Home သတင်း ဗိုလ်ချုပ်‌ကြေးရုပ်တုကိစ္စ ညှိနှိုင်းမှုမရမချင်း ဆန္ဒပြသွားမည်ဟု ကရင်နီလူငယ်များ‌ပြော

ဗိုလ်ချုပ်‌ကြေးရုပ်တုကိစ္စ ညှိနှိုင်းမှုမရမချင်း ဆန္ဒပြသွားမည်ဟု ကရင်နီလူငယ်များ‌ပြော

2885

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

အစိုးရနှင့် ‌တွေ့ဆုံညှိနှိုင်းမှု မရမချင်း ဆန္ဒထုတ်‌ဖော်မှုကို ဆက်လက်ပြုလုပ်သွားမည်ဟု ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၁၂ ရက်) ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့တွင် ဗိုလ်ချုပ်‌အောင်ဆန်း‌ကြေးရုပ်တု ဖျက်သိမ်း‌ရေးအတွက် ‌ထောင်နှင့်ချီ၍ ဆန္ဒထုတ်‌ဖော်‌နေကြသည့် ကရင်နီလူငယ်ဘက်က ‌ပြောဆိုလိုက်သည်။

ဆန္ဒပြမှုတွင် ဦး‌ဆောင်ပါဝင်သူ ခူးရီးရယ်က “အခု ကျ‌နော်တို့ အစိုးရကို ‌တောင်းဆိုတယ်။ ကျ‌နော်တို့နဲ့ လာပြီး ‌တော့မှ ညှိနှိုင်းပြီး‌တော့မှ ‌တွေ့ဆုံ‌ပေးဖို့ ‌တောင်းဆိုတယ်။ ဒါ‌ပေမဲ့ အစိုးရဘက်က တစ်‌ယောက်မှ ‌ရောက်မလာ ဘူး။ ညှိနှိုင်းဖို့အတွက်လည်း ကျ‌နေ်ာတို့ဘက်က အားလုံးစီစဉ်ထားပြီပြီး။ အစိုးရဘက်က လာပြီး‌တော့မှ ညှိနှိုင်း ‌ပေးမယ်။ ကျ‌နော်တို့ ကြားထဲမှာ သ‌ဘောတူညီမှုတစုံတရာရသွားမယ်ဆိုရင်‌တော့ သပိတ်ကို ပြန်ပြီး‌တော့မှ ရုတ်သိမ်းမှာဖြစ်ပါတယ်။ မရရင်‌တော့ဆက်ပြီး‌တော့မှ ဆန္ဒပြသွားဖို့ ‌ပြောထားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ကရင်နီပြည် လူငယ်အင်အားစုမှ ဦး‌ဆောင်၍ ‌ဒေသခံဌာ‌နေ တိုင်းရင်းသားများပါဝင်‌သော ၎င်းအ‌ထွေ‌ထွေ သ ပိတ်ကို ယ‌နေ့ နံနက်တွင် လွိုင်‌ကော်မြို့ရှိ ဗိုလ်ချုပ်‌ကြေးရုပ်တုထားရှိရာ ဂန္ဓာ‌ဟေဝန်ပန်းခြံ၌ စုရပ်ထားရှိ၍ ပန်ကန်း၊ ချိကယ်၊ နာရီစင်နှင့် မြို့နယ်‌စေတီလမ်းကြား မှ ဆန္ဒပြစစ်‌ကြောင်း (၄) ‌ကြောင်းဖြင့် ဆန္ဒပြသူ (၄,၀၀၀) နီးပါးချီတက်ဆန္ဒပြခဲ့ကြသည်ဟုလည်း ခူးရီးရယ်က ဆက်‌ပြောသည်။

၎င်းဆန္ဒပြသူများကို နယ်‌မြေခံရဲများက သံဆူးကြိုးခတ်၍ ပိတ်ဆို့တားမြစ်မှုများပြုလုပ်ထားသလို ဆန္ဒပြသည့် လူငယ်များကိုလည်း မီးသတ်‌ရေပိုက်များ၊ ရာဘာ ‌သေနတ်များဖြင့် ပစ်‌ဖောက်ဖြိုခွင်းခဲ့မှုများပြုလုပ်ခဲ့ခြင်း‌ကြောင့် ဆန္ဒပြသူ လူငယ် ၆ ဦးခန့် ရာဘာကျည်များ ထိမှန်ခဲ့ပြီးဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု ကရင်နီလူငယ်များက ဆိုသည်။

အဆိုပါ ဆန္ဒပြလူငယ်များက ၎င်းတို့၏ သ‌ဘောဆန္ဒမပါဘဲ ဗိုလ်ချုပ်‌အောင်ဆန်း ‌ကြေးရုပ်တု စိုက်ထူထားရှိမှု ကို ဖျက်သိမ်း‌ပေးရန် (သို့မဟုတ်) ‌ရွှေ့‌ပေးရန် ကယားပြည်နယ်အစိုးရကို ‌တောင်းဆိုမှုများပြုလုပ်ခဲ့‌သော်လည်း အာဏာပိုင်ဘက်မှ တစုံတရာ တုံ့ပြန်‌ပြောဆိုမှုမရှိသည့်အပြင် ဆန္ဒပြလူငယ်များကို ဖမ်းဆီးတရားစွဲဆိုမှုများ၊ သ ပိတ်စခန်းဖြိုခွင်းမှုများကို ပြုလုပ်ခဲ့ခြင်း‌ကြောင့် ယ‌နေ့ ၇၂ နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့တွင် အ‌ထွေ‌ထွေ သပိတ် ဆန္ဒထုတ်‌ဖော်မှုများ ‌ပေါ်‌ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်မှစ၍ ဗိုလ်ချုပ်‌အောင်ဆန်း ‌ကြေးရုပ်တုကို အစိုးရ၏ အစီအစဉ်ဖြင့် ကယားပြည်နယ်တွင် စိုက်ထူ မည့်အ‌ပေါ် ‌ဒေသခံ ဌာ‌နေတိုင်းရင်းသားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့တို့ ကန့်ကွက်ဆန္ဒပြမှုများပြု လုပ်ခဲ့‌သော်လည်း ပြည်နယ်အစိုးရမှ ၎င်းတို့၏ အစီအစဉ်ဖြင့် လွိုင်‌ကော်မြို့၊ ဂန္ဓာ‌ဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်‌ကြေးရုပ်တု ဖွင့်ပွဲကို ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့က ပြုလုပ်ခဲ့သည်။