Home သတင်း အမှတ်(၂) တံတား‌ကြောင့် ကဏ္ဍစုံပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာမည်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ပြောကြား

အမှတ်(၂) တံတား‌ကြောင့် ကဏ္ဍစုံပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာမည်ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ပြောကြား

1666

မတ်လ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်တွင် တည်‌ဆောက်ထားသည့် အမှတ်(၂)ချစ်ကြည်‌ရေးတံတား‌ကြောင့် နှစ်နိုင်ငံကြား ကဏ္ဍစုံ ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်ဟု နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က ယ‌နေ့ (မတ်လ ၁၉ ရက်) တံတား‌ပေါ်၌ ကျင်းပသည့် တံတားတည်‌ဆောက်မှု ပြီးစီးခြင်းအထိမ်းအမှတ် အခမ်းအနားတွင် ‌ပြောဆို ခဲ့သည်။

နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ချစ်ကြည်‌ရေးတံတား တည်‌ဆောက်လိုက်ခြင်း‌ကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်‌ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်‌ကျေးမှု ဖလှယ်‌ရေးကဏ္ဍ၊ ပို့‌ဆောင်‌ရေးကဏ္ဍ၊ ‌ဒေသတွင်း ကုန်သွယ်‌ရေး နဲ့ ပြည်သူအချင်းချင်းထိ‌တွေ့ဆက်ဆံမှု ကဏ္ဍရပ်‌တွေမှာ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေကို ပိုမိုကျယ်ပြန့်လာ‌စေမှာဖြစ်ပါတယ်” ဟု အခမ်းအနား၏ နှုတ်ခွန်းဆက်စကား၌ ထည့်သွင်း ‌ပြောဆိုခဲ့သည်။

ထို့အပြင် တည်‌ဆောက်ပြီးစီးခဲ့သည့် အဆိုပါ အမှတ်(၂)တံတား‌ကြောင့် လက်ရှိအသုံးပြု‌နေသည့် အမှတ်(၁)တံတား အတွင်း ယာဉ်‌ကြောပိတ်ဆို့မှုများကို ‌ဖြေ‌လျှော့သွားနိုင်မည်ဖြစ်သလို နှစ်နိုင်ငံ ကုန်စည်များနှင့် နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်‌ကြောင်းလည်း နိုင်ငံ‌တော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက်‌ပြောဆိုသည်။

မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့တို့ကို ဆက်သွယ်ထားသည့် အမှတ်(၂)ချစ်ကြည်‌ရေးတံတား တည်‌ဆောက်မှု ပြီးစီးခြင်းအခမ်းအနားကို နှစ်နိုင်ငံ အကြီးအကဲများဖြစ်သည့် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင် ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ( Prayut Chan-O–Cha)၊ နှစ်နိုင်ငံအစိုးရ ‌ခေါင်း‌ဆောင်များနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများလည်း ပါဝင်တက်‌ရောက်ခဲ့ကြပြီး နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ နှုတ်ခွန်းဆက်အမှာစကားများ အသီးသီး ‌ပြောကြားခဲ့ကြသည်။

