Home တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ

2739

မွန်ပြည်နယ်၊ ‌ချောင်းဆုံမြို့နယ်ရှိ ကရင်ဝင်းစိန်‌ကျေးရွာတွင် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့က ကျင်းပပြုလုပ်‌သော ၇၁နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနား ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ဦးဇင်း ဦးပညာဝံသနှင့် ‌ကေအိုင်စီ ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌မေး။ ။ ကရင်အမျိုးသား‌နေ့ကို မွန်ပြည်နယ်၊ ‌ချောင်းဆုံမြို့နယ်က ကရင်ဝင်းစိန်‌ကျေးရွာမှာ ကျင်းပဖို့ ဖြစ်လာရတဲ့ အ‌ကြောင်းရင်း‌လေး မိန့်ကြား‌ပေးပါလား။

‌ဖြေ။ ။ ဘာဖြစ်လို့ ဒီ‌နေရာကို‌ရွေးချယ်လုပ်ရလဲဆို‌တော့ ဦးဇင်း‌နေတဲ့‌နေရာက အထဲဖြစ်‌နေတဲ့အတွက်‌ကြောင့် လုပ်ရပြုရ သွားလာရခက်ခဲတဲ့အတွက်‌ကြောင့် အမျိုးသား‌နေ့လုပ်တဲ့‌နေရာမှာ ဒီကရင်ဝင်းစိန်‌နေရာကို ‌ရွေးချယ်လိုက်တယ်။ ဘာ‌ကြောင့် ‌ရွေးချယ်ရလဲဆို‌တော့ အလယ်ဗဟိုလည်း ဖြစ်တယ်။ ‌ခေါင်း‌ဆောင်ကြီး‌တွေရဲ့ရွာလည်းဖြစ်တဲ့အတွက်‌ကြောင့် အမျိုးသား‌နေ့ လုပ်ဖို့ ဦးဇင်းအ‌နေနဲ့ ‌ရွေးချယ်လိုက်တာပါ။

‌မေး။ ။ အထူးသဖြင့် ကရင်နဲ့ပတ်သက်တဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေက‌တော့ ခု‌နောက်ပိုင်းမှ လုပ်လာတာ‌ပေါ့‌နော်။ အရင်ကနဲ့အခု ဘယ်လို ကွာခြားသလဲ‌ပေါ့။

‌ဖြေ။ ။ အရင်က‌တော့ ဒီဘီလူးကျွန်းမှာရှိတဲ့ ကရင်‌တွေက‌တော့ နှစ်သစ်ကူးတစ်ခုပဲရှိတာ‌ပေါ့‌နော်။ ဒီကရင်အမျိုးသား‌နေ့တို့၊ အာဇာနည်‌နေ့တို့ကျ‌တော့ ဦးဇင်းတို့ ၂၀၁၄ခုနှစ်စပြီး ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု စဖွဲ့စည်းပြီးမှ ကရင်‌နေ့ထူး‌နေ့မြတ်က ပထမဦး ဆုံးက ဖံဖမှာ ဦးဇင်းတို့ အာဇာနည်‌နေ့ ကျင်းပတယ်။ အာဇာနည်‌နေ့ကျင်းပပြီး‌တော့ ‌နောက်ကရင်လက်ချည်ပွဲ၊ အခု ဒီ ၂၀၁၉ ခုနှစ်မှာ ကရင်အမျိုးသား‌နေ့ကို ပထမအကြိမ် ကျင်းပတာဖြစ်တယ်။ အခု ဒီအမျိုးသား‌နေ့ ကျင်းပတာက‌တော့ ‌ချောင်းဆုံမြို့န နယ်အဆင့်အ‌နေနဲ့‌ပေါ့ ပထမဆုံးအကြိမ်ပဲ ရှိ‌သေးတယ်။

‌မေး။ ။ အခု ၇၁နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ဘယ်လိုပုံစံ စီစဉ်‌ဆောင်ရွက်လာခဲ့ရသလဲဆိုတာ‌လေး မြွက်ကြား‌ပေးပါလား ဘုရား။

