Home တွေ့ဆုံမေးမြန်းခန်း ဇွဲကပင် ‌စေတီရင်ပြင်‌တော် တိုးချဲ့မှုအ‌ပေါ် ဝန်ကြီး ဦးမင်းတင်ဝင်း ‌ပြောစကား

ဇွဲကပင် ‌စေတီရင်ပြင်‌တော် တိုးချဲ့မှုအ‌ပေါ် ဝန်ကြီး ဦးမင်းတင်ဝင်း ‌ပြောစကား

3225

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် လတ်တ‌လော ‌ဝေဖန်မှုများမြင့်တက်‌နေသည့် ဇွဲကပင်‌တောင်ထိပ် ‌စေတီရင်ပြင် ‌တော် တိုးချဲ့သည့်ကိစ္စနှင့်စပ်လျဉ်းပြီး ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့က ဇွဲကပင်‌တောင် ‌စေတီ‌တော်ရင်ပြင်‌တော် တိုးချဲ့‌ရေးဦး‌ဆောင်လုပ်ကိုင်‌နေသည့် ‌ဂေါပကအဖွဲ့ဝင်များနှင့် ပြည်နယ်မွန်တိုင်းရင်း သား‌ရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့ ‌တွေ့ဆုံ‌ဆွေး‌နွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။
ထိုသို့‌တွေ့ဆုံညှိနှိုင်းပြီး‌နောက် ထွက်‌ပေါ်လာသည့် ရလဒ်များနှင့်ပတ်သက်၍ ‌ကေအိုင်စီမှ ဝန်ကြီး ဦးမင်းတင်ဝင်းအား ဆက်သွယ်‌မေးမြန်းထားချက်များကို ‌ဖော်ပြလိုက်ပါသည်။
—————————————————
‌ဆွေး‌နွေးချက် ၂ ချက်ရှိတယ်။ ပထမတစ်ချက်က ‌ဂေါပကအဖွဲ့ရဲ့ ဒီ‌နေ့အထိလုပ်‌နေတဲ့ လုပ်ငန်း‌တွေ အ‌ခြေအ‌နေ‌တွေကို သူတို့တင်ပြတယ်။ သူတို့က ပညာရှင်မပါဘူးဆိုတာက‌တော့ မှန်ပါတယ်။ ဟိုပညာရှင်လိုလို ဒီပညာရှင်လိုလို‌တွေရဲ့ အကြံဉာဏ်‌တွေ‌တော့ ရယူပါတယ်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုပြီးလုပ်တာ မဟုတ်ဘူးလို့ သူတို့တင်ပြတယ်။ အစိုးရအဖွဲ့ဖက်က‌တော့ နင်တို့ဥစ္စာ ဒီ‌လောက်‌တောင် လုပ်‌နေ ပြီးမှပဲ ဆို‌ပေမယ့် စနစ်တကျ‌လေး ပညာရှင်နဲ့လုပ်ရင် ပို‌ကောင်းတယ်။ ပညာရှင်ကို အစိုးရအဖွဲ့ကလည်း အမြန် ဆုံး ဆက်သွယ်‌ပေးပြီးလုပ်ကြရင်ပို‌ကောင်းမယ်။ ‌ဂေါပကအဖွဲ့က ပထမဦးဆုံးစလုပ်တုန်းကလည်း အစိုးရအဖွဲ့ကို မဆက်သွယ်ဘဲ ကိုယ့်သ‌ဘော ကိုယ်လုပ်ခဲ့တာပဲ။
အစိုးရအဖွဲ့ကလည်း ဒီတိုင်းလွှတ်ထားလို့လည်း ဖြစ်တာမဟုတ်ဘူး။ ဒီဇွဲကပင်‌တောင်‌ပေါ်က တစ်စုံတရာ အန္တ ရာယ်ဖြစ်သွားမှာစိုးလို့။ ဒါ‌ကြောင့် ပညာရှင်‌တွေ‌ခေါ်ထား‌ပေးပြီး တစ်ပတ်‌လောက်အတွင်းမှာ ညှိကြမယ်‌ပေါ့။ မ‌ပေးလုပ်တာမဟုတ်ဘူး။ တကယ့်ပညာရှင်ကြီး‌တွေနဲ့ညှိပြီး ဒီလိုလုပ်ရင် သင့်‌တော်တယ်ဆို ဆက်လုပ်။ မသင့်‌တော်ဘူးဆိုလည်း ရပ်လိုက်။ ‌ဂေါပကအဖွဲ့ကလည်း ပညာရှင်‌တွေ‌ခေါ်‌ပေးမယ်ဆို‌တော့ ဝမ်းသာအားရ လက်ခံပါတယ်။ ‌ဂေါပကအဖွဲ့ရဲ့ လုပ်ရပ်ကို တင်ပြကြတယ်။ သူတို့တင်ပြတဲ့အ‌ပေါ် ကျ‌နော်တို့ အစိုးရအဖွဲ့ က လည်း စိတ်ဆိုးမာန်ဆိုးမဟုတ်ဘဲနဲ့ ပူး‌ပေါင်းပါဝင်ပြီး ဝိုင်းလုပ်‌ဆောင်ရ‌အောင်‌ပေါ့။
