Home သတင်း ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် အမှုဖွင့်ခံရသူ ‌နော်‌သောသွဲ့ထူး ဆက်လက်၍ တရား ရင်ဆိုင်‌နေရဆဲ

‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် အမှုဖွင့်ခံရသူ ‌နော်‌သောသွဲ့ထူး ဆက်လက်၍ တရား ရင်ဆိုင်‌နေရဆဲ

2788

မတ်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ပဲခူးတိုင်း‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ ကျပ်တစ်‌သောင်းတန် ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် အမှု ဖွင့်ခံထားရ သည့် ‌နော်‌သောသွဲ့ထူးမှာ (၂) လနီးပါး ကြာသည့်တိုင်‌အောင် အမှုကို ဆက်လက်၍ တရားရင်ဆိုင်‌နေရ ဆဲဖြစ်‌ကြောင်း ယင်း၏ မိခင်ဖြစ်သူက ‌ကေအိုင်စီသို့ ‌ပြောသည်။
ဇန်နဝါရီလ (၁၇) ရက်‌နေ့မှစ၍ အမှုကို တရားရုံးတွင် စတင်စစ်‌ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ စုစု‌ပေါင်း ရုံးချိန် (၇) ကြိမ်ခန့် သမီးဖြစ်သူနှင့်အတူ ဒိုက်ဦး မြို့နယ်တရားရုံးသို့ သွား‌ရောက်ခဲ့ရ‌ကြောင်း ‌နော်‌သောသွဲ့ထူး၏ မိခင် ‌နော်သီသီခိုင်က ယ‌နေ့(မတ်လ ၅ ရက်)တွင် ယခုလို ‌ပြောသည်။
“ရုံးချိန်းက‌တော့ ‌တောက်‌လျှောက်သွား‌နေတာ။ ခုလည်း နက်ဖြန်သွားရဦးမယ် ရုံးချိန်း။ သမီးအတွက် အမှုက‌နေ အမြန်ဆုံး လွတ်‌မြောက်‌စေချင်ပြီ‌ပေါ့‌နော်။ ခဏခဏသွား‌နေရ‌တော့ မသွားချင်‌တော့ဘူး။ အလုပ် ပျက်၊ အကိုင်ပျက်တာ‌ပေါ့” ဟု သူမက ‌ပြောသည်။
‌နော်‌သောသွဲ့ထူး အမှုအတွက် ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးအပါအဝင် လူမှုအဖွဲ့ အစည်းအချို့တို့မှ အား‌ပေးကူညီ‌ပေးမှုများရှိခဲ့သည့်အပြင် လက်ရှိတွင် အမှုအတွက် ဖဒို၊ အင်းတ‌ကော်နှင့် ဒိုက်ဦးမြို့နယ်အသီးသီးမှ ‌ရှေ့‌နေသုံးဦးမှ လိုက်လံကူညီ ‌ဆောင်ရွက်‌ပေး ‌နေ‌ကြောင်းလည်း သိရသည်။
မိခင်ဖြစ်သူ‌နော်သီသီခိုင်က “သူတို့(‌ရှေ့‌နေများ)က‌တော့ အ‌ခြေအ‌နေ‌ကောင်းတယ်လို့‌ပြောတာဘဲ။ ‌နောက် နှစ်ချိန်း၊ သုံးချိန်ဆို ပြီးပြီလို့‌ပြောတယ်။ အချိန်ဘယ်‌လောက်ကြာရင် အမှုက‌နေအလုံးစုံလွတ်မှာလို့‌တော့ မ‌ပြောတတ်ဘူး။ ရုံးချိန်း အတွင်းမှာ‌တော့ ပိုက်ဆံ ဘယ်လိုပါလာတဲ့အ‌ကြောင်း‌တွေ၊ အရင်က အ‌ကြောင်း‌တွေပဲ ‌မေး‌နေတာပဲ”ဟု ‌ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်‌နေ့က အဆိုပါ ‌ငွေစက္ကူတစ်‌သောင်းတန်အတု ၁၅၄ ရွက် ကိုင် ‌ဆောင်မှုနှင့် ပတ်သက်၍ ဒိုက်ဦးမြို့မ ရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံ‌တော် ဗဟိုဘဏ်ဥပ‌ဒေပုဒ်မ ၁၀၅ /၁၀၆ ဖြင့် အမှုဖွင့်အ‌ရေးယူခံရပြီး ဒီဇင်ဘာလ ၂ဝ ရက်‌နေ့တွင် ပြစ်ဒဏ်ကြီး ပုဒ်မ ၁ဝ၆အား ပယ်ဖျက် ‌ပေးခဲ့သည်။
