Home သတင်း ထိုင်းနိုင်ငံ နယ်စပ်တွင် ယဉ်‌ကျေးမှု ဖလှယ်ပွဲ နှစ်ရက်တာ ကျင်းပပြုလုပ်

ထိုင်းနိုင်ငံ နယ်စပ်တွင် ယဉ်‌ကျေးမှု ဖလှယ်ပွဲ နှစ်ရက်တာ ကျင်းပပြုလုပ်

2564

မတ်လ ၃၁ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်တွင် ‌နေထိုင်‌သော ကရင်အပါအဝင် တိုင်းရင်းသား လူငယ် ၇ မျိုးပါဝင်သည့် ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲတစ်ခုကို မဲ‌ဆောက်မြို့၊ ဖိုးထိ (Bodhivijjalaya) ‌ကောလိပ်နှင့် တ ရုတ်တန်းတွင် ယမန်‌နေ့ မတ်လ ၃ဝ ရက်မှ ယ‌နေ့ ၃၁ ရက်အထိ ပြုလုပ်ကျင်းပလျက်ရှိသည်။

တိုင်းရင်းသားလူငယ်များအကြား မတူညီသည့် ဓ‌လေ့ထုံးတမ်း ယဉ်‌ကျေးမှုများကို သ‌ဘော‌ပေါက် နားလည်‌စေ ရန် နှင့် ချစ်ကြည်ရင်းနှီးမှုရရှိရန် ရည်ရွယ်၍ မဲ‌ဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မယ်ရမတ်နှင့် ထာ့(မ်)‌ဆောင်ယန်း စသည့် မြို့နယ်(၅)မြို့နယ်အပြင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ ကရင်၊ ကချင်၊ ရှမ်း၊ လားဟူ၊ ‌မြောင်၊ ပအိုဝ်း စ သည့် တိုင်းရင်းသားလူငယ်များပါဝင်‌သော နှီး‌နှောဖလှယ်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲကို ဦး‌ဆောင်စီစဉ်သူ ထိုင်းနိုင်ငံသား ကရင်အဆို‌တော် ‌ဒေါက်တာ ‌စောချစ်စူဝိချန်းက ‌ပြောသည်။

၎င်းက “တိုင်းရင်းသားလူငယ်‌တွေ အချင်းချင်းကြားပိုသိလာ‌အောင်၊ ပိုသိလာရင် နားလည်ကြမယ်။ နားလည် ကြရင် ချစ်ခင်ကြမယ်။ ချစ်ခင်ကြရင် စည်းလုံးညီညွတ်မှု ဖြစ်လာမယ်။ ဒါ‌ကြောင့် ဓ‌လေ့ရိုးရာ ယဉ်‌ကျေးမှု ‌နေရာ တစ်ခုဆိုတာ နူးညံ့‌ပျော့‌ပြောင်းတဲ့‌နေရာတစ်ခုဖြစ်တဲ့အတွက် အဲ့မှာကျ‌နော်တို့ စိတ်ကို ဖွင့်ထားရမယ်။ ကိုယ့် စိတ်ကို ဖွင့်ထားရင် ရင်းနှီး ချစ်ခင်မှု နားလည်မှု စည်းလုံးညီညွတ်မှုကိုရ‌စေမှာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Srinakharinwirot University (SWU) တက္ကသိုလ်၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် အဆိုပါ ယဉ်‌ကျေးမှု နှီး‌နှော ဖလှယ်ပွဲတွင် ရိုးရာကစားစရာများ ကစားခြင်း၊ အစားအ‌သောက်များ ‌လေ့လာစား‌သောက်သင်ယူခြင်း၊ ရိုးရာ လက်မှုပစ္စည်များ ‌လေ့လာသင်ယူခြင်း၊ ရိုးရာယဉ်‌ကျေးမှုကို စင်မြင့်‌ပေါ်၌ ကပြ‌ဖြေ‌ဖျော်ခြင်းနှင့် ပြသခြင်းများပါ ဝင်သည်။

ဖားအံ နည်းပညာတက္ကသိုလ်‌ကျောင်းသူ ‌နော်ဘလုဒိုဝါး က “ဒီလို ယဉ်‌ကျေးမှုဖလှယ်ပွဲကို တစ်ခါမှမမြင်ဖူးဘူး။ ဒီလိုပွဲမျိုးက‌နေ ကျမတို့အတွက် သင်ယူစရာ‌တွေ အများကြီးရရှိနိုင်တယ်။ အထူးသဖြင့် ကွဲပြားစွာ‌နေထိုင်တဲ့ ကျမတို့ ကရင်‌တွေ ဘယ်လို‌နေထိုင်စား‌သောက်သလဲဆိုတာကို ‌လေ့လာခွင့်ရတယ်။ ဒီလိုအစီအစဉ်မျိုးက အနာဂတ်မှာ လူငယ်မျိုးဆက်‌တွေအတွက် အရမ်းကို အ‌ရေးကြီးပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်း တိုင်းရင်းသားလူငယ် ယဉ်‌ကျေးမှု နှီး‌နှောဖလှယ်ပွဲအစီအစဉ်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်စ၍ နှစ်စဉ်ပြု လုပ်ခဲ့ပြီး ယခုနှစ်မှာ စတုတ္ထအကြိမ်‌မြောက်ပြုလုပ်သည့် အစီအစဉ်ဖြစ်သည်ဟု သိရသည်။