Home သတင်း ယာဉ်ဖမ်း ‌ကောလာဟလ‌ကြောင့် ကရင်တွင် စိုးရိမ်မှုမြင့်တက်

ယာဉ်ဖမ်း ‌ကောလာဟလ‌ကြောင့် ကရင်တွင် စိုးရိမ်မှုမြင့်တက်

2865

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် စီမံချက်ဖြင့် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးမည်ဆိုသည့် သတင်းပျံ့နှံ့‌နေမှု များ‌ကြောင့် ပြည်နယ်အတွင်း‌နေထိုင်သူများအ‌နေဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်‌ပေါ်ကာ သွားလာ‌ရေးတွင် အခက်ကြုံရမှုများဖြစ်‌ပေါ်‌နေ‌ကြောင်း သိရသည်။

ဇန်နဝါရီ လလယ်ပိုင်းမှ လက်ရှိအချိန်အထိ ပျံ့နှံ့‌နေသည့် အဆိုပါသတင်းများ‌ကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွား‌ရေးလာ‌ရေးများတွင် များစွာအခက်အခဲဖြစ်‌နေ‌ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ်မှ အမည်မ‌ဖော်လိုသူ နယ်ခံတစ်ဦးက ‌ဖေ‌ဖော်ဝါရီ ၅ ရက်(ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

̏ ‌ကောလာဟလလား၊ ဘာလား ‌သေချာ‌တောင်မသိ‌တော့ပါဘူး။ ခုက ခလယ်၊ တံခွန်တိုင်ရွာမကဘူး။ ကျုံခဝန်၊ ဖားပြရွာက အိမ်‌အောက်အထိ လိုက်ဖမ်းမယ်တဲ့။ ကျ‌နော်တို့လည်း ဒီယာဉ်‌တွေပဲ အားကိုးရတယ်‌လေ။ ခုဆို တံ ခွန်တိုင်‌တောင် ဆင်းမရဲ‌သေးဘူး”ဟု‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသသည် ကရင်ပြည်နယ်အတွင်းရှိကြာအင်းဆိပ်ကြီးမြို့ထက် မုဒုံမြို့ (မွန်ပြည်နယ်ရှိမြို့)နှင့် ပိုနီးစပ်ပြီး စီးပွား‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးဖက်တွင်လည်း မုဒုံမြို့ကိုသာ အဓိက အားထားရသည့်အတွက် ယခုလို အဖမ်းအဆီးသတင်းများ‌ကြောင့် များစွာထိခိုက်မှုရှိ‌နေ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ဖားအံမြို့နားရှိ မြိုင်က‌လေးရွာမှ အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးကလည်း “ဖားအံထဲမှာ ဖမ်း‌နေတယ်ကြားလို့ ရွာထဲမှာ ရှိတဲ့ လူ‌တောင်မှ မသွားရဲ မလာရဲ၊ (ဖားအံမြို့‌ပေါ်ကို) ‌ဈေး‌တောင်သွားဝယ်မရဲ‌တော့ဘူးဖြစ်‌နေကြ တယ်။ လမ်းမ‌ပေါ်မှာ အရင်ကထက်စာရင် ကား‌တော့ပိုရှင်းသွားတယ်↔ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း‌နေထိုင်သူများ အထူးသဖြင့် ‌ကျေးလက်‌နေသူအများစုမှာ ‌ဈေးနှုန်းချိုသာပြီး မြန်မာ ကျပ်‌ငွေ သိန်းဆယ်ဂဏန်းဖြင့် ဝယ်ယူအသုံးပြုနိုင်သည့် Without(လိုင်စင်မဲ့ကား)များကို ၎င်းတို့၏ ကျန်းမာ ‌ရေး၊ သွားလာ‌ရေး၊ စီးပွား‌ရေး စသည်တို့တွင် အဓိက အားကိုး‌နေရသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေဆဲပင်ဖြစ်သည်။

ကရင်ပြည်နယ်မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက“ကရင်ပြည်နယ်က ပြည်သူ‌တွေ အထိတ်တလန့်မဖြစ်ကြပါနဲ့။ အခုထိ‌တော့ စီမံချက်နဲ့ဖမ်းတာ‌တော့ မရှိ‌သေးပါဘူး။ ဒါ‌ပေမယ့် မြို့ဧရိယာ‌တွေမှာ‌တော့ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ‌ဖောက်ဖျက်တဲ့ ယာဉ်‌တွေကို‌တော့ ‌နေ့တိုင်းဖမ်းပါတယ်။ ယာဉ်စီးနင်းမယ့်လူ‌တွေက ယာဉ်နဲ့ သက် ဆိုင်တဲ့ စာရွက်စာတမ်း‌တွေပါဖို့၊ ဆိုင်ကယ်စီးရင်လည်း ဆိုင်ကယ်စီးဦးထုပ်‌ဆောင်းဖို့ ဒါ‌တွေကလည်း အ‌ရေး ကြီးတာ‌ပေါ့↔ဟု‌ပြောသည်။

မွန်ပြည်နယ်တွင် ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ လင်းယုန် ရက် ၁၀ဝ စီမံချက်ဖြင့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးအ‌ရေးယူလျက်ရှိ‌နေခြင်း‌ကြောင့် အိမ်နီးချင်း ကရင်ပြည်နယ်တွင်လည်း စီမံချက်ဖြင့် ဖမ်းဆီးမည့် သတင်းများ ထွက်‌ပေါ်ပျံ့နှံ့လာ‌နေခြင်းလည်းဖြစ်သည်။