Home ဆောင်းပါး အနှစ်သာရကို ထိထိမိမိ ပြင်ဆင်‌ရေးဆိုတာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ကို ဖျက်သိမ်းပြီး အ‌ခြေခံဥပ‌ဒေအသစ်‌ရေးဖို့ပဲ

အနှစ်သာရကို ထိထိမိမိ ပြင်ဆင်‌ရေးဆိုတာ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ကို ဖျက်သိမ်းပြီး အ‌ခြေခံဥပ‌ဒေအသစ်‌ရေးဖို့ပဲ

3689

‌မောင်‌ကျော်စွာ
(၂၀၁၉ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီ ၁၉)

ဒီချုပ်ပါတီအစိုးရရဲ့ ဦးစား‌ပေးရည်မှန်းချက်ပန်းတိုင် သုံးရပ်အနက် တတိယအချက်ဖြစ်တဲ့ “ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စု ကြီးတည်‌ဆောက်‌ရေးအတွက် အ‌ခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး”ဟာ ယခုအခါမှာ လက်‌တွေ့လုပ်ငန်း ဖြစ်လာပါပြီ။ ထိုလုပ်ငန်းစဉ်ကို တဆင့်ချင်း လက်‌တွေ့အ‌ကောင်အထည်‌ဖော်လာရာမှာ အဆင့် နှစ်ဆင့်ကို ‌အောက်ပါအတိုင်း မှတ်သား‌တွေ့ရှိရပါတယ်။

(၁) ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၂၉ရက်‌နေ့မှာ “ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ၂၀၀၈ခုနှစ်၊ ပြင် ဆင်‌ရေးလုပ်ငန်းများကို ‌ဆောလျင်စွာ ‌ဆောင်ရွက်နိုင်‌ရေးအတွက် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေပြင်ဆင်‌ရေး ပူး‌ပေါင်း‌ကော်မတီတစ် ရပ်ကို သင့်‌လျော်သည့် ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရန် ပြည်‌ထောင်စုလွှတ်‌တော်ကို တိုက်တွန်း ‌ကြောင်း” အ‌ရေးကြီးအဆိုကို တင်သွင်းခြင်း။ ထိုအ‌ရေးကြီးအဆိုကို ၂၀၁၉ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၆ရက်‌နေ့မှာ ပြည်‌ထောင်စု လွှတ်‌တော်က ‌ဆွေး‌နွေး အတည်ပြုခဲ့ပါတယ်။

(၂) ၂၀၁၉ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီ ၁၉ရက်‌နေ့မှာ ၄၅ဦးပါဝင်တဲ့ “ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ၂၀၀၈ခုနှစ် ပြင်ဆင်‌ရေး ပူး‌ပေါင်း‌ကော်မတီ ဖွဲ့စည်းတာဝန်‌ပေးအပ်ခြင်း” ပြည်‌ထောင်စုလွှတ်‌တော်က အတည်ပြုခဲ့ပါတယ်။

မြင်သာတဲ့ ထူးခြားချက်က ဘာလဲဆို‌တော့ အဆင့်တိုင်းမှာ လွှတ်‌တော်တွင်းရှိ ကာချုပ်၏ နာခံ‌တော်ကိုယ်စားလှယ်များဖြစ်‌သော စစ်ဗိုလ်များအစုရဲ့ ကန့်ကွက်ဆန့်ကျင်မှု‌တွေနဲ့ ဆက်တိုက် ကြုံလာ‌နေရတာပဲဖြစ်ပါတယ်။ ထို့အပြင် စစ်အုပ်စုရဲ့ လက်ခွဲများ ဖြစ်တဲ့ ကြံ့ဖွံ့ပါတီနဲ့ အခြားအဆွယ်အပွား ပါတီများကလည်း စစ်ဗိုလ်များနဲ့ နှစ်ကိုယ့်တစ်စိတ် ဆန့်ကျင်ကြပါတယ်။