ဒီ‌နေ့ထူး‌နေ့မြတ်လုပ်တာကျ‌တော့ ဘယ်လို‌ပြောရမလဲ ဒီဟာကျ‌တော့မလုပ်ခင်မှာ ‌ကျေးရွာ‌တွေကို အစည်းအ‌ဝေး‌ခေါ်တယ်။ မြို့နယ်ခွင့်ပြုချက်နဲ့ တိုင်ပင်ညှိနှိုင်းတယ်။ တိုင်ပင်ညှိနှိုင်းပြီး‌တော့မှ ဦးဇင်းတို့က ဥပ‌ဒေ‌ဘောင်ထဲက‌နေ လုပ်တယ်‌ပေါ့‌နော်။ ဘာဖြစ်လို့လဲဆို‌တော့ အဲဒီလိုမလုပ်ရင် ဦးဇင်းတို့လူမျိုးအတွက် နစ်နာတယ်‌လေ။ ဒီလိုမျိုးဥပ‌ဒေ‌ဘောင်ထဲလုပ်မှ၊ မလုပ်ခင်မှာ တစ်‌ယောက်နဲ့တစ်‌ယောက်တိုင်ပင်ကြတယ်။ အဲလိုညှိနှိုင်းပြီး‌တော့မှ ဦးဇင်းတို့အလုပ်လုပ်တယ်။ ‌နောက် ‌ငွေ‌ရေး‌ကြေး‌ရေးပိုင်း ကျ‌တော့ အာဇာနည်‌နေ့တုန်းက ‌ကျေးရွာ‌တွေက‌နေ လာ‌ထောက်ပံ့‌ပေးတယ်။ ဦးဇင်းတို့ကလည်း တတ်နိုင်သ‌လောက်‌လေး ပါဝင်ရင်းနဲ့ပဲ အဲဒီ‌နေ့ထူး‌နေ့မြတ်‌လေးဖြစ်သွားတာ‌ပေါ့။

‌မေး။ ။ ဒီအခမ်းအနားမှာ လူထုပါဝင်မှုက ဘယ်‌လောက်ရှိပါသလဲ။

‌ဖြေ။ ။ ဒီမှာ လူထုပါဝင်မှုအားက ဒီမနက် ဦးဇင်းတို့စာရင်းအရ‌ပေါ့‌နော်။ လူဦး‌ရေ‌တော့ ၆၀၀‌လောက် ရှိတာ‌ပေါ့။ ဒီအ‌ကျွေးအ‌မွေး ပရိဿတ်‌ရော၊ အ‌ဝေးကလာတဲ့ ပရိဿတ်‌ရော၊ ‌ချောင်းဆုံမြို့နယ်က လာတဲ့ ပရိဿတ်‌ရော။ ဘီးလင်းတို့၊ အ‌ပေါင်တို့ ကျိုက်မ‌ရော၊ မုဒုံ၊ သံဖြူဇရပ်၊ ‌ရေး အားလုံး ၇မြို့နယ် အားလုံးလူဦး‌ရေ ၆၀၀‌လောက်ရှိတာ‌ပေါ့။

‌မေး။ ။ ဦးဇင်းအ‌နေနဲ့ ဘယ်‌လောက်အထိ‌ကော ‌ကျေနပ်အားရမှုရှိပါသလဲ ဘုရား။

အရင်ကထက်စာရင် အခုအထိ‌တော့ နည်းနည်း‌တော့ အားရ‌ကျေနပ်လာပြီ‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ သူတို့‌တွေအ‌နေနဲ့ မျိုးချစ်စိတ်‌လေး‌တွေ နည်းနည်းသိလာပြီ။ ကိုယ့်လူမျိုး၊ စာ‌ပေ ယဉ်‌ကျေးမှု‌တွေလည်းသိလာပြီဆို‌တော့ အရင်ကထက်စာရင် ဦးဇင်းတို့ အားရမှု ပိုရှိလာတာ‌ပေါ့။

‌မေး။ ။ ဘီလူးကျွန်း‌ဒေသက ကရင်လူမှုအသိုင်းအဝို်င်းရဲ့ ‌နောက်ခံ‌လေးနဲ့ လက်ရှိ ‌ဒေသန္တရ အ‌ခြေအ‌နေ‌လေး‌တွေက ဘယ်လိုရှိပါသလဲ။

