Home တွေ့ဆုံမေးမြန်းခန်း နှစ် (၇၀)ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့အ‌ပေါ် မဟာမိတ်‌ခေါင်း‌ဆောင်တချို့၏ ‌ပြောဆိုချက်များ

နှစ် (၇၀)ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့အ‌ပေါ် မဟာမိတ်‌ခေါင်း‌ဆောင်တချို့၏ ‌ပြောဆိုချက်များ

4027

ဦးကိုကိုကြီး (ပြည်သူ့ပါတီ-ဥက္ကဌ)

ကရင့်‌တော်လှန်‌ရေးဟာ ဒါနဲ့ဆိုရင် နှစ် ၇ဝ ပြည့်လာခဲ့ပြီ‌ပေါ့။ ‌ပြောရင် လွတ်လပ်‌ရေးသက်တမ်းနဲ့အမျှပဲ ကြိုးပမ်းလာ ခဲ့ကြတာ‌ပေါ့။ အဲ့‌တော့အဓိကပြဿနာက တိုင်းရင်းသားတန်းတူ‌ရေးနဲ့ ဖက်ဒရယ်တည်‌ဆောက်‌ရေးကို နိုင်ငံ‌ရေးအရ အ‌ကောင်အထည်မ‌ဖော်နိုင်တဲ့အတွက်‌ကြောင့် ဒီလို ‌သွေးထွက်သံယို‌တွေ၊ ဆုံးရှုံးနစ်နာမှု‌တွေ၊ နှစ်ဖက်စလုံး‌ပေါ့‌နော်။ ဒါ‌တွေ ကြိုးပမ်းလာခဲ့ကြတာဟာ တကယ်က နိုင်ငံ‌ရေးအရ ‌ဖြေရှင်းဖို့၊ နိုင်ငံ‌ရေးအရ ရလဒ်‌ကောင်း‌တွေ ထွက်ဖို့၊ အားစိုက်ပြီး လုပ်ရမဲ့ အချိန်လို့ ကျ‌နော်‌တော့ အဲ့လိုမြင်ပါတယ်။ ဆို‌တော့ ကရင်တိုင်းရင်းသား‌တွေအ‌နေနဲ့လည်း ဒီ‌လောက် နှစ်‌ပေါင်းများစွာ နှစ် (၇၀) လုံးလုံး တကယ့်ကို ဇွဲနပဲနဲ့ ကြိုးပမ်းခဲ့တဲ့ သူတို့ရဲ့ သူရသတ္တိကို‌ကော ခံနိုင်ရည်ကို‌ကော၊ စိတ်ဓါတ်ခွန်အားကို‌ကော ကျ‌နော်တို့ မ‌လေးစားဘဲ မ‌နေနိုင်ဘူး။ ဒါ‌ကြောင့် အခုအချိန်မှာ ‌ကေအဲန်ယူကိုယ်တိုင်လည်း ငြိမ်းချမ်း‌ရေးကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဆွေး‌နွေးဖို့အတွက် ‌ရွေးချယ်ထားပြီးသားဖြစ်တယ်။ တချို့ အတားအဆီးဖြစ်‌နေတဲ့ကိစ္စ‌တွေ အငြင်းပွားစရာဖြစ်မဲ့ကိစ္စ‌တွေကို နိုင်ငံ‌ရေးနည်းနဲ့ပဲ စိတ်ရှည်ရှည်နဲ့ ‌ဖြေရှင်းကြဖို့ ကျ‌နော် တိုက်တွန်းချင်ပါတယ်။

ခိုင်စိုးနိုင်‌အောင် (ဒုဥက္ကဌ၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP)


နှစ်‌ပေါင်း (၇၀)ကြာ ကရင့်‌တော်လှန်‌ရေး တည်တံ့‌နေတာဟာ ဒီ ‌စောဘဦးကြီး မူ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ‌ကေအဲန်ယူက တစိုက်မတ်မတ် ကြိုးပမ်းတယ်။ အဲ့‌တော့ နှစ်‌ပေါင်း (၇၀)ကြာအထိ နှစ်‌ပေါင်း (၇၀)‌မြောက်တဲ့‌နေ့မှာ ဒီလို အခမ်းအနား အကြီးကြီးလုပ်တာဟာ အမှတ်တရဖြစ်တယ်။ သမိုင်းလည်းဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစု‌တွေအတွက်လည်း အတုယူစရာ ဖြစ်တယ်။

ခွန်ဆိုင်းဂျာယန် (အကြံ‌ပေး၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS)