ထိုသို့ဆန့်ကျင်ကန့်ကွက်‌သော်လည်း အ‌ရေးကြီးအဆိုသည်လည်း‌ကောင်း၊ ပြင်ဆင်‌ရေးပူး‌ပေါင်း‌ကော်မတီဖွဲ့စည်း တာဝန်‌ပေး အပ်‌ရေးသည်လည်း‌ကောင်း ပြည်‌ထောင်စုလွှတ်‌တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့အတွက် ပြည်‌ထောင်စုလွှတ်‌တော်က တာဝန်ခံ အတည်ပြုဆုံးဖြတ်‌သော ပြည်‌ထောင်စုလွှတ်‌တော်လုပ်ငန်း ဖြစ်သွားပါပြီ။

ပြင်ဆင်‌ရေး ပူး‌ပေါင်း‌ကော်မတီရဲ့ ဦးတည်ချက်၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ထုံးလုပ်နည်း၊ သက်တမ်းတို့ကို သတ်မှတ် အတည်ပြု‌ပေးလိုက်ပါပြီ။ ဖွဲ့စည်း‌ပေးလိုက်ပြီဖြစ်တဲ့ (၄၅)ဦး ပူး‌ပေါင်း‌ကော်မတီဟာ အစီရင်ခံစာအပြည့်အစုံကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၇ရက်‌နေ့မတိုင်မီ ပြည်‌ထောင်စုလွှတ်‌တော်ထံ တင်ပြရမယ်လို့လည်း သတ်မှတ်‌ပေးလိုက်ပြီး ဖြစ်ပါတယ်။

အဲဒီလိုတင်ပြလာမယ့် ပူး‌ပေါင်း‌ကော်မတီ အစီရင်ခံစာ အပြည့်အစုံ‌ပေါ်ကို ပြည်‌ထောင်စုလွှတ်‌တေ်ာကိုယ်စားလှယ်များ က ‌ဆွေး‌နွေးခြင်း၊ လွှတ်‌တော်အဆုံးအဖြတ်ရယူခြင်း စတဲ့လုပ်ငန်း‌တွေကို လုပ်‌ဆောင်ပြီးစီးတဲ့အခါမှသာ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ကိုပြင်ဆင်သည့် ဥပ‌ဒေမူကြမ်းတစ်ရပ်ကို ‌ရေးဆွဲပြုစုကြပြီး ပြည်‌ထောင်စုလွှတ်‌တော်ကို ဆက်လက်တင်သွင်းနိုင်‌ရေးကို စီစဉ်‌ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ယခု အဲဒီအဆင့်ကို လုံးဝ မ‌ရောက်‌သေးပါဘူး။ အဲဒီအဆင့်ကို‌ရောက်မှသာ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၊ အခန်း ၁၂၊ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့မှာ ‌ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ‌ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီပုဒ်မ‌တွေမှာ ပြဋ္ဌာန်းထားတဲ့ အချက်‌တွေနဲ့ ပတ်သက်ရင်လည်း ဒီချုပ်ပါတီအဖို့ အခက်အခဲ မရှိနိုင်ပါဘူး။ အလွယ်တကူ ‌ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ပုဒ်မ ၄၃၅မှာပါတဲ့ “ပြည်‌ထောင်စုလွှတ်‌တော်ရှိ လွှတ်‌တော်ကိုယ်စားလှယ်စုစု‌ပေါင်း၏ ၂ဝရာခိုင်နှုန်း”ဆိုတာ ဒီချုပ်ပါတီအဖို့ ဘာမှ မခက်ခဲပါဘူး။

အဲဒီဆင့်ကိုမ‌ရောက်ခင် ပဏာမအဆင့်ဖြစ်တဲ့ အ‌ရေးကြီးအဆိုတင်ပြခြင်း၊ ပူး‌ပေါင်း‌ကော်မတီဖွဲ့စည်းခြင်း၊ ပူး‌ပေါင်း‌ကော်မတီက ၂၀၀၈အ‌ခြေခံဥပ‌ဒေထဲက ပြင်ဆင်သင့်တဲ့ အခန်းစဉ်အလိုက် ပုဒ်မ‌တွေကို ‌လေ့လာဆန်းစစ်ခြင်း၊ စုစည်းခြင်း စတဲ့ လုပ်ငန်း‌တွေလုပ်ဖို့ ဒီချုပ်ပါတီက လုပ်‌ဆောင်‌နေတာပါ။ ဒီမှာတင်ပဲ ကန့်ကွက်မှုမျိုးစုံကို ကြုံလာကြားလာရတာပါ။ ဒီက‌နေ့ လွှတ်‌တော်ထဲက မဲအင်အားအ‌နေအထားအရ ကာချုပ်ရဲ့ စစ်ဗိုလ်အစုဟာ အဓိက ဆန့်ကျင်ကန့်ကွက်တဲ့ အစုဖြစ်‌နေပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ သူ့ရဲ့ အဆွယ် အပွား‌တွေဟာ ဘာကိုမှ လုပ်နိုင်တဲ့ အ‌နေအထားမရှိပါဘူး။

