Home သတင်း အုန်းဖျန်ဒုက္ခသည်တစ်ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံရ

အုန်းဖျန်ဒုက္ခသည်တစ်ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံရ

2494

မတ်လ ၃ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန် ကရင်ဒုက္ခသည်စခန်းတွင်းရှိ ဒုက္ခသည်တစ်ဦးသည် ယခုလ ၂၈ ရက်‌နေ့ ‌သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရကာ ‌သေဆုံးသွားခဲ့သည်ဟု စခန်း တာဝန်ရှိသူများထံမှ သိရ သည်။
အုန်းဖျန်ဒုက္ခသည်စခန်း၊ ဇုန်(A) ရပ်ကွက် (၁) ၊ အိမ်နံပါတ် (၉၉)တွင် ‌နေထိုင်သူ အသက် (၄၉)နှစ် အရွယ် ‌စောတီးဒီကို ပစ်ခတ်သူမှာ စခန်းဆိုင်ရာ ထိုင်းလုံခြုံ‌ရေးအဖွဲ့မှဖြစ်ပြီး မည်သည့်အ‌ကြောင်း‌ကြောင့် ပစ်သတ် ခဲ့သည်ကို အတိအကျမသိရ‌သေး‌သော်လည်း မူးယစ်‌ဆေးဝါးနှင့် ပတ်သက်ခြင်း၊ ခိုးယူစား‌သောက်ရန် ကြံ ရွယ်ခြင်းနှင့်ပုဂ္ဂိုလ်‌ရေးဆိုင်ရာ‌ကြောင့် အပစ်ခံရခြင်းဖြစ်သည်ဟု ‌ပြောဆို‌နေကြ‌ကြောင်း ရပ်ကွက်(၁) တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။
အမည်မ‌ဖော်လိုသူ အဆိုပါ ရပ်ကွက်တာဝန်ရှိသူ က “ ဘယ်လိုအ‌ကြောင်း‌ကြောင့်‌တော့ သတင်းအတိ အကျမသိရဘူး။ ဒါ‌ပေမဲ့ ခန့်မှန်း‌ခြေ‌ပြောကြတာ‌တော့ အဲ့ဒီ လူတစ်‌ယောက်မှာ သူ့‌ခွေး ရှိတယ်။ အဲ့‌ခွေး ‌ဟောင်လို့ပဲ ပစ်တာလား ဘာလဲဆိုတာ‌တော့ သတင်းအတိအကျ မရဘူး။ ဒါ‌ပေမဲ့ အဲ့လူက စခန်းလုံခြုံ‌ရေး ‌တွေ‌နေတဲ့ တန်းလျားနားမှာပဲ‌နေတာ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုခဲ့သည်။
လက်ရှိ ၎င်းပစ်သတ်ခံရသည့်အမှုကို စခန်းတွင်းတာဝန်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး UNHCR မှ တာဝန်ယူ‌ဖြေရှင်း‌ဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်းပစ်သတ်ခံရမှုကို ဖုံးဖိရန်ကြိုး စား ညှိနှိုင်းမှုများလည်းရှိ‌နေသည်ဟု စခန်းတွင်း တာဝန်ရှိသူများက ဆိုသည်။
‌သေဆုံးသွားသူ ‌စောတီးဒီသည် ‌သေနတ်ဖြင့် တစ်ချက်သာ ပစ်ခတ်ခံရခြင်းဖြစ်‌ကြောင်း စခန်းလုံခြုံ‌ရေးဘက်မှ‌ပြောဆိုထား‌သော်လည်း ‌သေနတ်သံ ‌လေးချက်ခန့် ကြားခဲ့ရသည်ဟု စခန်းတွင်းရှိ အနီးအနားမျက်မြင် သက်‌သေများက ကြားသိရ‌ကြောင်း ‌ပြောဆိုပြီး လိုအပ်လျှင်ထွက်ဆိုချက်‌ပေးသွားမည် ဖြစ်‌ကြောင်းလည်း စခန်းတွင်း ‌နေထိုင်သူများက ဆိုသည်။
၎င်းရုပ်အ‌လောင်းကို တာဝန်ရှိသူများအပ သွား‌ရောက်ကြည့်ရှုခွင့်ပိတ်ပင်ထားသလို ဓါတ်ပုံရိုက်ယူခြင်းများမပြုရန်လည်း တားမြစ်ထားပြီး ‌သေဆုံးသူ၏ ရုပ်အ‌လောင်းကို နံနက်ဖြန် (မတ် ၃၁ရက်)တွင် ဈာပန ပြုလုပ် ရန် စီစဉ်ထား‌သော်လည်း UNHCR မှ စုံစမ်းစစ်‌ဆေးမှုပြုရန်ရှိ‌သေးသည့်အတွက် လတ်တ ‌လော တွင် မီးသဂြုင်္ ိဟ်မှုမပြုရန် ၎င်းတို့က ‌တောင်းဆိုထားသည်ဟု သိရသည်။