Home သတင်း ၂ဝ၁၈ခုနှစ်၊ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု FBR ‌ဆေးမှူး ‌စောဂျိုးဇက် ရရှိ

၂ဝ၁၈ခုနှစ်၊ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆု FBR ‌ဆေးမှူး ‌စောဂျိုးဇက် ရရှိ

3192

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ဖန်း‌ဖောင်‌ဒေးရှင်းမှ ‌ပေးအပ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်၊ KNU-ကရင်အမျိုးသားအစည်းအရုံး အတွင်း‌ရေးမှူးချုပ် ‌ဟောင်း ပဒိုမန်းရှာလူငယ်‌ခေါင်း‌ဆောင်ဆုကို မြန်မာနိုင်ငံအပါအဝင် အ‌ရှေ့အလယ်ပိုင်း‌ဒေသတို့တွင် စစ်‌ဘေးဒဏ်ခံရသည့် ပြည်သူများအား ကျန်းမာ‌ရေးဆိုင်ရာ ကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူ Free Burma Ranger (FBR) ‌ဆေးမှူး ‌စောဂျိုးဇက်ကို ချီးမြှင့်လိုက်သည်ဟု ဖန်း‌ဖောင်‌ဒေးရှင်းက ယမန်‌နေ့(ဇန်နဝါရီ ၃၁ရက်) ထုတ်ပြန်‌ကြေညာခဲ့သည်။

အဆိုပါ ဆုကို ‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ (တပ်မဟာ ၅)တွင် ဇန်နဝါရီ ၃၁ ရက်(ယမန်‌နေ့)က ပြုလုပ်သည့် နှစ် (၇ဝ)ပြည့် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ‌ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ‌စောဂျိုးဇက်အား ဆု‌ပေးအပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ဖန်း‌ဖောင်‌ဒေးရှင်း၏ ဥက္ကဌလည်းဖြစ်၊ ပဒိုမန်းရှာလားဖန်း၏ သား‌ထွေးလည်းဖြစ်သူ စ̕ လုံ့ဖန်းက ယခုလို ‌ပြောသည်။

“မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာမှာပါ လူ့အသက်‌ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ ‌စောဂျိုးဇက်အတွက် အရမ်း ဂုဏ်ယူဝမ်း‌မြောက်မိပါတယ်။ သူဟာ ကျ‌နော်တို့အားလုံးအတွက် စံနမူနာယူထိုက်သူပါ။” ဟု ဖန်း‌ဖောင်‌ဒေး ရှင်း၏ ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

‌စောဂျိုးဇက်သည် ပဋိပက္ခဖြစ်ပွားရာ‌ဒေသရှိပြည်သူများကို အကူအညီ‌ပေး‌နေသည့် Free Burma Ranger (FBR)၏ အကြီးတန်း ‌ဆေးမှူးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရှိ ကရင်၊ ရှမ်း၊ ကချင်ပြည်နယ်များသာမက အ‌ရှေ့ အလယ်ပိုင်း‌ဒေသရှိ ဆီးရီးယား၊ အီရတ်နိုင်ငံနှင့် ကာဒစ်စတန်‌ဒေသများရှိ ပြည်သူများအား ကျန်းမာ‌ရေး ‌စောင့် ‌ရှောက်မှုလုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့သူဖြစ်သည်ဟု သိရသည်။

ထို့အပြင် ၂၀၁၅ ခုနှစ်တွင် IS (Islamic State )စစ်‌သွေးကြွ၏ တိုက်ခိုက်မှုရန်ကို ရင်ဆိုင်‌နေရသည့် ပြည်သူ များအား ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန် ‌စောဂျိုးဇက်အား FBR မှ ‌ရွေးချယ်‌စေလွှတ်ခဲ့ကာ ကာဒစ်လူမျိုး ၅၀ဝ ‌ကျော်အား ‌ဆေးသင်တန်း‌ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် လူနာ‌ပေါင်း တစ်‌ထောင်‌ကျော်အား ‌ဆေးကုသမှု‌ပေးနိုင်ခဲ့သည်။

ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်‌ရေးအတွက် ပညာ‌ရေး၊ လူ့အခွင့်အ‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက်အကူဖြစ်‌အောင် စွမ်းစွမ်းတမံလုပ်‌ဆောင်‌ပေးသူ အသက် ၃၅ နှစ်‌အောက် ကရင်လူငယ်များအား နှစ်စဉ် အ‌မေရိကန်‌ဒေါ်လာ ၂,၀၀ဝ ဖြင့် ‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ဖန်း‌ဖောင်‌ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ အမည်မသိ ‌သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရ‌သော KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာ လားဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်‌ရွှေတို့အား ဂုဏ်ပြုသည့်အ‌နေဖြင့် ကျန်ရစ်သူ သားသမီးများ ဖြစ်ကြ‌သော ‌စော‌စေး‌စေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ ‌ပေးအပ်ချီးမြှင့်‌သော ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ ‌စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူး၊ Hpa-An Youth Network မှ စ̕ ရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာ‌ပေဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဦး‌ဆောင်လုပ်ကိုင်‌နေသူ စ̕သူလှိုင်ဝင်းတို့ကို အသီးသီး‌ပေးအပ်ခဲ့သည်။

၂၀၁၇ ခုနှစ်အတွက် အဆိုပါ လူငယ်‌ခေါင်း‌ဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် လူမှု‌ရေးလုပ်ငန်း လုပ်‌ဆောင်‌နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)မှ ‌စောအဲသို နှင့် အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာ တက်ကြွလှုပ်ရှား‌နေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဆဲဆဲတို့နှစ်ဦးကို ပူးတွဲ‌ပေးအပ်ချီးမြှင့်ခဲ့သည်။