Home သတင်း သုုံးနှစ်အတွင်း ကရင်လက်နက်ကိုင်အဖွဲ့ နယ်‌မြေရှိ က‌လေးငယ် ၉,ဝဝဝ ‌ကျော် ကာကွယ်‌ဆေးထိုးနှံ‌ပေးခဲ့

သုုံးနှစ်အတွင်း ကရင်လက်နက်ကိုင်အဖွဲ့ နယ်‌မြေရှိ က‌လေးငယ် ၉,ဝဝဝ ‌ကျော် ကာကွယ်‌ဆေးထိုးနှံ‌ပေးခဲ့

3033

မတ်လ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အစုိုးရ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကရင်တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့တို့ ပူး‌ပေါင်းလက်တွဲပြီး ၃ နှစ်တာ ကာလအတွင်း KNU-ကရင်အမျိုးသားအစည်းအရုုံး အပါအဝင် ကရင်တိုင်းရင်းသားလက်နက်ကိုင် နယ်‌မြေများအတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၄၀ဝ ရွာ‌ကျော်မှ က‌လေးငယ်‌ပေါင်း ၉,ဝဝဝ‌ကျော်ကို ကာကွယ်‌ဆေးထိုးနှံနုိုင်ခဲ့သည်ဟုု ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHWက ‌ပြောသည်။
KDHW အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါက်တာမာတာက“အစိုးရဌာနသွား‌ရောက်နိုင်တဲ့ ‌နေရာမှာပဲလုပ်လို့ရှိရင် မပြည့်စုံတဲ့အ‌ပေါ်မှာ ‌ဝေးလံ‌ခေါင်ဖျားတဲ့‌နေရာမှာလည်း ကာကွယ်‌ဆေးထိုးနိုင်ဖို့ နိုင်ငံ‌တော်ရဲ့ EPI လုပ်ငန်းကို ၂၀၁၆ခုနှစ်တုန်းက စတင်လုပ်‌ဆောင်တယ်။ ကာကွယ်‌ဆေးက ထိုးချင်တဲ့အချိန်ထိုးလို့မရဘူး ။ မထိုးခင် ‌သေချာ သက်ဆိုင်ရာ အစိုးရဆရာဝန်‌တွေနဲ့ ညှိနှှိုင်း ‌ဆွေး‌နွေးရတယ်။ အစီအစဉ်ချရတယ်။ ကာကွယ်‌ဆေးက ပုံမှန်ထိုးရတာဖြစ်တဲ့အတွက် ငြိမ်းချမ်း‌ရေးရှိ‌နေသ‌ရွေ့ နိုင်ငံ‌တော်နဲ့ပူး‌ပေါင်းပြီး အမြဲဆက်တိုက်လုပ်သွားမှာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
၂၀၁၇-၁၈ ခုနှစ်အတွင်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကရင်တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့တို့ ပူး ‌ပေါင်း‌ဆောင်ရွက်ပြီးစီးခဲ့သည့် တိုးချဲ့ကာကွယ်‌ဆေးလုပ်ငန်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သည့်အ‌နေဖြင့် ယမန်‌နေ့(မတ်လ ၄ ရက်) ဖားအံမြို့ ၊ Zawe Ka Bin Nature Garden Hotel ၌ ပြုလုပ်သည့်‌ဆွေး‌နွေးပွဲတွင် ‌ဒေါက်တာမာတာက ထုိုသုို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်အပြင် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနသင်္ာရီတိုင်းစသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်ထိန်း ချုပ်နယ်‌မြေများတွင် ကနဦးအ‌နေဖြင့် ၂၀၁၆ ခုနှစ်မှစတင်ပြီး သက်ဆိုင်ရာ အစိုးရကျန်းမာ‌ရေးဌာနနှင့် ပူး‌ပေါင်း လုပ်‌ဆောင်ကာ ‌ဒေသအတွင်း ကွင်းဆင်း‌ဆောင်ရွက်နိုင်ရန် ကျန်းမာ‌ရေးဝန်ထမ်း