Home သတင်း ‌ပျောက်ဆုံးသွားသည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူတစ်ဦး ‌သေဆုံးလျက်ပြန်လည်‌တွေ့ရှိ

‌ပျောက်ဆုံးသွားသည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူတစ်ဦး ‌သေဆုံးလျက်ပြန်လည်‌တွေ့ရှိ

2404

‌ဖေ‌ဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

‌ဖေ‌ဖော်ဝါရီလ ၂၃ ရက် (စ‌နေ‌နေ့) က ‌သောင်ရင်းမြစ်တွင် ‌ရေစီးနှင့်‌မျှောပါ ‌ပျောက်ဆုံးသွား သည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခ ရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ ‌ကော်သဘ‌လေး ‌ကျောင်းမှ ပထမနှစ် ‌ကျောင်းသူ ‌နော်မူပီဆိုသူကို ယ‌နေ့တွင် ‌သေဆုံးလျက် ပြန်လည်‌တွေ့ရှိ သည်ဟု၎င်း၏ ‌ကျောင်းအုပ်ဖြစ်သူ ‌စော‌အော်လန်းဒိုက ‌ပြောသည်။

ဖြစ်စဉ်မှာ အဆိုပါ ‌ကျောင်းရှိ ‌ကျောင်းသူ၊ ‌ကျောင်းသား ၁၉ ဦးသည် ‌သောင်ရင်းမြစ်တစ်ဖက်ကမ်းတွင် ထမင်းစား‌သောက် ပြီး ‌သောင်ရင်းမြစ်အတွင်း ခရုဆင်းငုပ်ရှာ‌ဖွေကြစဉ် ‌ကျောင်းသူသုံးဦး‌ရေစီးဖြင့် ‌မျှောပါသွားပြီး နှစ်ဦးကို ပြန်လည်ကယ်ဆယ်‌တွေ့ ရှိခဲ့‌သော်လည်း ‌နော်မူပီဆိုသူမှာ ‌ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

‌ကျောင်းအုပ် ‌စော‌အော်လန်းဒိုက “ကျ‌နော်တို့ ဟိုဖက်ကမ်းကိုသွားပြီး‌တော့ ဘုရားရှိခိုး ပြီးထမင်းစားကြတယ်။ ကျ‌နော်တို့ က ကဒတ်ချဉ်‌တွေသွားခူးမယ်ဆိုပြီး ဟိုလယ်ကွင်းကိုသွားတာ။ သူတို့မိန်းက‌လေး ‌လေး‌ယောက်နဲ့ ‌ကောင်‌လေးတစ်ဖွဲ့က ခရုငုပ်မယ်‌ပေါ့။ ခရုငုပ်မယ်ဆိုတာ ‌ကောင်‌လေး‌တွေပဲငုပ်မှာ သူတို့ကိုမဆင်းဖို့‌ပြောထားတယ်။ ဒါ‌ပေမဲ့ ၃ ‌ယောက်က ဆင်းသွားတယ်လို့‌ပြောတာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌သေဆုံးသွားသည့် ‌ကျောင်းသူကို ထိုင်း-မြန်မာနယ်စပ် တိုထာ့‌ကျေးရွာအနီးရှိ ‌သောင်ရင်းမြစ်၏ မြစ်ကျဉ်း တစ်‌နေ ရာ၌ ‌ခြေ‌ထောက်ချိတ်ပြီး လက်‌ထောက်ပြဟန်ဖြင့် ပြန်လည်‌တွေ့ရှိခဲ့ခြင်းဖြစ်ပြီးသည်ဟု ‌စော‌အော်လန်ဒိုက ဆက်‌ပြောသည်။

‌သေဆုံးသွားသည့် ‌နော်မူပီသည် လက်ရှိတွင် ‌ကော်သဘ‌လေး‌ကျောင်း၌ ပထမနှစ်တက်‌ရောက်သင်ကြား‌နေပြီး သူမ ‌သေဆုံးချိန်တွင် အသက် ၂၁ နှစ်သာရှိ‌သေးသည်။ သူမသည် ယခင်က မယ်လဒုက္ခသည်စခန်းတွင်လည်း Leadership and Management Training College–LMTC ‌ကျောင်းလည်း‌အောင်မြင်ထားပြီးသူဖြစ်သည်ဟု သိရသည်။

လက်ရှိ သူမ၏ အ‌လောင်းကို ‌ကော်သဘ‌လေး‌ကျောင်း၌ ပြန်လည်ထားရှိပြီး ခရစ်ယာန်ဘာသာဝင်များ၏ ဓ‌လေ့ထုံးတမ်း နှင့်အညီ အသုဘချသွားမည်ဖြစ်ကာ ထို့‌နောက် သူမ‌ကျေးရွာရှိရာ ‌လောတီခ‌ကျေးရွာတွင် ဗုဒ္ဓဘာသာဓ‌လေ့အတိုင်း ရက်လည် ဆွမ်း‌ကျွေး အမျှအတန်း‌ပေး‌ဝေသွားမည်ဟု သူမနှင့် နီးစပ်သူများက ‌ပြောသည်။