Home သတင်း ကမ္ဘာ့အဆင့် ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ -WLC 8ကို ကရင့်ရိုးရာယဉ်‌ကျေးမှုများ ထည့်သွင်း ကျင်းပမည်

ကမ္ဘာ့အဆင့် ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ -WLC 8ကို ကရင့်ရိုးရာယဉ်‌ကျေးမှုများ ထည့်သွင်း ကျင်းပမည်

3845

မတ်လ ၁၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

လာမည့် ‌မေလဆန်းပိုင်းတွင် ကရင်ပြည်နယ်၌ လာ‌ရောက်ကျင်းပမည့် World Lethwei Championship – WLC 8 ပြိုင်ပွဲတွင် ကရင်လူမျိုးတို့၏ ရိုးရာယဉ်‌ကျေးမှု အ‌ငွေ့အသက်များပါဝင်‌အောင် ထူးခြားသည့် စီစဉ်တင် ဆက်မှုများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း မြန်မာလက်ခ‌မောင်းကုမ္ပဏီ ဥက္ကဌ ဦး‌ဇေသီဟက ‌ကေ အိုင်စီသို့ ‌ပြောသည်။
ဦး‌ဇေသီဟက “ ဒီမှာလုပ်ရတဲ့ရည်ရွယ်ချက်က ကရင်နဲ့လက်‌ဝှေ့နဲ့က ခွဲလို့မရတဲ့အ‌နေအထား ရှိတာကတစ် ‌ကြောင်း‌ပေါ့‌နော်။ ကရင်တို့ရဲ့ယဉ်‌ကျေးမှုကိုလည်း နိုင်ငံတကာကို‌ဖော်ပြချင်တယ်‌လေ။ ဇွဲကပင်‌တောင် အ‌ငွေ့ အသက်‌တွေ၊ ကရင်တို့ရဲ့ရိုးရာဓ‌လေ့‌တွေ၊ ဒီအ‌ငွေ့အသက်‌တွေကို နိုင်ငံတကာကိုသိ‌စေချင်တဲ့ဆန္ဒနဲ့ကျ‌နော် တို့လုပ်တာပါ” ဟု ‌ပြောသည်။
မြန်မာ့ရိုးရာ လက်‌ဝှေ့အားကစားကို ကမ္ဘာသိ‌အောင် ‌ဖော်ထုတ်မြှင့်တင်မှုများပြုလုပ်‌ပေး‌နေသည့် မြန်မာလက်ခ ‌မောင်းကုမ္ပဏီမှ စီစဉ်ကျင်းပမည့် အဆိုပါ World Lethwei Championship – WLC 8 ပြိုင်ပွဲကို လာမည့် ‌မေလ ၅ ရက် ကရင်ပြည်နယ် ဖားအံမြို့ရှိ နာမည်‌ကျော် ချစ်သူမြိုင် အပန်း‌ဖြေဥယျာဉ်တွင် ကျင်းပသွားမည် ဖြစ် သည်။
ထိုသို့ကျင်းပရာတွင် အခမ်းအနားအပြင်အဆင်များကို ကရင်တို့၏ ယဉ်‌ကျေးမှုအ‌ငွေ့အသက်များဖြစ်သည့် ဖား စည်၊ ကျွဲချိုတို့ဖြင့် ထည့်သွင်းတန်ဆာဆင်ခြင်း၊ ကရင်ဒုံးယိမ်းအကများ၊ ကရင်‌တေးသီချင်းများ‌ရွေးချယ်ပြီး ထည့်သွင်းတင်ဆက်ခြင်း၊ ကရင်ဘာသာဖြင့်အချို့‌သော အစီအစဉ်များတွင် ထည့်သွင်း‌ကြေငြာ‌ဖော်ပြခြင်း၊ ကစားသမားများအပါအဝင် အဆိုပါပွဲကို ကရင်ရိုးရာဝတ်စုံ ဝတ်ဆင်ခြင်းဖြင့် ထင်ဟပ်ပြသခြင်း စသည့်အစီ အစဉ်တို့ဖြင့် ပြုလုပ်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။
ထူးခြားသည့် အစီအစဉ်များဖြင့် ထည့်သွင်း ကျင်းပမည့်အဆိုပါပွဲကို အချို့က ‌ဝေဖန်‌ပြောဆိုမှုများရှိ‌နေသည့် အတွက် မြန်မာလက်ခ‌မောင်း ကုမ္ပဏီ ဥက္ကဌဦး‌ဇေသီဟက “ကျ‌နော်တို့လုပ်တဲ့အခါမျိုးမှာ ဘယ်တိုင်းရင်းသား ‌နေရာဘဲ ‌ရောက်‌ရောက် ရှမ်း‌ရောက်ရင် ရှမ်းလို၊ ကရင်‌ရောက်ရင်ကရင်လို အဲဒီလိုနိုင်ငံတကာကို သွား‌နေတဲ့ အချိန်မှာ ကျ‌နော်တို့တိုင်းရင်းသား ရိုးရာဓ‌လေ့‌တွေကိုပါ နိုင်ငံတကာကသိ‌အောင် ထည့်သွင်းသွားမယ့် အစီအ စဉ်နဲ့ပြုလုပ်တာပဲဖြစ်ပါတယ်” ဟု ‌ပြောသည်။
‌မေလဆန်း ၅ ရက်‌နေ့တွင် ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်၌ လာ‌ရောက်ကျင်းပမည့် World Lethwei Championship –WLC 8 ပြိုင်ပွဲတွင် နိုင်ငံခြား အားကစားသမားများပါဝင်သည့် တွဲဆိုင်း ၃ ဆိုင်းအပါအဝင် မြန်မာနိုင်ငံရှိ လက်‌ဝှေ့အ‌ကျော်အ‌မော်များပါဝင်သည့် တွဲဆိုင်း စုစု‌ပေါင်း ၁၂ ဆိုင်းပါဝင်မည်ဖြစ်သည်ဟု သိရ သည်။