ကရင့်‌တော်လှန်‌ရေးကို ကရင်‌တွေရဲ့ ‌တော်လှန်‌ရေးလို့ပဲ မှတ်လိုက်ရင် မရဘူး။ ကရင်က ဘာကို‌တော်လှန်တာလဲ၊ ဘာကို ရချင်တာလဲဆိုတာ ဒါဟာ အ‌ရေးကြီးဆုံးဖြစ်တယ်။ သူ ရချင်တာက ခုနတုန်းက ဒီခိုင်စိုးနိုင်‌အောင် ‌ပြောသွားသလိုဆိုလို့ရှိရင် ဖက်ဒရယ်ဒီမိုက‌ရေစီ လမ်းစဉ်ကြီးကို ချမှတ်ခဲ့တာက ဥက္ကဌကြီး မန်းဘဇံဖြစ်တယ်။ ဒီလမ်းစဉ်ကြီး ‌အောင်တယ်ဆိုလို့ရှိရင် ကျ‌နော်တို့ ‌တော်လှန်‌ရေးကြီးလည်း ‌အောင်တာ‌ပေါ့။ ဒါ‌ပေမဲ့ ဒီလမ်းစဉ်က ကရင်အတွက် လမ်းစဉ်ပဲလား။ ဖက်ဒရယ်ဒီမို က‌ရေစီဆိုတာ ကရင်အတွက်ပဲလား မဟုတ်ဘူး။ အားလုံးအတွက် ဖြစ်တယ်။ ဗမာ အပါအဝင် တိုင်းရင်းသားအားလုံးအတွက် ဖြစ်တယ်။ ဒါ‌ကြောင့်မု့ိလို့ ကရင်‌တော်လှန်‌ရေးကို ကရင်‌တော်လှန်‌ရေး‌လောက်ပဲ မှတ်ထားလို့မရဘူး။ အားလုံး ငါတို့ ပါတယ်ဆိုတာကို အကုန်လုံးဝိုင်းပံ့ပိုးမှ ဒီကိစ္စက ‌အောင်နိုင်တယ်လို့ ဒါပဲ ‌ပြောချင်တယ်။

နိုင်‌အောင်မ‌ငေး (ဗဟိုနိုင်ငံ‌ရေးဌာန- ဒုတာဝန်ခံ၊ မွန်ပြည်သစ်ပါတီ-MNSP)


ကရင့်‌တော်လှန်‌ရေး မွန်‌တော်လှန်‌ရေးနဲ့က ရက်အပိုင်းအခြားက သိပ်မကွာကြဘူး။ အတူတူပဲ။ ခံစားမှုလည်းတူတယ်။ နယ်‌မြေ ချင်းလည်း ဆက်စပ်တယ်။ ကရင်‌တော်လှန်‌ရေးက ကျ‌နော်တို့‌တော်လှန်‌ရေးနဲ့ ဆက်စပ်မှုရှိတယ်။ ‌တော်လှန်‌ရေး ‌အောင်မြင်ဖို့ အတွက် ကျ‌နော်တို့ အဖက်ဖက် အချင်းချင်းလည်း အမြဲတမ်းကူညီ‌ပေးကြတယ်။ ကျ‌နော်‌ပြောချင်တာက ဒီလို‌တော်လှန်‌ရေး‌နေ့ က‌နေပဲ ကျ‌နော်တို့ လိုချင်‌နေတဲ့ အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်က တဖြည်းဖြည်းချင်းက ရလာမယ်။ ကျန်တဲ့အဖွဲ့ အစည်း‌တွေကို ကြည့်ကြည့်လိုက်။ ‌တော်လှန်‌ရေးအဖွဲ့အစည်းမရှိဘူးဆိုရင် တစ်ဖက်အုပ်ချုပ်သူက ကျ‌နော်တို့ကို ဂရုမစိုက်ဘူး။ ဒါကလည်း ကျ‌နော်တို့ သတိချပ်ရတာ‌ပေါ့‌နော်။ ‌တော်လှန်‌ရေးမရှိရင် အုပ်ချုပ်သူက ကျ‌နော်တို့ကို အမျိုးမျိုးဖိနှိပ်မယ်။ အနိုင်ကျင့်တယ်။ တန်းတူရည်တူခွင့် မ‌ပေးဘူးဆိုတာကလည်း ကျ‌နော်တို့မှာ သမိုင်းသင်ခန်းစာက ကျ‌နော်တို့မှာ နက်နက်ရှိုင်းရှိုင်း ရှိတယ်။ ဥပမာ- ‌တော်လှန်‌ရေးအစကဆိုရင် ၁၉၅၈မှာ ကျ‌နော်တို့ မွန်ထဲမှာရှိတဲ့‌သေနတ်အားလုံးကို ‌ပေးလိုက်တယ် အစိုးရကို။ ဒါ‌တောင်မှ ငြိမ်းချမ်း‌ရေးမရခဲ့ဘူး။ အဲ့ဒါကိုကြည့်ရင် ‌ခေတ်အဆက်ဆက် အုပ်စိုးသူ‌တွေက သ‌ဘော ထားမမှန်လို့ သ‌ဘောထားမရှိလို့ ခွဲခြားဆက်ဆံ‌နေလို့ဖြစ်တာ။ ဒါ‌ကြောင့်မို့ ကရင်‌တော်လှန်‌ရေးကြီး ‌အောင်မြင်ဖို့အတွက် ကျ‌နော်တို့ အစစအရာရာ ကူညီ‌ပေးရမယ်။

ကိုမျိုးဝင်း (ဒုဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF)