ဒီ‌တော့ စစ်ဗိုလ်အစုနဲ့ ကြံ့ဖွံ့ပါတီနဲ့ သူ့ရဲ့အဆွယ်အပွား‌တွေဟာ ဒီကန့်ကွက်မှုကို အတူတကွ ဆန့်ကျင်‌နေကြတာပဲ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် ဒီချုပ်ပါတီရဲ့လုပ်‌ဆောင်မှု‌တွေကို ရပ်တန့်သွား‌အောင်အထိ‌တော့ လုပ်နိုင်‌လောက်တဲ့ အင်အားသူတို့မှာ မရှိပါဘူး။

ဒါ‌ပေမယ့် ပုဒ်မ ၄၃၆ (က)မှာ စုစည်း ‌ရေတွက်‌ဖော်ပြထားတဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ အခန်း (၈)ခန်းထဲ စုစု‌ပေါင်း ပုဒ်မ (၉၅)ခုနဲ့ ပတ်သက်လာရင်‌တော့ ဒီချုပ်ပါတီဟာ ပြည်‌ထောင်စုလွှတ်‌တော်ထဲမှာ ၇၅ရာနှုန်းရရှိထားလည်း ထိုပုဒ်မ‌တွေကို ဘယ်လိုမှ ပြင်ဆင်နိုင်မှာ မဟုတ်တာ‌တော့ သိပ်ကို ‌သေချာပါတယ်။

ဒီပုဒ်မ‌တွေ (စုစု‌ပေါင်း ၉၅ခုရှိပါတယ်) ပြင်ဆင်လိုတယ်ဆိုရင် “ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင် နှုန်း‌ကျော်က ပြင်ဆင်ရန် လက်ခံပြီး‌နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်‌ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”လို့ ပြဋ္ဌာန်းထားပါတယ်။

အခုလည်း အဆာဟိရှင်ဘွန်း (The Asahi Shimbun) သတင်းစာနဲ့ ‌မေးမြန်းခန်းမှာ ကာချုပ်ဗိုလ်မင်း‌အောင်လှိုင်က “ဒီ‌နေရာမှာ သတိထားရမှာက‌တော့ ကျွန်‌တော်တို့ ဖွဲ့စည်းပုံအ‌ခြေခံဥ ပ‌ဒေအနှစ်သာရကို မထိခိုက်ဖို့‌တော့ လိုပါတယ်”လို့ ခပ်‌ပြောင်‌ပြောင်ပဲ ‌ပြောထားတာကို ‌တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအချိန်ဒီလိုအ‌နေအထားမှာ ဒီ‌မေးမြန်းခန်းဟာ တိုက်ဆိုင်မှုသက်သက် ဟုတ်ဟန် မတူပါဘူး။ တမင် ချိန်ကိုက်‌ဆောင်ရွက်မှု‌တွေထဲက တစ်ခုလို့ပဲမြင်ပါတယ်။

ပုဒ်မ ၅၉ (စ)နဲ့ သက်ဆိုင်တဲ့ ‌မေးမြန်းမှုကို ‌ဖြေရာမှာလည်း “လက်ရှိ ဒီအတိုင်း ပြဋ္ဌာန်းထားတာဟာ အ‌ကောင်းဆုံးလို့ ယူဆတဲ့ အတွက်‌ကြောင့် ဒါကို‌တော့ မူဝါဒတစ်ရပ်အ‌နေနဲ့ ဆုပ်ကိုင်ထားပါတယ်ဆိုတာလည်း ကျွန်‌တော်‌ပြောလိုပါတယ်” ‌ဖြေထားတာကို သတိပြုမိကြမှာပါ။

