Home သတင်း ၉ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ ကျင်းပပြီးစီး

၉ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲ ကျင်းပပြီးစီး

3865

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

၉ ကြိမ်‌မြောက် ကရင်ဒိုင်ယာရီ ပန်းချီပြပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန် Gallery ၌ ‌ဖေ‌ဖော်ဝါရီ ၁ဝ မှ ၁၁ ရက်‌နေ့ ထိ ကျင်းပခဲ့ရာ ကရင်ပန်းချီဆရာ ၄၄ ဦး၏ အယ်ခါးလိပ်ပန်းချီ (Acrylic Paint)နှင့် ဆီ‌ဆေး၊ ‌ရေ‌ဆေး ပန်းချီကား ၉၉ ကားကို ပြသခဲ့သည်။

ပန်းချီပြပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ပန်းချီဆရာတစ်ဦးဖြစ်သူ သုဒနုက “ကျ‌နော်တို့ အကျိုး အမြတ်အတွက် ပြတာမဟုတ်ဘူး။ ကရင်ပန်းချီဆရာ‌တွေအ‌နေနဲ့ စုစည်းပြီး ပြပွဲဖြစ်ဖို့ပဲ ရည်ရွယ် တယ်။ ပန်းချီနယ်ပယ်မှာ ကရင်ပန်းချီဆရာ‌တွေ ပြပွဲကို အစဉ်အလာအတိုင်း ပြပွဲဖြစ်ဖို့ အမျိုးသား ‌ရေးသ‌ဘောမျိုးပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ရန်ကုန် ပန်းချီ‌ဈေးကွက်တွင် အ‌ရောင်းအဝယ် နည်းပါးသလို ၎င်းပြပွဲ၌် ပန်းချီကား တစ်ကားသာ ဝယ်ယူသူရှိ‌ကြောင်း ပန်းချီဆရာများထံမှ သိရသည်။

နှစ်ရက်တာ ပြပွဲအတွက် ပြခန်း‌ကြေးတစ်ရက်လျှင် ကျပ် ၃ သိန်းကုန်ကျခံရပြီး ပန်းချီပြပွဲကြိုပြင် သည့် ရက်အပါအဝင် ၃ ရက် ခန်းမငှားခဲ့ရသလို စုစု‌ပေါင်းကုန်ကျ‌ငွေ ကျပ် ၁ဝ သိန်း‌ကျော်ကို ကရင်ပန်းချီဆရာများက စု‌ပေါင်းကုန်ကျခံခဲ့ခြင်းဖြစ်သည်။ ထိုပန်းချီ ပြပွဲသို့ ကရင်ပြည်သူ ၁၀ဝ ခန့် လာ‌ရောက်ကြည့်ရှုခဲ့ကြသည်။

ကရင်ဒိုင်ယာရီ ပန်းချီပြပွဲကို ၂၀၁ဝ ပြည့်နှစ်တွင် ကရင်ပန်းချီဆရာများ စု‌ပေါင်းကျင်းပခဲ့ပြီး မဲ‌ဆောက်၊ ဖားအံနှင့် ရန်ကုန်မြို့တို့တွင် စုစု‌ပေါင်း ၉ ကြိမ်ပြသနိုင်ခဲ့သည်။