ဗဟိုဘဏ် ဥပ‌ဒေပုဒ်မ ၁ဝ၅ သည် ‌ငွေစက္ကူအတုအား သိလျက်နှင့် သုံးစွဲမှုကို ကျူးလွန်လျှင် ‌ငွေဒဏ်ဖြစ်‌စေ၊ သုံးနှစ်ထက်မပို‌သော ‌ထောင်ဒဏ်ဖြစ်‌စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၁၀၆ သည် ‌ငွေတုပြုလုပ်ခြင်း၊ ‌ငွေတုအား ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းပြုလုပ်လျှင် အနည်းဆုံး ‌ထောင်ဒဏ် ၁ဝနှစ်မှ အများဆုံး နှစ် ၂ဝအထိ ချမှတ်နိုင်သည်ဟု သိရသည် ။
‌နော်‌သောသွဲ့ထူး၏ ‌ရှေ့‌နေအဖြစ် အမှုအတွက် လိုက်ပါ‌ဆောင်ရွက်‌ပေး‌နေသူ ‌ရှေ့‌နေ ‌စောထူးသာ‌ထောက “လက်ရှိက‌တော့ တရားလိုသက်‌သေ‌တွေကို စစ်‌နေတာ‌ပေါ့ဗျာ။ တရားလိုပြ သက်‌သေ (၂၉) ‌ယောက်ထဲမှာ အ‌ယောက် (၂၀) စစ်ပြီးပြီ။ ကျန်တဲ့ (၉) ‌ယောက်ထဲမှာ (၃) ‌ယောက်ဖယ်ထားပြီး (၆) ‌ယောက်ပဲ စစ်ဖို့ကျန်တာ‌ပေါ့။ ကျ‌နော့်အမှုသည်မှာ အပြစ်မရှိဘူးဆိုတာ ကျ‌နော်အသိဆုံးပါ။ အပြစ်မရှိတဲ့အတွက် ကင်းလွတ်‌အောင် ကျ‌နော် ကြိုးစား‌နေတယ်။ လွတ်လည်း လွတ်‌စေချင်တာ‌ပေါ့‌လေ။↔ဟု‌ပြောသည်။
ဒိုက်ဦးမြို့နယ် လယ်ကြား‌မြောင်‌ကျေးရွာတွင် ‌နေထိုင်သူ ‌နော်‌သောသွဲ့ထူးမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း က စကင်္ာပူနိုင်ငံသို့ အိမ်အကူအလုပ်ဖြင့် သွား‌ရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး‌နောက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပုိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် ၎င်းရရှိသည့် လုပ်အားခများကို အိမ်ရှင်မှ စကင်္ာပူနိုင်ငံရှိ MM Sharife Trader တွင် ‌ငွေလဲလှယ်‌ပေးခဲ့ခြင်းဖြစ်သည်ဟု ‌နော်‌သောသွဲ့ထူးတုို့ဘက်က ထုုတ်‌ဖော်‌ပြောဆုိုထားပြီး ရဲတပ်ဖွဲ့ဘက်ကမူ သတင်းအရ ဒီဇင်ဘာ ၆ ရက်‌နေ့တွင် ‌နော်‌သောသွဲ့ထူးအိမ်သို့ သွား‌ရောက်ရှာ ‌ဖွေရာ ရရှိလာ‌သော မြန်မာကျပ်‌ငွေများမှာ ‌ငွေစက္ကူအတုများဖြစ်‌ကြောင်း သိရှိရသဖြင့် အ‌ရေးယူထား‌ကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။
‌နော်‌သောသွဲ့ထူးသည် တစ်‌သောင်းတန် ‌ငွေစက္ကူအတုကိုင်‌ဆောင်မှုဖြင့် အချုပ်ခန်းထဲတွင် (၂၅) ရက်ကြာ ‌နေခဲ့ရပြီး ဇန်နဝါရီ (၃) ရက်က အာမခံဖြင့် ပြန်လည်လွတ်‌မြောက်‌သော်လည်း လက်ရှိအချိန်အထိ အမှုမှ အလုံးစုံလွတ်‌မြောက်ရန် ကြိုးပမ်း‌ဆောင်ရွက်‌နေရဆဲဟု သိရသည်။