်မံ‌ဆောက်လုပ်သွားမည်

‌လေး‌ကေ‌ကော်မြို့သစ်တွင် တန်ဖိုးနည်းအိမ်ရာ အလုံး ၁၅ဝ ထပ်မံ‌ဆောက်လုပ်သွားမည်

2655

မတ်လ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ‌နေရပ်ပြန်ဒုက္ခသည်များအတွက် ‌နောက်ထပ် တန်ဖိုးနည်း အိမ်ရာ အလုံး‌ရေ ၁၅ဝ ကို ယခုနှစ် စက်တင်ဘာလတွင် ထပ်မံ‌ဆောက်လုပ်‌ပေးသွားမည်ဟု ‌လေး‌ကေ‌ကော် မြို့သစ်မှ ‌ဆောက်လုပ်‌ရေးရုံးတာဝန်ခံ ‌စောသက်လွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဂျပန်က‌နေပြီး‌တော့ လာ‌ဆောက်‌ပေးမှာက အိမ်အလုံး ၁၅ဝ ‌ပေါ့။ ဒီနှစ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်းမှာ ဖြစ်မယ်။ လမ်းအရှည် ၄ မိုင်နဲ့ ‌ပေ ၂ဝ ကျယ်ပါမယ်။ ကွန်ကရစ်လမ်းဖြစ်မယ်။ အခုထိ‌တော့ ဘတ် ဂျက် ကျမလာ‌သေးဘူး။ ဒီစက်တင်ဘာလမှာ ဘတ်ဂျက်ကျတာနဲ့ တစ်ခါတည်းအ‌ကောင်အထည်‌ဖော်လုပ် သွားမယ်” ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

ဂျပန်နိုင်ငံ၊ နိပွန်‌ဖောင်‌ဒေးရှင်း၏ ကူညီ‌ထောက်ပံ့မှုဖြင့် ‌ဆောက်လုပ်သွားမည့် ယင်းအစီအစဉ်ကို ဆုံးဖြတ်ချက်ကျ ထားပြီးသားဖြစ်‌သော်လည်း ‌လေး‌ကေ‌ကော်မြို့သစ်၏ မည်သည့်‌နေရာတွင် ‌ဆောက်လုပ်သွား မည်ကို အ‌သေးစိတ် မစီစဉ်ရ‌သေး‌ကြောင်း ‌စောသက်လွင်က ဆက်‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်နယ်အစိုးရတို့၏ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုနှင့် ဂျပန်နိုင်ငံ နိပွန်‌ဖောင်‌ဒေးရှင်းအဖွဲ့၏ ကူညီ‌ထောက်ပံ့ဖြင့် ‌လေး‌ကေ‌ကော်မြို့သစ်တွင် ယခင်က တန်ဖိုးနည်း အိမ်ရာ‌ပေါင်း ၆၈ဝ လုံး‌ဆောက်လုပ်‌ပေးခဲ့ကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင်လည်း ဒုက္ခသည်စခန်းမှ ‌နေရပ်ပြန်ပြည်သူများအတွက် အိမ်ရာ‌ပေါင်း အလုံးတစ်ရာကို ‌ဆောက်လုပ်‌ပေးခဲ့ပြီးဖြစ်သည်ဟု မြို့သစ်တာဝန်ရှိသူများက ‌ပြောသည်။

အလားတူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR၏ အစီအစဉ်ဖြင့် မယ်လ၊ အုန်းဖျန်နှင့် နို့ဖိုး ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅၀ဝဦး‌ကျော် ယခင်လ ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်မှ ၂၂ရက်‌နေ့ အထိ မိမိဆန္ဒအ ‌လျောက် ‌နေရပ်သို့ပြန်လာခဲ့ကြရာတွင် ‌လေး‌ကေ‌ကော်မြို့သစ်၌ အိမ်‌ထောင်စု (၈၄)စု ပြန်လည် ဝင်‌ရောက် ‌နေထိုင်ခဲ့ကြသည်ဟု တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ‌နေရပ်ပြန်ဒုက္ခသည်ထဲမှ ယခင်က တရားဝင် စာရင်းအရ အိမ်‌ထောင်စု‌ပေါင်း (၆၄)စုသာ ပြန်လာမည် ဆိုထား‌သော်လည်း လက်‌တွေ့တွင် အိမ်‌ထောင်စု (၈၄)စုအထိ ပြန်လည် ဝင်‌ရောက်လာခဲ့ခြင်း ‌ကြောင့် တရား ဝင်စာရင်းတွင်မပါလာသည့် အိမ်‌ထောင်စုများကို နားလည်မှုဖြင့် ယခင် အိမ်ရာများမှ အိမ်‌ထောင်စုများ ဝင်‌ရောက်‌နေထိုင်ခြင်းမရှိသည့် ‌နေအိမ်များတွင် ယာယီဝင်‌ရောက်‌နေထိုင်ခွင့်ပြုထားသည်ဟု သိရသည်။

နိပွန်‌ဖောင်‌ဒေးရှင်းအဖွဲ့မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ရက်မှစ၍ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်‌မြေ သထုံခရိုင်၊ ဘိတ်ထားဝယ်ခရိုင်နှင့် ဒူးပလာယာခရိုင်နယ်‌မြေများတွင် အ‌မေရိကန်‌ဒေါ်လာ သိန်း ၃၀ဝ ပမာ ဏရှိသည့် ‌နေအိမ်‌ပေါင်း ၁၀၁၅ လုံး၊ စာသင်‌ကျောင်း ၇ ‌ကျောင်း၊ ‌ကျေးလက်‌ဆေးခန်း ၃ လုံး၊ ‌ရေတွင်း ၅ တွင်း၊ ‌ပေ ၁၀ဝ ကွန်ကရစ်တံတားတစ်စင်းနှင့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုစင်တာ တစ်ခုကို ‌ဆောက်လုပ်‌ပေးခဲ့ သည်ဟု နိပွန်‌ဖောင်‌ဒေးရှင်း၏ စာရင်းအရ သိရသည်။

‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလအတွင်း ‌ကေအဲန်ယူ၏ ဖားအံ၊ ဘိတ်ထားဝယ်နှင့် ဒူးပလာယာခရိုင်များတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်မိသားစုများနှင့် ပြည်တွင်းပုန်း‌ရှောင်ဒုက္ခသည် -IDPs များအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာများကို အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်လာခဲ့ခြင်းဖြစ်သည်။