အ‌ယောက် ၁၀၀‌ကျော်သင် တန်း‌ပေးမှုများ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့‌နောက် ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကာကွယ်‌ဆေး ၁၁ မျိုးဖြစ်သည့် ပြင်း ထန်တီဘီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ ‌မေးခိုင်၊ အသည်း‌ရောင်အသားဝါ (ဘီ)၊ ဦး‌နှောက် အ‌မြှေး‌ရောင်၊ ပြင်းထန် အ ဆုတ်‌ရောင်၊ ပိုလီယို၊ ဝက်သက်နှင့် ဂျိုက်သိုး၊ ဂျပန်ဦး‌နှောက်‌ရောင် ‌ရောဂါများအတွက် ၂၀၁၇ ခုနှစ်မှစပြီး က ရင်တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်‌မြေများတွင် အ‌ကောင်အထည်‌ဖော်ကာ အရှိန်မြှင့် တိုးချဲ့ လုပ် ‌ဆောင်ခဲ့လာခဲ့ရာ ‌ကျေးရွာ‌ပေါင်း ၄၀၀‌ကျော်မှ က‌လေးငယ်‌ပေါင်း ၉,ဝဝဝ‌ကျော်ကို ကာကွယ်‌ဆေးထိုးနှံ‌ပေးနိုင်ခဲ့သည်ဟု သိရသည်။
ဗဟိုတိုးချဲ့ကာကွယ်‌ဆေးလုပ်ငန်း စီမံချက် မန်‌နေဂျာ ‌ဒေါက်တာ ‌ဒေါ်ထားထားလင်းက“ကာကွယ်‌ဆေးဟာ ငြိမ်းချမ်း‌ရေးအတွက် ‌ပေါင်းကူးတစ်ခုဖြစ်တယ်။ ကာကွယ်‌ဆေးထိုး‌နေတဲ့ ပလက်‌ဖောင်း‌မြေပြင်‌ပေါ်မှာ ဘာနိုင်ငံ ‌ရေး၊ ဘာဘာသာ‌ရေး ၊ ဘာစီးပွား‌ရေးမှ မရှိပါဘူး။ ကျမတို့ရဲ့ ကျန်းမာ‌ရေးဝန်ထမ်း‌တွေ အစိုးရဘက်က လည်း ‌ကောင်း၊ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက‌သော်လည်း‌ကောင်း ကျမတို့က မည်သည့်နယ် ပယ်ကိုမှ စိတ်ဝင်စားမှုမရှိဘဲ က‌လေး‌တွေကို အာရုံစိုက်ပြီးကာကွယ်‌ဆေးထိုးဖို့အတွက် စနစ်တစ်ခုကို ‌ဆောင်ရွက်ဖို့ ကြိုးစားရပါတယ်”ဟု အဆိုပါ‌ဆွေး‌နွေးပွဲတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။
ထို့အပြင် တစ်နိုင်ငံလုံးရှိ က‌လေးငယ်များအားလုံး ကာကွယ်‌ဆေးထိုးနိုင်ရန် နိုင်ငံ‌တော်အစိုးရ၏ ဘဏ္ဍာ‌ငွေထဲ ကို ‌ရောက်ရှိ‌နေသည့် အလှူရှင်‌ငွေများကိုလည်း ကရင်၊ ကယား၊ ကချင်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား‌ဒေသ များအတွက် လျာထားချက်ရှိထားခဲ့ပြီးဖြစ်ကာ မဖြစ်မ‌နေဆက်လက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွား ရန် လိုအပ်‌ကြောင်းလည်း ‌ဒေါက်တာ ‌ဒေါ်ထားထားလင်းက တိုက်တွန်း‌ပြောဆိုသည်။
ယမန်‌နေ့က ပြုလုပ်သည့် တိုးချဲ့ကာကွယ်‌ဆေးထိုးလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း အစည်းအ‌ဝေးတွင် ကရင်ပြည်နယ်ရှိ ခရိုင်၊ မြို့နယ်အဆင့် အစိုးရ ကျန်းမာ‌ရေးဌာန တာဝန်ရှိသူများ၊ KNU ထိန်းချုပ်နယ်‌မြေ အသီးသီးရှိ ကျန်းမာ‌ရေးဌာန ကိုယ်စားလှယ်များတက်‌ရောက်သည့်အပြင် ရခိုင်၊ ကယားစသည့် တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့ကိုယ်စားလှယ်များလည်း တက်‌ရောက်‌လေ့လာခဲ့ကြသည်။