မြဝတီနယ်စပ်ကုန်သွယ်‌ရေး ကုန်သည်များအသင်းဥက္ကဌ ‌ဒေါ်သင်းသင်းမြတ်က “ဒီတံတားကြီးဖြစ်တယ်ဆိုရင် ကုန်သွယ်မှုက ဒီဘက်က ကုန်ကားကြီး‌တွေ ဒီက‌နေ အဓိက ထားသွားမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လက်ရှိလည်း ကုန်သွယ်မှုလုပ်ငန်းကို လုပ်‌နေတာဖြစ်တဲ့အတွက် Export(ပို့ကုန်)၊ Import(သွင်းကုန်) နှစ်ဖက်စလုံး လုပ်‌နေတဲ့ အ‌နေအထားမှာ ကုန်သွယ်မှုက ဒီထက်မြန်ဆန်မှာဖြစ်တဲ့အတွက် အတိုင်းမသိလည်း ဝမ်းသာတယ်။ ‌နောက်တစ်ခုက ကိုယ့်နိုင်ငံ နှစ်ဖက်‌ပေါ့‌နော်၊ ဒီထက်ပိုမိုတိုးတက်‌အောင် သူတို့ရဲ့ Export ‌တွေ များ‌ပေမဲ့ ကျမတို့ရဲ့ Export လည်း များလာ ‌အောင် ကျမတို့ ဒီထက်ပိုပြီး‌တော့ စွမ်း‌ဆောင် နိုင်မယ်လို့ ယူဆတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အသုံးပြု‌နေသည့် မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေးတံတားတွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်ခြမ်းသို့ တင်သွင်းသည့် ကုန်စည်များ စီးဆင်းဝင်‌ရောက်မှု ပိုမိုများပြား‌သော်လည်း မြန်မာဘက်ခြမ်းတွင်မူ ကုန်စည်များထက် အလုပ်သမားအရင်းအမြစ်များသာ ‌နေ့စဉ်ဝင်‌ရောက်လုပ်ကိုင်‌နေကြပြီး ယာဉ်‌ကြောပိတ်ဆို့မှုများစွာလည်းဖြစ်‌ပေါ်ကာ တံတား‌ပေါ်မဟုတ်သည့် ‌သောင်ရင်းမြစ်ကမ်းနဖူးများတွင် တရားမဝင် ကုန်သွယ်မှုများလည်းများစွာလုပ်ကိုင်လျက်ရှိသည့် အတွက် နိုင်ငံ‌တော်အခွန်ဘဏ္ဍာ ထိခိုက်မှုများရှိသည်ဟုု မြို့ခံလူထုများက ဆိုသည်။

လက်ရှိတည်‌ဆောက်ပြီးစီးသွားသည့် အမှတ်(၂)ချစ်ကြည်‌ရေးတံတား၏ စုစု‌ပေါင်းအရှည်မှာ (၇၆၀)မီတာရှိပြီး နှစ်နိုင်ငံလုံး ပါဝင်သည့် လမ်း၊ တံတားတစ်ခုလုံးအရှည်မှာ ၂ဝ ဒသမ ၆ ( ၂ဝ.၆) ကီလိုမီတာ ရှည်လျားသည်။ နှစ်လမ်းသွားပုံစံအပြင် အ‌ရေး‌ပေါ်လမ်းသွယ်များလည်း ပါဝင်တည်‌ဆောက်ထားသည့် ၎င်းတံတားကို လာမည့် ၃ လအတွင်းအသုံးပြုနိုင်ရန် အပြီးသတ်စီစဉ်သွားမည်ဖြစ်သည်ဟု တံတား ဦးစီးဌာန ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ် ဦး‌ကျော်‌ကောင်းချိုက ‌ပြောသည်။

အမှတ်(၂)ချစ်ကြည်‌ရေးတံတားကို ထိုင်း ဘတ်‌ငွေ (၄,၂၃၅)သန်း (အ‌မေရိကန်‌ဒေါ်လာ ၁၃၄သန်း) သုံးစွဲ၍ ထိုင်းနိုင်ငံ သယ်ယူပို့‌ဆောင်‌ရေး ဝန်ကြီးဌာန လက်‌အောက် အ‌ဝေး‌ပြေးလမ်းမကြီး ဌာန(DOH)မှ စုစု‌ပေါင်း စီမံကိန်း တစ်ခုလုံး အတွက် ၂၀၁၅ခုုနှစ်၊ ဩဂုတ်လမှစ၍ ယခုနှစ် ၂၀၁၉ မတ်လအထိ အစအဆုံးတာဝန်ယူ၍ တည်‌ဆောက်‌ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ချစ်ကြည်‌ရေးတံတားတည်‌ဆောက်မှု စီမံကိန်း‌ကြောင့် စီမံကိန်း ဧရိယာတွင်ပါဝင်သည့် ‌ဒေသခံအချို့ ထိခိုက်နစ်နာ မှုများရှိသည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၈နှစ်၊ နှစ်ကုန်ပိုင်းတွင် ‌ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်း ‌ဖြေရှင်းခဲ့‌သော်လည်း လက်ရှိ အချိန်ထိ ‌ပြေလည်မှုမရရှိ‌သေး‌ကြောင်း သိရသည်။