Home သတင်း မယ်ရာမို ဒုက္ခသည်စခန်းတွင်း မီး‌လောင်မှုဖြစ်ပွား၍ ‌နေအိမ် ၉ လုံးပျက်စီး၊ လူ ၅ဝ ‌ကျော် ဒုက္ခ‌ရောက်

မယ်ရာမို ဒုက္ခသည်စခန်းတွင်း မီး‌လောင်မှုဖြစ်ပွား၍ ‌နေအိမ် ၉ လုံးပျက်စီး၊ လူ ၅ဝ ‌ကျော် ဒုက္ခ‌ရောက်

2766

မတ်လ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်‌သော မယ်ရာမိုဒုက္ခသည်စခန်းတွင် မတ်လ ၂၁ ရက်‌နေ့ မနက်အ‌စောပိုင်းတွင် မီး‌လောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့မှု‌ကြောင့် လူ‌နေအိမ် ၉ လုံး မီး‌လောင်ကျွမ်းသွားခဲ့ပြီး လူ ၅ဝ ‌ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သိရသည်။
ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက “‌နေအိမ် ၉ လုံးမီး‌လောင်သွားတယ်။ ရပ်ကွက် ၂ ‌ဘောလုံးကွင်းနားမှာပါ။ မနက် ၁ နာရီ‌လောက်မှာ စ‌လောင်တာ။ လူ‌နေအိမ် တစ်အိမ်အိမ်က မီးမငြှိမ်းသတ်ထားလို့ ‌လောင်တာဖြစ်ပါလိမ့်မယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့(မတ်လ ၂၂ရက်) ‌ပြောသည်။
အဆိုပါ မီး‌လောင်ကျွမ်းမှုတွင် ထိခိုက်‌သေဆုံးတစ်စုံတရာမရှိဘဲ မီး‌ဘေး‌ကြောင့် ဒုက္ခ‌ရောက်ရှိ‌နေကြသည့် ပြည် သူများမှာ လက်ရှိတွင် ၎င်းတို့ ‌ဆွေမျိုးနှင့် နီးစပ်ရာ အသိမိတ်‌ဆွေ‌နေအိမ်တို့တွင် ယာယီခိုလှုံ‌နေကြရပြီး ထိုင်းတာဝန်ရှိ သူများနှင့် ဒုက္ခသည်စခန်းတာဝန်ရှိသူများမှ သွား‌ရောက်ကွင်းဆင်းကာ ‌ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိ ရသည်။

မြန်မာ ဒုက္ခသည် ဦး‌ရေ တစ်‌သောင်း‌ကျော် ခိုလှုံ‌နေသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် လွန်ခဲ့သည့် ၂ဝ၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင်လည်း အလားတူ မီး‌လောင်ကျွမ်းမှုများရှိခဲ့ဖူးသည်။
ယခုလ မတ် ၄ ရက်တွင်လည်း ထုိုင်း-မြန်မာနယ်စပ် အုန်းဖန်မြို့နယ်ရှိ နုို့ဖုိုး မြန်မာဒုုက္ခသည်စခန်းတွင် အလားတူ မီး‌လောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့၍ လူ‌နေအိမ် ၈ဝ ‌ကျော် မီး‌လောင်ပျက်စီးခဲ့ပြီး လူ ၂ဝဝ ‌ကျော် အတိဒုက္ခ‌ရောက်ခဲ့ ကြရသည်။ လတ်တ‌လောတွင် နို့ဖိုးဒုက္ခသည်စခန်းမီး‌လောင်မှုတွင် ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်မှု ပြီးစီးလုနီးပါးရှိပြီဟု KRCက ‌ပြောသည်။
‌နောက်ဆုံးရရှိသည့် သတင်းအရ ယ‌နေ့(မတ် ၂၂)ရက် မွန်းလွဲပိုင်းတွင်လည်း မယ်ရာမိုဒုက္ခသည်စခန်း၏ အမှတ် ၄ ရပ်ကွက် မီး‌လောင်ကျွမ်းမှု တစ်ခုထပ်မံ ဖြစ်ပွားခဲ့ပြီး လူ‌နေအိမ်တစ်လုံး မီး‌လောင်ကျွမ်းသွားခဲ့သည်ဟု သိရသည်။