Home သတင်း ကယားဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ရုပ်တုဖြစ်‌မြောက်‌ရေး‌ကော်မတီကို နိုင်ငံ‌ရေး ရာဇဝတ်‌ကောင်များအဖြစ် ‌ကြေညာ

ကယားဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်ရုပ်တုဖြစ်‌မြောက်‌ရေး‌ကော်မတီကို နိုင်ငံ‌ရေး ရာဇဝတ်‌ကောင်များအဖြစ် ‌ကြေညာ

2772

မတ်လ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ‌ဖောင်းရှို အပါအဝင် ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးဦး‌မော်‌မော်နှင့် ဗိုလ်ချုပ်‌အောင် ဆန်းရုပ်တု ဖြစ်‌မြောက်‌ရေး‌ကော်မတီတို့ကို နိုင်ငံ‌ရေး ရာဇဝတ်‌ကောင်များ၊ ကရင်နီအမျိုးသား သစ္စာ‌ဖောက်များ၊ တိုင်းရင်းသား‌သွေးစည်းချစ်ကြည်‌ရေး၏ ရန်သူများနှင့် ‌ကျေးဇူးကန်းသူများအဖြစ် သတ်မှတ်‌ကြေညာ‌ကြောင်း ကရင်နီပြည်လူငယ်အင်အားစု‌ခေါင်း‌ဆောင်များက ယ‌နေ့ (မတ်လ ၂၅ရက်) ထုတ်ပြန်‌ကြေညာလိုက်သည်။

လက်ရှိဝန်ကြီးချုပ်အပါအဝင် ဗိုလ်ချုပ်‌အောင်ဆန်း‌ကြေးရုပ်တု ဖြစ်‌မြောက်‌ရေးအတွက် ပါဝင်ကြိုးပမ်းသူများအ‌နေဖြင့် ကရင်နီပြည်နှင့် ကရင်နီပြည်သူများ၏ သမိုင်းအား ‌ဖျောက်ဖျက်ရန်ကြိုးပမ်းသူများအဖြစ် ရှုမြင်ခြင်း‌ကြောင့် ယခုလို သတ် မှတ်‌ကြေညာလိုက်ရခြင်းဖြစ်သည်ဟု ‌ကြေညာမှုတွက် ပါဝင်လက်မှတ်‌ရေးထိုးခဲ့သူ ခူးကြူးဖဲ‌ကေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ကြေးရုပ်ဖြစ်‌မြောက်‌ရေး ‌ကော်မတီနဲ့ ဦးအယ်လ‌ဖောင်းရှိုနဲ့ဦး‌မော်‌မော်တို့က ကျ‌နော်တို့ သမိုင်းကို ‌ဖျောက်ဖျက်‌အောင် လုပ်တယ်။ သမိုင်းကို ‌ဖျောက်ဖျက်‌အောင်လုပ်တာ ကျ‌နော်တို့လူမျိုးကို ‌ဖျောက်ဖျက်‌အောင်လုပ်တာပဲ ဖြစ်တယ်။ လူမျိုး တုန်းသတ်ဖြတ်တာက စစ်ရာဇဝတ်မှုလို့ ‌ပြောရင်သမိုင်းကို ‌ဖျောက်ဖျက်‌အောင် ပြုလုပ်တဲ့ သူအကုန်လုံးက နိုင်ငံ‌ရေး ရာဇ ဝတ်‌ကောင်‌တွေဖြစ်တယ်။ ဆို‌တော့ ဒီလူ‌တွေကို ကျ‌နော်တို့က နိုင်ငံ‌ရေးရာဇဝတ်‌ကောင်‌တွေအ‌နေနဲ့ တိတိလင်းလင်း ‌ကြေ ညာလိုက်တာပဲဖြစ်တယ်”ဟု ‌ပြောသည်။