ဒီ‌ပြောဆိုချက်‌တွေနဲ့ မ‌ရှေးမ‌နှောင်းမှာ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ‌ဟောင်း၊ သမ္မတ‌ဟောင်း ဗိုလ်သိန်းစိန်‌ပြောကြားတဲ့ အချက်‌တွေ၊ လွှတ်‌တော်ထဲက စစ်ဗိုလ်‌တွေရဲ့မတ်တပ်ရပ် ကန့်ကွက်မှု‌တွေနဲ့ ‌ပေါင်းစပ်လိုက်တဲ့အခါကျ‌တော့ ဒီချုပ်ပါတီရဲ့ “၂၀၀၈အ‌ခြေခံ ဥပ‌ဒေပြင်ဆင်‌ရေး”ဟာ လွှတ်‌တော်တွင်းမှာ‌ရော၊ လွှတ်‌တော်ပြင်ပမှာပါ ကြီးမားတဲ့ ကန့်ကွက်ဆန့်ကျင်မှု‌တွေ၊ ကန့်လန့်တိုက် မှု‌တွေ၊ ကပျက် ယပျက်လုပ်မှု‌တွေ တသီတတန်းကြီးနဲ့ ကြုံရမယ်ဆိုတာ ‌ပေါ်လွင်‌နေပါပြီ။ ဒါ့အပြင် မထင်မှတ်တဲ့အချိန်မှာ မထင် မှတ်တဲ့‌နေရာက ‌ပေါ်ထွက်လာနိုင်တဲ့ လူမျိုး‌ရေး၊ ဘာသာ‌ရေး၊ ‌သွေးခွဲရန်တိုက်‌ပေးတဲ့ ဗရုတ်ဗရက်ဖြစ်မှုမျိုးစုံကိုလည်း သတိကြီး ကြီးထားရမှာဖြစ်သလို စစ်မှုထမ်း‌ဟောင်းတို့၊ စစ်တပ်ချစ်သူ စတဲ့ လက်‌ဝေခံ စု‌ပေါင်းစပ်‌ပေါင်းများရဲ့ စင်ထိုး/ စီတန်းလှည့်လည် တဲ့ ကန့်ကွက်မှု‌တွေ၊ ရန်စ‌နှောင့်ယှက်မှု‌တွေကိုလည်း မလွဲမ‌သွေကြုံရမှာပါ။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ”ကို ပြင်ဆင်ဖို့ဆိုတာဟာ အနှစ်သာရကို ပြင်ဆင်ရမှာပါ။ ‌ရွေး‌ကောက်ပွဲမှာ ပြည်သူ့ဆန္ဒနဲ့ ‌ရွေး‌ကောက် တင်‌မြှောက်ထားတဲ့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌တွေရဲ့ဆန္ဒကို စစ်တပ်ကို ချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ်တစ်ဦး(ကာချုပ်)က စိတ်ကြိုက်ပယ်ဖျက်နိုင်တဲ့အချက်ကို မုချ ပြင်ဆင်ရမှာပါ။ ဒါ့အပြင် အစိုးရနဲ့ လွှတ်‌တော်အဆင့်ဆင့်ကို ‌ရွေး‌ကောက်ပွဲမှာ ပြည်သူ့ ဆန္ဒနဲ့ ‌ရွေးချယ်ထားသူ‌တွေနဲ့သာ ဖွဲ့စည်းရမယ်ဆိုတဲ့ အနှစ်သာကို အ‌ခြေခံဥပ‌ဒေထဲကို တိတိကျကျ ထည့်သွင်း‌ပေးရမှာလည်း ဖြစ်ပါတယ်။

