Home သတင်း မတူကွဲပြားမှုကို မြှင့်တင်ပြီး ခွဲခြားမှုကို ‌လျှော့ချ‌စေရန် ပန်းတ‌နော်တွင် သင်တန်းပြုလုပ်မည်

မတူကွဲပြားမှုကို မြှင့်တင်ပြီး ခွဲခြားမှုကို ‌လျှော့ချ‌စေရန် ပန်းတ‌နော်တွင် သင်တန်းပြုလုပ်မည်

2868

မတ်လ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

အနာဂတ် လူငယ်များအ‌နေဖြင့် ‌ရှေ့ဆက်လုပ်ငန်းစဉ်များ လုပ်‌ဆောင်ရာတွင် မတူကွဲပြားမှုများအား ခွဲခြား ဆက်ဆံခြင်းမှ ‌လျော့နည်းလာ‌စေရန်အတွက် ကရင်လူငယ်ဖွံ့ဖြိုး‌ရေးသင်တန်းကို ဧရာဝတီတိုင်း‌ဒေသကြီး ပန်းတ‌နော်မြို့နယ်၊ စံကျ‌ကျေးရွာတွင် လာမည့် မတ်လ ၂၂ရက်မှ ၂၇ ရက်‌နေ့အထိ ပြုလုပ်သွားမည် ဖြစ် ‌ကြောင်း သင်တန်းဖြစ်‌မြောက်‌ရေး တာဝန်ခံ စရဲသူရိန်ဟန်က ‌ပြောသည်။

အဆိုပါ သင်တန်းကို “ မတူကွဲပြားမှုကို မြှင့်တင်ပြီး ခွဲခြားမှုကို ‌လျှော့ချဖို့ လူငယ်များ လုပ်‌ဆောင်စို့ ” ‌ခေါင်းစဉ် ‌ပေးထားပြီး ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီ(PLCC) ၏ ကရင်လူငယ်‌ရေးရာ ဆပ် ‌ကော်မတီ( Pantanaw Karen Youth Sub- Committee )မှ ဦး‌ဆောင်ကာ လူမှုအဖွဲ့အစည်း Youth Circle (ရန်ကုန်)တို့နှင့် ပူး‌ပေါင်းပြုလုပ်ခြင်းလည်း ဖြစ်သည်။

စရဲသူရိန်ဟန်က “ လူငယ်‌တွေ အ‌နေနဲ့ အ‌ရှေ့မှာ လုပ်ရမှာ‌တွေ အများကြီး ရှိ‌သေးတဲ့အတွက် ကျား/မနဲ့ ပတ် သက်တာ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု ၊ အသားအ‌ရောင်အရ‌သော်လည်း‌ကောင်း အဲ့လို ကျဉ်း‌မြောင်း တဲ့ အမြင်တစ်ခုတည်းမှာ ရှိမ‌နေ‌စေချင်ဘူး။ ခွဲခြားဆက်ဆံတာ‌တွေက မဖြစ်သင့်ဘူး။ အဲဒီအတွက် ဒီလိုသင်တန်း ‌တွေဖွင့်လှစ်‌ပေးရတာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူငယ်များ အ‌နေဖြင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာအသိပညာ၊ ‌တွေး‌ခေါ်မှုဆိုင်ရာအသိပညာနှင့် ဥပ‌ဒေဆိုင်ရာ အသိပညာများကို ပိုမိုတိုးတက်လာ‌စေရန် ကရင်သမိုင်း‌ကြောင်းများ၊ လူငယ်ဖွံ့ဖြိုးမှုနှင့် ‌ခေါင်း‌ဆောင်မှု၊ ငြိမ်းချမ်း‌ရေးနှင့် သဟဇာတဖြစ်ခြင်း၊ ကရင်လူငယ်များ၏ နိုင်ငံ‌ရေးလှုပ်ရှားမှုများ၊ ယဉ်‌ကျေးမှုဆိုင်ရာ အသိပညာနှင့် တန်ဖိုးထားမှုများအပြင် ပညာ‌ရေးဆိုင်ရာ၊ လူငယ်နှင့်မျိုးပွားမှုဆိုင်ရာများကိုလည်း ထည့်သွင်း သင်ကြား‌ပေးမည်ဟု သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

သင်တန်းတက်‌ရောက်လိုသူများအ‌နေဖြင့် အရည်အချင်း ကန့်သတ်ထားခြင်း မရှိဘဲ စိတ်ပါဝင်စားသူ မည်သူ မဆို တက်‌ရောက်နိုင်ပြီး ပန်းတ‌နော်မြို့နယ် အပြင် ‌ကျောင်းကုန်း၊ ကျုံ‌ပျော်၊ ကန်ကြီး‌ထောင့်နှင့် အိမ်မဲ စသည့် မြို့နယ်များအပါအဝင် စုစု‌ပေါင်း သင်တန်းသား ၁၅၀‌ကျော် တက်‌ရောက်မည်ဟု စာရင်းအရ သိရသည်။

ထို့အပြင် သင်တန်းရက်အတွင်း သင်တန်းသားများ၏ ‌နေရာနှင့် စား‌သောက်‌ရေးကို ကရင်လူငယ်‌ရေးရာဆပ် ‌ကော်မတီ -PKY မှ စီစဉ်‌ပေးမည်ဖြစ်ကာ သင်တန်းသားများအ‌နေဖြင့် လိုအပ်သည့် ‌စောင်၊ ခြင်‌ထောင်၊ ‌ခေါင်း အုံးနှင့် ‌ဆေးဝါးများကိုမူ မိမိအစီအစဉ်ဖြင့် ယူလာရမည်ဖြစ်သည်ဟု သင်တန်းသားများအား ဖိတ်‌ခေါ်သည့် စာတွင် ‌ဖော်ပြပါရှိသည်။

ယခု ပြုလုပ်သည့် ကရင်လူငယ် ဖွံ့ဖြိုး‌ရေးသင်တန်းကို ပန်းတ‌နော်မြို့အတွင်းတွင် (၇)ကြိမ်‌မြောက် ကျင်းပခြင်း ဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းရှိ မအူပင် ၊ ဟသင်္ာတ ၊ အိမ်မဲ၊ ကန်ကြီး‌ဒေါင့် ၊ ‌မြောင်းမြ၊ လပွတ္တာ ၊ ဘိုက‌လေး နှင့် ဖျာပုံ မြို့နယ်များတွင်လည်း ပြုလုပ်နိုင်ရန် ‌ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။