Home သတင်း ဧရာဝတီတိုင်း စာ/ယဉ် အလုပ်အမှု‌ဆောင်အဖွဲ့သစ် ပြန်‌ရွေးမည်

ဧရာဝတီတိုင်း စာ/ယဉ် အလုပ်အမှု‌ဆောင်အဖွဲ့သစ် ပြန်‌ရွေးမည်

1490

မတ် ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၊ အလုပ်အမှု‌ဆောင် အဖွဲ့ဝင်သစ်များကို ပြန် ‌ရွေးချယ် သွားရန် ရှိသည်ဟု လက်ရှိ တိုင်းစာယဉ် ဥက္ကဌ ‌စောဖရန်စစ်ခိုင်က မတ် ၁၃ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့ ‌ပြောသည်။
” ပြန်ပြီး‌တော့ ‌ရွေးရမှာ‌ပေါ့ ကျ‌နော်လည်းပဲ အသက်ကြီးပြီး။ ဘာသာ‌ရေးအလုပ်‌တွေ၊ တခြားအလုပ်‌တွေလည်း များတယ်ဆို‌တော့‌လေ။ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်‌တွေ၊ လူကြီး‌တွေရှိမှာ‌ပေါ့ဗျာ‌နော်။ ကျွန်‌တော်တို့က‌တော့ တတ်နိုင်သ‌လောက် ပံ့ပိုး‌ပေးရမှာ‌ပေါ့‌နော်” ဟု လက်ရှိ ဥက္ကဌ ‌စောဖရန်စစ်ခိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။
ယခုလို ဧရာဝတီတိုင်း စာ/ယဉ် အလုပ်အမှု‌ဆောင်သစ်ပြန်ဖွဲ့စည်း‌ရေး အတွက် တိုင်းစာယဉ် အစည်းအ‌ဝေးကို လာမည့် မတ် ၁၉ ရက်‌နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ဂရုနာ‌ဖောင်‌ဒေးရှင်းရုံး၊ အစည်းအ‌ဝေးခန်းမ၌ ပြုလုပ် သွားမည်ဖြစ်ပြီး တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ၊ ကိုယ်စား လှယ်များကို ဖိတ်ကြားထားသည်ဟု တိုင်းစာ/ယဉ် တာဝန်ရှိသူများက ‌ပြောသည်။
‌မြောင်းမြမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းထွန်းလင်းက “လက်ရှိဖွဲ့ထားတဲ့ ‌ကော်မတီက သုံးနှစ်‌ကျော်ပြီ‌လေ။ ပြန်ပြီး ‌ရွေးမှာ‌ပေါ့‌နော်။ ကျစ်လစ်ခိုင်မာတဲ့ ‌ကော်မတီတစ်ခု ဖြစ်‌အောင် ပြန် ‌ရွေးမယ့် အ‌နေအထား‌ပေါ့။ ‌နောက်ပြီး အသင်းဖွဲ့စည်းပုံက အတည်ပြုပြီးတာ နှစ် နှစ်‌လောက်ရှိပြီး။ ဖွဲ့စည်းပုံ အတိုင်း ‌ဆောင်ရွက်ဖို့ ‌ပေါ့‌နော်၊ အဲဒါ‌တွေ ‌ဆွေး‌နွေးဖို့ရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို အရပ်ဖက်အဖွဲ့အစည်းတစ်ခု အ‌နေဖြင့် ဖွဲ့စည်း ထားပြီး ‌ကော်မတီဥက္ကဌကို သင့်‌တော်ပြီး အများသ‌ဘောတူသူကို ‌ရွေးချယ်တာဝန် ‌ပေးထားခြင်းဖြစ်ကာ ကရင့်‌ရေးရာဝန်ကြီးမှလည်း ဥက္ကဌ အ‌နေဖြင့် တာဝန်ယူလုပ်ကိုင်‌ပေးရန် ‌ပြောဆိုမှုများရှိသည်ဟု တိုင်းစာယဉ် တာဝန်ရှိသူများထံမှ သိရသည်။
ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂ဝ ရက်‌နေ့တွင် ပုသိမ်မြို့၊ အထက(၆)‌ကျောင်း၌ ပြုလုပ်သည့် တိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင်(၆)ခုနှင့် မြို့နယ် (၂၀)မှ ကရင် စာ/ယဉ် ‌ကော်မတီ ကိုယ်စားလှယ် ၈ဝ ဦးခန့် တတ်‌ရောက်သည့် အခမ်းအနားတွင် ပြန်လည် ဖွဲ့စည်းခဲ့သည်။
လက်ရှိ ဧရာဝတီတိုင်းစာယဉ်တွင် ဥက္ကဋ္ဌအဖြစ် ‌စောဖရန်စစ်ခိုင်(ပုသိမ်)နှင့် ဒု-ဥက္ကဋ္ဌများမှာ မန်းကံ‌ဌေး (ကျုံ‌ပျော်)၊ မန်းထွန်းလင်း(‌မြောင်းမြ)၊ ‌ဒေါက်တာသန်းဝင်းတင်(လပွတ္တာ)၊ ‌ဒေါက်တာမန်းခင်‌မောင်စိုး (ပန်းတ‌နော်)၊ ‌စောဖါးဝါး (ဇလွန်)၊ မန်းနံ့သာ(ဖျာပုံ) တို့ တာဝန်ယူထား‌ကြောင်း စာယဉ်‌ကော်မတီဝင် များထံမှ သိရသည်။