၎င်းတို့၏ ‌တောင်းဆိုချက်များသည် ပြည်နယ်၏ ထူးခြားသည့် ဝိ‌သေသတစ်ခုအား အသိအမှတ်ခြင်းခံရရန်အတွက် ဖြစ် ‌ကြောင်း၊ သို့‌သော် ‌ကြေးရုပ်တုတည်‌ဆောက်ခြင်း ဖြစ်စဉ်တစ်‌လျှောက်လုံးတွင် ‌တောင်းဆိုချက်များအ‌ပေါ် ပြည်နယ် အစိုးရမှ အသိအမှတ်ပြုခဲ့ခြင်းမရှိခဲ့‌ကြောင်း၊ ကရင်နီလူငယ်များအ‌နေဖြင့်လည်း ၎င်းတို့၏သမိုင်းကို အဆုံးစွန်ထိ ကာကွယ် သွားမည် ဖြစ်‌ကြောင်းလည်း ခူးကြူးဖဲ‌ကေးက ဖြည့်စွက်‌ပြောသည်။

ယ‌နေ့ထုတ်ပြန်သည့် ကရင်နီလူငယ်များ၏ ထုတ်ပြန်‌ကြေညာချက်တွင် ဗိုလ်ချုပ်‌အောင်ဆန်း ရုပ်တုတည်‌ဆောက်ခြင်းအ ‌ပေါ်အချိန်မီ ဝိုင်းဝန်းကန့်ကွက်ခဲ့‌သော်လည်း ကန့်ကွက်သူများအား ဖမ်းဆီးတရားစွဲဆိုခြင်းများ၊ ဆန္ဒထုတ်‌ဖော်သူများအား အကြမ်းဖက်ဖြိုခွဲမှုများပြုခဲ့ခြင်း‌ကြောင့် လူထုများ‌သွေး‌မြေကျခဲ့ရ‌သော‌နေ့ ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၂ ‌နေ့အား ကရင်နီပြည်လူထုအ‌ရေး‌တော်ပုံ‌နေ့အဖြစ် တရားဝင် ‌ကြေညာ‌ကြောင်းလည်း ‌ဖော်ပြပါရှိသည်။

ထို့အပြင် အဆိုပါ ဗိုလ်ချုပ်‌ကြေးရုပ်တု တည်‌ဆောက်ခြင်းအတွက် အစိုးရမှ ပါဝင်ပတ်သက်ခြင်းမရှိ‌ကြောင်း ငြင်းဆိုထား ‌သော်လည်း ပြည်နယ်လမ်းပန်းဆက်သွယ်‌ရေး ရံပုံ‌ငွေ သိန်းတစ်‌ထောင်‌ကျော်ကို အုတ်ခုံအတွက် အသုံးပြုခြင်း၊ ‌ကြေးရုပ် အတွက် သိန်း‌လေးရာပံ့ပို့ခြင်းကို လွှတ်‌တော်ကိုပင် အသိမ‌ပေးဘဲ မိမိသ‌ဘောဖြင့် သုံးစွဲခြင်းသည် အာဏာအလွှဲသုံးစား၊ အဂတိလိုက်စားမှုပင်ဖြစ်သည်ဟုလည်း ‌ကြေညာချက်၌ ဆိုထားသည်။

ပြီးခဲ့သည့် မတ်လ ၂ဝ ရက်‌နေ့တွင် ဗိုလ်ချုပ်‌အောင်ဆန်း ‌ကြေးရုပ်နှင့်ပတ်သက်၍ ကရင်နီပြည်လူငယ် အင်အားစု၊ ‌ကြေးရုပ်ဖြစ်‌မြောက်‌ရေး‌ကော်မတီ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗ ဟိုဌာန-NRPCနှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ-KNPPတို့ပါဝင်သည့် ငါးပွင့်ဆိုင်‌တွေ့ဆုံမှု ပြုလုပ်ခဲ့‌သော်လည်း တစ်စုံတရာ သ‌ဘောတူညီမှုမရရှိခဲ့‌ကြောင်း သိရသည်။

လာမည့် ဧပြီလ အတွင်း၌ ‌ကြေးရုပ်ဖြစ်‌မြောက်‌ရေး‌ကော်မတီမပါဝင်သည့် ‌လေးပွင့်ဆိုင်‌တွေ့ ဆုံမှုကို ထပ်မံ ပြုလုပ်သွားရန်ရှိသည်ဟုလည်း ကရင်နီလူငယ်များက ဆိုသည်။