အစိုးရအဖွဲ့က ဒီကိစ္စမှာ ဦးစီးဦး‌ဆောင်တာမျိုးမဟုတ်ဘဲ ဝိုင်းဝန်းကူညီတဲ့သ‌ဘောပါ။ အဲလိုမဟုတ်ဘဲ လုပ် ‌နေတာ‌တွေ အကုန်ရပ်ဆိုင်းလိုက်ဆိုရင်လည်း ပဋိပက္ခကို ဦးတည်သွားနိုင်တယ်‌လေ။ ဇွဲကပင်‌တောင် ဆရာ ‌တော်ကလည်း ဒီလိုလုပ်လို့ရှိရင် သူ့ရင်ပြင်‌တော်ပိုကျယ်လာမလားဆိုတဲ့ ရည်မှန်းချက်နဲ့ပါ။ ဝန်ကြီးချုပ်ကလည်း ဒီလို မဖြစ်ချင်လို့ အခုလို ‌တွေ့ဆုံညှိနှိုင်းတဲ့ သ‌ဘောပါ။ ဇွဲကပင်‌တောင်ဆံ‌တော်ရှင်ဟာ သမိုင်းဝင် ဟိုး‌ရှေး ကတည်းက ဆံ‌တော်ရှင်။ အဲ‌တော့ ရင်ပြင်ကလည်းကျဉ်းတယ်။ Cantilever (နံရံမှ ထိုးထွက်‌နေ‌သော ရက်မ) လုပ်ဖို့ သံရက်မကြီး‌တွေ ထိုးထည့်၊ ထိုးထည့်တဲ့အခါ အ‌လေးချိန်မခံနိုင်လို့ က‌လော်သွားခဲ့ရင် ပြီး‌ရော။ ဘုရား‌စေတီကြီးပါ ပါသွားခဲ့ရင်‌ရော။ အဲဒီ ‌လောက်အထိ စိုးရိမ်လို့ အားလုံး ညှိနှိုင်း အ‌ဖြေရှာ လုပ်‌ဆောင်သွားကြမယ်‌ပေါ့။
ခု Facebook (လူမှုကွန်ယက်) ‌ပေါ်မှာ ပလူပျံ ‌နေ‌ရော။ အဲ့အ‌ကြောင်းကြီးပဲကြား‌နေရတယ်။ လူထုရဲ့ စိတ်ဝင်စားမှုအားက တအားကြီးမြင့်‌နေတဲ့ အချိန်လည်း ဖြစ်တယ်။ အဲ‌တော့ ‌ဂေါပကအဖွဲ့ကလည်း ‌ခြေမကိုင်မိ လက်မကိုင်မိဖြစ်‌နေတယ်။ သူတို့ကလည်း ဖြစ်ရင် ပီး‌ရော၊ ပရမ်းပတာလုပ်တာမျိုး‌တော့ မဟုတ်ပါဘူးတဲ့။ သူတို့ ‌ပြောတာမှန်ပါတယ်။ ကျ‌နော်တို့ကလည်း အပြစ်ဖို့၊ အပြစ်‌ပြောတာမျိုးမလုပ်ဘဲနဲ့ အ‌ကောင်းဆုံးနည်းလမ်းနဲ့ အားလုံးဝိုင်းဝန်းလုပ်သွားမယ်လို့ ‌ပြောဆို‌ဆွေး‌နွေး သွားကြပါတယ်။
——————————
(‌စေတီ‌တော် ရင်ပြင်တိုးချဲ့‌ရေးလုပ်‌ဆောင်ရာတွင် တတ်သိကျွမ်းကျင်သည့် နည်းပညာရှင်အကူအညီမပါဘဲ လုပ် ‌ဆောင်‌နေမှုများ‌ကြောင့် အများပြည်သူ၏ စိုးရိမ်မှုမြှင့်တက်လာ‌နေချိန် ဝန်ကြီး ဦးမင်းတင်ဝင်းအပါအဝင် ပြည် နယ်သာသနာ‌ရေးဌာန တာဝန်ရှိသူများနှင့်ဆံ‌တော်ရှင်‌စေတီ‌တော် ရင်ပြင်တိုးချဲ့‌ရေး ‌ဂေါပကအဖွဲ့ဝင်တို့ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့ကြသည်။
ဇွဲကပင်ဆရာ‌တော်ဘုရား၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ရင်ပြင်‌တော်တိုးချဲ့‌ရေးလုပ်ငန်းများကို ဇွဲကပင် ‌ဂေါပကအဖွဲ့မှ ‌ဆောင်ရွက်ခြင်း ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ လှူဒါန်းထားသည့် အလှူ‌ငွေများအပြင် ဆရာ ‌တော်၊ သံဃာ‌တော်များ၊ ကိုရင်များ ၊ တပည့်ဒါယကာများ၏ လုပ်အား‌ပေးမှုဖြင့် စတင်အ‌ကောင် အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်ဟု ဇွဲကပင် ‌ဂေါပကအဖွဲ့ဘက်က ‌ပြောဆိုထားသည်။
ဇွဲကပင်ရင်ပြင် တိုးချဲ့သည့် လုပ်ငန်းကိစ္စများကို ၂၀၁၈ခုနှစ်၊ ဇွန်လတွင် စတင်အ‌ကောင်အထည်‌ဖော် ‌ဆောင် ရွက်ခဲ့ပြီးလာမည့် ၂၀၁၉ ခုနှစ်၊ တ‌ပေါင်း(မတ်လ)လပြည့် ဘုရားပွဲ‌တော်တွင် အပြီးသတ်ရန် စီစဉ်ထားသည်ဟု သိရသည်။)