‌ဖြေ။ ။ အခုအချိန်က‌တော့ ကြည့်မယ်ဆိုရင် ဦးဇင်းတို့ ဒီ‌နေရာက‌နေ လွန်ခဲ့တဲ့နှစ်‌ပေါင်းများစွာက ကရင်‌တော် လှန်‌ရေး‌ခေါင်း‌ဆောင်‌တွေ ထွက်ခဲ့တယ်ဆိုတာက ဥပမာ အ‌ရှေ့က ‌ရှေ့‌ဆောင်လမ်းပြခဲ့တဲ့ ဗိုလ်ချုပ်စိုင်း‌ကေ၊ ဖီး‌နော်ခါရီတို့ ‌နောက်ပြီး‌တော့ ဗိုလ်ချုပ်တာမလာ‌ဘောတို့ အဲဒီလိုအမျိုးသား‌ခေါင်း‌ဆောင်‌တွေ ထွက်‌ပေါ်ခဲ့တာ‌ပေါ့‌နော်။ ‌နောက်ပိုင်းကျ‌တော့ မထွက်‌ပေါ်‌တော့ဘူး။ ဘာ‌ကြောင့်မထွက်‌ပေါ်‌တော့လဲဆိုရင် ‌ခေတ်‌တွေက တ‌ခေတ်နဲ့တ‌ခေတ်မတူဘူး‌လေ။ စနစ်တစ်ခုနဲ့ တစ်ခု လည်း မတူဘူး။ ဦးဇင်းတို့ ဘီလူးကျွန်းက ကရင်‌တွေအလှည့်ကျ‌တော့ အစိုးရရဲ့ပညာ‌ရေးတစ်ခုပဲ အားသာချက်ရှိတာ‌ပေါ့။ ‌ရှေ့‌ဆောင်မယ့်‌ခေါင်း‌ဆောင်‌တွေ အားနည်းသွားတာ‌ပေါ့။
ဒါ‌ပေမယ့် တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် ပညာ‌ရေးဘက်မှာဆိုရင် ‌ကျောင်းဆရာ၊ ဆရာမ‌တွေထွက်‌ပေါ်လာတာ‌ပေါ့‌နော်။ က‌လေး‌တွေကလည်း ပညာ‌ရေးဘက်မှာ ပိုအားသာတာ‌ပေါ့‌နော်။ အခုဦးဇင်းတို့ ကရင်အမျိုးသား‌နေ့ကျင်းပတဲ့ ကရင်ရွာမှာဆို ရင် ‌ကျောင်းဆရာ၊ဆရာမ အနည်းဆုံးမရှိဘူးဆိုရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြ ဆရာ၊ဆရာမ အ‌ယောက် ၄ဝ ‌လောက်ရှိတာ‌ပေါ့။ PT ကျတဲ့ ဆရာမ‌တွေ၊ ပညာ‌ရေး‌ကောလိပ်ဆင်းတဲ့ ဆရာမ‌တွေ အများကြီးရှိ‌သေးတယ်။

‌မေး။ ။ ဘီလူးကျွန်း၊ ‌ချောင်းဆုံဘက်က ကရင်‌တွေအ‌နေနဲ့ အခြား‌ဒေသက ကရင်အသိုင်းအဝိုင်း ချိတ်ဆက်မှု‌တွေ ဘယ်လို ရှိ‌နေပါသလဲ။