ဒါ‌ကြောင့် ပြင်ဆင်‌ရေးရဲ့ အဓိကဦးတည်ချက်ဟာ အနှစ်သာရကို ပြင်ဆင်‌ပြောင်းလဲပစ်ရမှာပါ။ စစ်အုပ်စုက စိတ်ကြိုက် ထာဝ စဉ်ဗိုလ်ကျလွှမ်းမိုးထားနိုင်တဲ့ အနှစ်သာရကို ပြတ်ပြတ်သားသား ဖယ်ထုတ်ပစ်ပြီး ဒီမိုက‌ရေစီစံနှုန်း‌တွေနဲ့ ကိုက်ညီတဲ့ အနှစ်သာ ရ၊ ပြည်‌ထောင်စုစစ်စစ်ကို ‌ဖော်‌ဆောင်နိုင်မယ့် အနှစ်သာရကို ထည့်သွင်း‌ပေးရမှာဖြစ်ပါတယ်။

ပြည်သူ‌တွေလိုလားတဲ့ ပြင်ဆင်‌ရေးဟာ အနှစ်သာရကို ‌ပြောင်းလဲပစ်တဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲက စစ်အုပ်စုရဲ့ အတိတ် – ပစ္စုပ္ပန် – အနာဂတ်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်‌ပေးထားတဲ့ ဝိဉာဉ်ကို နှုတ်ပယ်ပစ်ပြီး စစ်မှန်ပြည့်ဝတဲ့ ဒီမိုက‌ရေစီ ဝိဉာဉ်ကို ထည့်သွင်း‌ပေး‌ရေးဖြစ်ပါတယ်။

ဒါ‌ကြောင့် လွှတ်‌တော်တွင် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးလှုပ်ရှားမှုဟာ အခန်း ၁၂၊ ပုဒ်မ ၄၃၆ (က)အတိုင်းသာ သွားရ မယ်ဆိုရင် အနှစ်သာရကို ပြင်ဆင်တဲ့၊ ‌ပြောင်းလဲတဲ့ တကယ့်ပြင်ဆင်‌ပြောင်းလဲ‌ရေး ဘယ်လိုမှ မဟုတ်နိုင်ပါဘူး။ အရုပ်ဆိုး အကျည်းတန်လွန်းတဲ့ စစ်အုပ်စုကို မိတ်ကပ်လိမ်း အလှခြယ်‌ပေးသလိုသာ ဖြစ်‌နေပါလိမ့်မယ်။ ဒီအချက်ကို ပြင်ဆင်‌ရေး သမား‌တွေ သိရှိနားလည်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်။ ဒါ‌ကြောင့် အခန်း ၁၂ပါ ပြဋ္ဌာန်းချက်‌တွေအတိုင်း ပြင်ဆင်မရရင် ဘာဆက်လုပ်ကြမလဲ ဆိုတာကိုလည်း အားလုံးပြင်ဆင်ထားရလိမ့်မယ်။

ကာချုပ်ဗိုလ်မင်း‌အောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အနှစ်သာရကို မထိနဲ့လို့ ‌ပြော‌နေတယ်။ ပြည်သူ‌တွေနဲ့အတူ၊ ပြည်သူ့ဆန္ဒနဲ့အတူ တကယ်ပဲ ချီတက်မယ်ဆိုရင် ဒီချုပ်ပါတီအ‌နေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ အနှစ်သာရကို ထိထိမိမိ ပြင်ဆင်‌ပြောင်းလဲပစ်ရလိမ့်မယ်။ ဒီကိစ္စဟာ တချို့‌ပြော‌နေသလို အ‌ခြေခံဥပ‌ဒေဆိုင်ရာ အကြပ်အတည်းမဟုတ်ဘူး။ စစ်အုပ်စုရဲ့ နိုင်ငံ‌ရေးအရ ဗိုလ်ကျအနိုင်ကျင့်မှုဖြစ်တယ်။ ဒါ‌ကြောင့် ငုံ့ခံ‌နေလို့ မရဘူး။ ကွယ်လွန်သူ ဆရာဦးဝင်းတင်ဩဝါဒနဲ့အညီ ရုန်းကန် ကြရလိမ့်မယ်။ တွန်းလှန်ကြရလိမ့်မယ်။ အနှစ်သာရကို ထိထိမိမိပြင်ဆင်‌ရေးဆိုတာ တကယ်‌တော့ အ‌ခြေခံဥပ‌ဒေအသစ်‌ရေးပြီး အစားထိုးဖို့ပါပဲ။