Home သတင်း ကရင်‌ကျောင်းသူ ၂ ဦး ယွန်းစလင်းမြစ်အတွင်း ‌ရေနစ်‌သေဆုံး

ကရင်‌ကျောင်းသူ ၂ ဦး ယွန်းစလင်းမြစ်အတွင်း ‌ရေနစ်‌သေဆုံး

2700

မတ်လ ၂၆ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖာပွန်ခရိုင်အတွင်းဖွင့်လှစ်ထား‌သော Mutraw Junior Collage-MTJC ‌ကျောင်းသူနှစ်ဦးသည် ယွန်းစလင်းမြစ်အတွင်း ယခုလ ၂၂ရက်‌နေ့က ‌ရေနစ်‌သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ကရင်ပညာ ‌ရေးဌာန-KEDက ယ‌နေ့ (မတ်လ ၂၆ရက်) သတင်းထုတ်ပြန်သည်။

၎င်းဖြစ်စဉ်၌ ‌ရေနစ်‌သေဆုံးသွားသည့် ‌ကျောင်းသူနှစ်ဦးမှာ ယွန်းစလင်းမြစ်အတွင်း တစ်ဦးနှင့်တစ်ဦး ‌ရေကူး သင်ကြား‌ပေး ‌နေကြရင်း ‌ရေစီးဝဲဂယက်တွင်းသို့ ‌ရောက်ရှိသွားကာ နှစ်ဦးစလုံး နစ်မြှုပ်‌သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု KED ဗဟို ဌာန၏ ရုံးအုပ်‌စောဘဲ‌နေက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“‌သေဆုံးသွားတဲ့‌ကျောင်းသူ‌တွေက ဘယ်လိုပဲဖြစ်ဖြစ် ‌ကျောင်းပြီးရင် အဖွဲ့အစည်း‌တွေမှာ ဒါမှမဟုတ် ကိုယ့်အသိုင်းအဝိုင်းထဲမှာ ပြန်အကျိုးပြုမဲ့သူ‌တွေချည်းပါပဲ။ သူတို့မိဘ‌တွေကလည်း ငယ်ငယ်က‌လေးထဲက စပြီး ဒီအရွယ်ထိ ရည်မှန်းချက်ကြီးကြီးနဲ့‌ကျောင်းကိုပို့ထားတာပဲ။ မိဘ‌တွေအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သလို ကျ‌နော်တို့ အနာဂတ်မျိုးဆက်သစ်‌တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ”ဟု ‌ပြောသည်။

အဆိုပါ ‌သေဆုံးသွားသည့် ‌ကျောင်းသူနှစ်ဦးမှာ လူ‌သောမြို့နယ်၊ ထီးဆွယ်နီ‌ကျေးရွာတွင် ‌နေထိုင်သည့် ‌နော်ခုခုရှီး ၁၉ နှစ်နှင့် ‌တေးမူဒဲ‌ကျေးရွာတွင် ‌နေထိုင်သည့် ‌နော်‌သောတူ‌ဖော ၂ဝ နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး ‌ရေနစ်ချိန်တွင် အခြား‌သော ‌ရေသွားကူးကြသည့် ‌ကျောင်းသူများမှ ကယ်ဆယ် ရန်ကြိုးစားခဲ့ကြ‌သော်လည်း တစ်နာရီခန့်အကြာတွင် ၎င်းတို့၏အ‌လောင်များကိုသာ ပြန်လည် ဆယ်ယူနိုင်ခဲ့သည်ဟု သိရသည်။

MTJC ‌ကျောင်းကိုယခင် ၂၀၁၈ မှစတင်ကာ IHE- Institute Higher Education အစီအစဉ်ဖြင့်စတင်ဖွင့် လှစ်ခဲ့ပြီး သက်တမ်းတစ်နှစ်‌ကျော်သာရှိ‌သေးသည့် ဂျူနီယာ‌ကောလိပ်‌ကျောင်းဖြစ်ကာ လက်ရှိ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ‌ကျောင်းသူ ၄၁ဦးနှင့် ‌ကျောင်းသား ၂၃ဦး စုစု‌ပေါင်း ၆၄ ဦးတက်‌ရောက် ပညာသင်ယူ‌နေ သည့်‌ကျောင်း ဖြစ်သည်ဟု KEDက ‌ပြောသည်။

ယခုနှစ် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၃ရက်‌နေ့ကလည်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယမ်းမြို့နယ်ရှိ ‌ကော်သဘ‌လေး ‌ကျောင်းမှ ပထမနှစ် ‌ကျောင်းသူ ‌နော်မူပီဆိုသူမှ ‌သောင်ရင်းမြစ်တွင် အလားတူ ‌ရေနစ် ‌သေဆုံးမှုတစ်ရပ်ဖြစ်ပွားခဲ့‌သေးသည်။