‌ဖြေ။ ။ ဦးဇင်းတို့အ‌နေနဲ့က‌တော့ သွားရလာရတာများတဲ့အခါကျ‌တော့ ဘယ်လို‌တွေ့မြင်ရလဲဆိုရင် တခြား‌ဒေသ‌တွေမှာ ကရင်ရဲ့စာ‌ပေရိုးရာ ဓ‌လေ့‌တွေ ယဉ်‌ကျေးမှု‌တွေက ပိုပြီးအားသန်တယ်‌ပေါ့‌နော်။ ကရင်ပြည်နယ်တို့၊ ဧရာဝတီတိုင်းတို့ ရန်ကုန် တိုင်းတို့က ပိုပြီးအားသန်တာ‌ပေါ့။ အခု‌ချောင်းဆုံမြို့နယ်မှာကျ‌တော့ အခုမှနည်းနည်း ကရင်ရဲ့အသိစိတ်ဓာတ်၊ အတတ်ပညာ စာ‌ပေရိုးရာ ယဉ်‌ကျေးမှုဓ‌လေ့ အခု ၂၀၁၆-၂၀၁၇ ‌လောက်မှ ပိုပြီးတဖြည်းဖြည်းကျယ်ပြန့်လာတာ‌ပေါ့။
ကရင်စာ‌ပေစသင်လာတာက‌တော့ ၂၀၁၆ က‌နေအခု ၂၀၁၉ အထိ ၄နှစ်တာမှာ ကရင်ရွာ ၇ရွာရှိပြီ‌ပေါ့။ အခုမှက‌လေး‌တွေလည်း စာ‌ပေနဲ့ပတ်သက်ပြီး ကျယ်ပြန့်လာတာ‌ပေါ့။ အရင်တုန်းကဆိုရင် ဒီ‌လောက်ထိ မကျယ်ပြန့်ဘူး‌ပေါ့။ ၂၀၁၄ ခုနှစ်မှာ ကရင်စာ‌ပေ ယဉ်‌ကျေးမှုပြန်ဖွဲ့ပြီး‌တော့ ဒီ‌ချောင်းဆုံက က‌လေး‌တွေကို ဖားအံကိုပို့တယ်။ ပြန်လာပြီး‌တော့ ကိုယ့်‌ကျောင်း၊ ကိုယ့်ဆရာနဲ့ ပြန် လာချ‌ပေး‌တော့ ကျယ်ပြန့်လာတာ‌ပေါ့။
ဘယ်လို‌ပြောရမလဲဆို‌တော့ အရင်တုန်းက ဦးစီးလုပ်‌ဆောင်‌ပေးမယ့်သူ မရှိဘူး‌ပေါ့။ အရင်တုန်းကလည်း စာ‌ပေယဉ်‌ကျေးမှုအဖွဲ့ ဆိုတာ ရှိတယ်။ ဒါကလည်း နှစ်သစ်ကူးတစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်‌ဆောင်နိုင်ခဲ့တယ်။ အဲဒါတစ်ခုပဲ။ ကျန်တာ‌တော့ ဘာမှမရှိဘူး။

‌မေး။ ။ ဒီနှစ် ကျင်းပပြီးခဲ့တဲ့ အခမ်းအနား‌တွေ‌နောက်ပိုင်း လာမယ့်နှစ်‌တွေမှာ‌ကော သမိုင်းဆိုင်ရာ ‌နေ့ထူး‌နေ့မြတ်‌တွေကို ဦးဇင်းတို့အ‌နေနဲ့ ဘယ်လိုပုံစံ‌လေး ‌ဆောင်ရွက်သွားဖို့ စဉ်းစားချက်‌တွေ ရလာပါသလဲ။

အခုဦးဇင်းတို့သွား‌နေတဲ့ ‌နေ့ထူး‌နေ့မြတ်ကျ‌တော့ အဓိကဦးဇင်းတို့မှာ စနစ်တကျနဲ့‌ကော်မတီဖွဲ့စည်းပြီး လုပ်သွားဖို့‌ပေါ့။ စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီခိုင်ခံ့မယ်ဆိုရင် ကရင်‌နေ့ထူး‌နေ့မြတ်‌တွေဆိုတာက ‌နောက်လာမယ့်နှစ်‌တွေမှာ ‌ပြောစရာ‌တောင် မလို ‌တော့ဘူး။ ဒီထက်မက ‌အောင်မြင်လာမယ်လို့ ဦးဇင်းတို့က သုံးသပ်တာ‌ပေါ့‌နော်။

ဦးပညာဝံသသည် မွန်ပြည်နယ်၊ ‌ချောင်းဆုံမြို့နယ် ဘီလူးကျွန်းရှိ ဖံဖ‌ကျေးရွာ ‌ကျောင်းတိုက်မှဖြစ်ပြီး ဖံဖ‌ကျေးရွာနှင့် ကရင်ဝင်းစိန်‌ကျေးရွာများတွင် အမျိုးသား‌ရေး၊ ပညာ‌ရေးတို့အပြင် ‌ချောင်းဆုံမြို့နယ်အတွင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအတွက် ဦးစီး‌ဆောင်ရွက်‌ပေး‌နေသူ ‌ဒေသခံဦးဇင်းတစ်ပါးဖြစ်သည်။