ဒီ နှစ်(၇၀)ဆိုတဲ့ ခရီးကို ဖြတ်ခဲ့ရတာက လွယ်တာ‌တော့မဟုတ်ဘူး။ ဒီ‌တော်လှန်‌ရေးရဲ့ လက်ရှိ မြန်မာနိုင်ငံ‌ရေးရဲ့ အခန်းကဏ္ဍ မှာ ကရင်အမျိုးသားနဲ့ ကရင့်‌တော်လှန်‌ရေးရဲ့ အခန်းကဏ္ဍက အင်မတန်ကိုမှ အ‌ရေးကြီးပါတယ်။ ဘာ‌ကြောင့်လဲဆိုရင် ၈၈ နဲ့ ကျ‌နော်တို့ ‌တော်လှန်‌ရေးနယ်‌မြေထဲကို‌ရောက်ကတည်းက ဒီကရင်အမျိုးသား‌တွေနဲ့အတူတူ ဒီ KNLA နဲ့အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့တယ်။ တပ်‌ပေါင်းစုမှာလည်းပဲ အတူတကွ လုပ်ခဲ့တယ်။ ဒီ‌ကေအဲန်ယူက ဘယ်လိုပဲ‌ပြော‌ပြော အမျိုးသား‌တော် လှန်‌ရေးအတွက်ဆိုလို့ရှိရင် ဦး‌ဆောင်နိုင်ငံ‌ရေး အဖွဲ့အစည်းကြီးလည်းဖြစ်တယ်။ ဦး‌ဆောင်ပါတီလည်းဖြစ်တယ်။ ဒါ‌ကြောင့် ‌ကေအဲန်ယူ နိုင်ငံ‌ရေး‌ဆောင်ရွက်မှု‌တွေက ဗမာပြည်နိုင်ငံ‌ရေးအတွက် အများကြီး အ‌ထောက်အကူပြုခဲ့ပါတယ်။ ဒါ‌ကြောင့်မို့ ဂုဏ်လည်း ဂုဏ်ယူတယ်။ ဝမ်းလည်း ဝမ်းသာတယ်လို့။ ဒါက ‌ရှေ့ဆက်ပြီး‌တော့မှ အများကြီး ကြိုးစားသွားရမှာ‌ပေါ့။ ကျ‌နော်တို့ လိုချင်တဲ့ ဒီ စစ်မှန်တဲ့ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်ဖို့ဆိုလို့ရှိရင် ဗမာထု တိုင်းရင်းသားလက်နက်ကိုင် အင်အားစု အားလုံး‌ပေါင်းပြီး‌တော့ အများကြီး ကြိုးပမ်းဖို့ လိုတယ်လို့။ ထိုနည်းတူစွာပဲ ကရင်အမျိုးသားထုတစ်ရပ်လုံးကလည်း ‌ကေအဲန်ယူ ဦး‌ဆောင်မှုနဲ့အတူ ‌ပေးဆပ်ပြီး လက်တွဲ ‌ဆောင်ရွက်ဖို့ကို တိုက်တွန်းလိုပါတယ်။

ဦး‌အောင်မင်း (ပြည်‌ထောင်စုဝန်ကြီး‌ဟောင်း)


တစ်ဆို့‌နေတဲ့အ‌ကြောင်းအရင်းက ငြိမ်းချမ်း‌ရေးက ‌ရှေ့တိုးတက်မှုမရှိဘူး။ တိုးတက်မှုမရှိတဲ့အခါကျ‌တော့ လူ‌တွေက ဘာလုပ်ရ မှန်းမသိဘူး ဖြစ်တာ‌ပေါ့။ အဲ့‌တော့ အဲ့လိုဖြစ်တဲ့အခါမှာ ထပ်ပြီး‌တော့ နည်းလမ်းအသစ်‌တွေ ရှာခဲ့တယ်။ ရှာပြီး‌တော့မှ နည်းလမ်း အသစ်‌တွေအတိုင်း အ‌ကောင်အထည်‌ဖော်သင့်တာ‌ပေါ့ဗျား။ အဲ့ဒါကိုပဲ အစိုးရဘက်ကလည်း လုပ်သင့်တယ်။ ‌ကေအဲန်ယူ ဘက်ကလည်း လုပ်သင့်တယ်။ ငြိမ်းချမ်း‌ရေးပျက်တာ‌တော့ မ‌ကောင်းဘူး။ ငြိမ်းချမ်း‌ရေးမပျက်‌အောင်‌တော့ အဲ့လိုပဲ ‌ဆွေး‌နွေးရ မှာပဲ။ ‌ဆွေး‌နွေးတဲ့ နည်းတစ်ခုပဲ ငြိမ်းချမ်း‌ရေးကို ရုန်းလို့ရတာဖြစ်တဲ့အတွက် တိုက်ပွဲ‌တွေမလုပ်ဘဲနဲ့ ‌ဆွေး‌နွေးပွဲလုပ်ကြပါလို့ ဒါပဲ ‌ပြောချင်တယ်။