Home သတင်း ‌မြောင်းမြ (၇၁) နှစ်ပြည့် ကရင်အမျိုးသား‌နေ့ လူ‌ထောင်ချီ တက်‌ရောက်

‌မြောင်းမြ (၇၁) နှစ်ပြည့် ကရင်အမျိုးသား‌နေ့ လူ‌ထောင်ချီ တက်‌ရောက်

3365

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ဧရာဝတီတိုင်း‌ဒေသကြီး ‌မြောင်းမြခရိုင် မီး‌သွေး‌ချောင်း‌ကျေးရွာအုပ်စု၊ စခန်းကြီး‌ကျေးရွာတွင် ခရိုင် အဆင့် ကျင်းပသည့် ကရင်အမျိုးသားတို့၏ ‌နေ့ထူး‌နေ့မြတ် ၇၁ နှစ်ပြည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားသို့ စုစု‌ပေါင်း လူဦး‌ရေ ‌ထောင်ချီတက်‌ရောက်ခဲ့ကြသည်။
‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ ဦးစီးပြီး ကရင်အမျိုးသား‌နေ့ကို ‌မြောင်းမြ ခရိုင် အတွင်းရှိ ‌မြောင်းမြမြို့ ၊ အိမ်မဲမြို့၊ ဝါးခယ်မမြို့နယ်နှင့် လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာမြို့ နှင့် ပျဉ်စလူမြို့နယ် စသည့်မြို့နယ်(၅) မြို့နယ်မှ ပထမဆုံးအကြိမ် စု‌ပေါင်းကျင်းပခြင်းလည်း ဖြစ်သည်။

ကရင်အမျိုးသား‌နေ့ အခမ်းအနားသို့ ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော် မတီ(KUPC)၊ ဦးစီး‌ကော်မတီဝင် ပဒို‌စောထွန်း‌အောင်မြင့်၊ ကျုံ‌ပျော်မြို့နယ်အမှတ်(၁)မဲဆန္ဒနယ် လွှတ်‌တော်ကိုယ်စားလှယ် မန်း‌ဂျော်နီ(ဧရာဝတီတိုင်း ဝန်ကြီးချုပ်‌ဟောင်း) ၊ KNU-ကရင်အမျိုးသား အစည်းအရုံး ဗဟို‌ကော်မတီဝင် ‌စော‌တောနီးတို့အပြင် ‌ဒေသခံ ကရင်ပြည်သူလူထု တစ်‌ထောင် ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ယ‌နေ့ အခမ်းအနားကို ‌ဒေါက်တာတီသံပြာ ၊ ‌ဒေါက်တာဆာစံစီဖိုး ၊ ‌ကော်ခို‌စောဘဦးကြီး၊ မန်းဘ ဇန်၊ မန်း‌စောပု၊ ဗိုလ်ချုပ်ကြီး ‌စောဘိုမြ၊ ပဒိုမန်းရှာလားဖန်း စသည့် စစ်‌ကြောင်း (၇)‌ကြောင်းဖြင့် ချီတက်‌နေရာယူပြီးသည့်‌နောက် (၇၁)နှစ်ပြည့် ကရင်အမျိုးသား‌နေ့အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ သည်။ ထို‌နောက် ဦး‌ဆောင် သဘာပတိ ဆရာ‌တော် ဦး‌ကောဏ္ဍညမှ ဩဝါဒ အဖွင့်အမှာစကား မိန့်ကြားခြင်း၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးနှင့် KNLA-ကရင်အမျိုးသားလွတ် ‌မြောက် ‌ရေးတပ်မ‌တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီတို့ထံမှ ‌ပေးပို့‌သော သဝဏ်လွှာများ အား ဖတ်ကြားခဲ့ကြသည်။

ထို့အပြင် ကျုံ‌ပျော်မြို့နယ်အမှတ် (၁) တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ် မန်း‌ဂျော်နီမှ နှုတ်ခွန်း ဆက် အမှာစကား ‌ပြောကြားခြင်း၊ (KUPC) ဦးစီး‌ကော်မတီဝင် ပဒို‌စောထွန်း‌အောင်မြင့်မှ ငြိမ်းချမ်း ‌ရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ KNU ဗဟို‌ကော်မတီဝင် ပဒို‌စော‌တောနီး မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောစာချုပ်-NCA နှင့် KNU ၏ ငြိမ်းချမ်း‌ရေး ကြိုး ပမ်းမှု အ‌ခြေအ‌နေကို ရှင်းလင်းတင်ပြခြင်း၊ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု နာယက ဘုန်း‌တော်ကြီး ဟင်နရီမန်းအိုင်ခလိန်မှ ကရင်အမျိုးသား‌နေ့၏ သွင်ပြင်လက္ခဏာမှသည် ငြိမ်းချမ်း‌ရေးဆီသို့ ‌ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကရင်အမျိုးသား‌နေ့ အခမ်းအနားတွင် ကရင်ဒုံးအကများ၊ နာမည်ကြီး အဆို‌တော်များဖြင့် ‌တေးဂီတ ‌ဖျော်‌ဖြေခြင်းများနှင့် ကရင်ရိုးရာယဉ်‌ကျေးမှု ပြခန်းများလည်း ခင်ကျင်းပြသထားသည်။

ယခုနှစ် ကျ‌ရောက်သည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ဧရာဝတီတိုင်းအတွင်းရှိ ပန်းတ‌နော်၊ ‌ညောင်တုန်း၊ မအူပင်၊ ဓနုဖြူ ၊ ကျုံ‌ပျော်၊ ဟသင်္ာတ ၊ ‌ကျောင်းကုန်း ၊ ကန်ကြီး‌ထောင့် စသည့် မြို့နယ်များတွင်လည်း သက်ဆိုင်ရာ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီများက ဦး‌ဆောင်ကာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသီးသီး ကျင်းပပြုလုပ်ကြသည်ဟု သိရသည်။

၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ ကရင်လူမျိုး ‌လေးသိန်း‌ကျော်သည် ကရင်ပြည်နှင့် တန်းတူအခွင့်‌ရေးရရှိရန် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။ ယင်း‌နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်မှ ၂၅ရက်‌နေ့အထိ ဖာပွန်မြို့နယ်၌ ကျင်းပ‌သော ‌ကော်သူး‌လေ ပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်အမျိုးသား‌နေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ ကျ‌ရောက်‌သော ၇၁ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ဧရာဝတီတိုင်း‌ဒေသကြီးအပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင် ကျင်းပကြသလို နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများကလည်း အခမ်းအနား ပုံစံမျိုးစုံဖြင့် အသီးသီးကျင်းပခဲ့ကြ သည်ဟု သိရသည်။