Home သတင်း ဇွဲကပင်‌တောင် ‌စေတီရင်ပြင် တိုးချဲ့ ‌ရေးလုပ်ငန်းအတွက် အစိုးရမှ နည်းပညာရှင်များ ‌ခေါ်ယူ‌ပေးမည်

ဇွဲကပင်‌တောင် ‌စေတီရင်ပြင် တိုးချဲ့ ‌ရေးလုပ်ငန်းအတွက် အစိုးရမှ နည်းပညာရှင်များ ‌ခေါ်ယူ‌ပေးမည်

2225

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်တွင် လတ်တ‌လော ‌ဝေဖန်မှုများမြှင့်တက်‌နေသည့် ဇွဲကပင်‌တောင်ထိပ် ‌စေတီရင်ပြင်‌တော် တိုးချဲ့ သည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဘက်မှ ပညာရှင်များ‌ခေါ်ယူကာ ‌ဂေါပကအဖွဲ့နှင့် ညှိနှိုင်းပြီး ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ဦးဖြစ်သူ မွန်တိုင်းရင်းသား‌ရေးရာဝန် ကြီး ဦးမင်းတင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စေတီ‌တော် ရင်ပြင်တိုးချဲ့‌ရေးလုပ်‌ဆောင်ရာတွင် တတ်သိကျွမ်းကျင်သည့် နည်းပညာရှင်အကူအညီမပါဘဲ လုပ် ‌ဆောင်‌နေမှုများ‌ကြောင့် အများပြည်သူ၏ စိုးရိမ်မှုမြှင့်တက်လာ‌နေချိန် ဝန်ကြီး ဦးမင်းတင်ဝင်းအပါအဝင် ပြည် နယ်သာသနာ‌ရေးဌာန တာဝန်ရှိသူများနှင့်ဆံ‌တော်ရှင်‌စေတီ‌တော် ရင်ပြင်တိုးချဲ့‌ရေး ‌ဂေါပကအဖွဲ့ဝင်တို့ ယမန် ‌နေ့(‌ဖေ‌ဖော်ဝါရီ ၁၁ရက်)က ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုအပြီး ယခုလို ရလဒ်ထွက်‌ပေါ်လာခြင်း ဖြစ်သည်။

ဝန်ကြီး ဦးမင်းတင်ဝင်းက“မ‌နေ့က ‌ဆွေး‌နွေးမှုမှာ‌တော့ အစိုးရအဖွဲ့က‌တော့ ဒီဥစ္စာ ဒီ‌လောက်‌တောင်လုပ်‌နေပြီး မှပဲ ဆို‌ပေမယ့် စနစ်တကျနဲ့ ပညာရှင်‌တွေနဲ့ လုပ်ရင်ပို‌ကောင်းတယ်‌ပေါ့။ တကယ့်ပညာရှင်ကြီး‌တွေနဲ့လည်း အမြန်ဆုံးဖြစ်‌အောင် ဆက်သွယ်‌ပေးမယ်။ ပညာရှင်‌တွေ ‌ခေါ်ထားပြီး‌တော့ ဒီတစ်ပတ်အတွင်းမှာ ကျ‌နော်တို့ ညှိကြမယ်‌ပေါ့။ ကျ‌နော်တို့ ဝိုင်းကြည့်၊ ဝိုင်းပြီးပူး‌ပေါင်းကြရ‌အောင်‌ပေါ့။ အဲဒီဆုံးဖြတ်ချက်ထွက်ပါတယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင်လည်း ရင်ပြင်‌တော်တိုးချဲ့‌ရေးဦး‌ဆောင်သူ ‌ဂေါပကအဖွဲ့ဝင်များ မှ ၎င်းတို့အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေသည့် လုပ်ငန်း‌ဆောင်တာများအား ရှင်းလင်းတင်ပြခြင်းနှင့် အ စိုးရအဖွဲ့ဝင် တာဝန်ရှိသူများဘက်မှ ရင်ပြင်‌တော်တိုးချဲ့‌ရေးအ‌ကောင်းဆုံးဖြစ်‌အောင် မည်သိုု့ စီစဉ်‌ဆောင်ရွက် သင့်‌ကြောင်းနှင့် ပူး‌ပေါင်း‌ဆောင်ရွက်နိုင်မည့်အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ဇွဲကပင်ဆရာ‌တော်ဘုရား၏ ဦး‌ဆောင်လမ်းညွှန်မှုဖြင့် ရင်ပြင်‌တော်တိုးချဲ့‌ရေးလုပ်ငန်းများကို ဇွဲကပင် ‌ဂေါပကအဖွဲ့မှ ‌ဆောင်ရွက်ခြင်း ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ လှူဒါန်းထားသည့် အလှူ‌ငွေများအပြင် ဆရာ ‌တော်၊ သံဃာ‌တော်များ၊ ကိုရင်များ ၊ တပည့်ဒါယကာများ၏ လုပ်အား‌ပေးမှုဖြင့် စတင်အ‌ကောင် အထည်‌ဖော် ‌ဆောင်ရွက်‌နေခြင်းလည်း ဖြစ်သည်။

ရင်ပြင်‌တော်တိုးချဲ့‌ရေးဦး‌ဆောင်သူ ဇွဲကပင် ‌ဂေါပကအဖွဲ့ဥက္ကဌ ‌စောသာမြ‌အောင်က “ မ‌နေ့က ‌တွေ့ဆုံမှုမှာ‌တော့ အစိုးရဘက်ပိုင်းက နည်းပညာအကူအညီ‌တွေ‌ပေးမယ်၊ ပူး‌ပေါင်း‌ဆောင်ရွက်မယ်ဆို‌တော့ ကျ‌နော်တို့ အ‌နေနဲ့ ဝမ်းသာတာ‌ပေါ့။ တည်‌ဆောက်တဲ့လုပ်ငန်း‌တွေ ရပ်ထားတယ်ဆိုတာ‌တော့ မဟုတ်ပါဘူး။ ကျ‌နော်တို့ဆက်လက် လုပ်‌ဆောင်တုန်းပဲဖြစ်ပါတယ်” ဟု‌ပြောသည်။

ထို့အတူ ရင်ပြင်‌တော်ကို ‌စေတီ‌တော်အ‌ရှေ့ဘက်သို့ အလျားအရှည် ‌ပေ ၁၀ဝ နှင့် အနံအကျယ် ၁၅ ‌ပေဖြစ်‌အောင် သံ‌ဘောင်များဖြင့် ထပ်မံတိုးချဲ့ထားခြင်းဖြစ်ပြီး အလျားအနံ ၄ ‌ပေပတ်လည်နှင့် အထူ ၁ လက်မရှိသည့် မှန်ချပ် ၇ဝ ချပ်နှင့်သံ‌ချောင်းများဖြင့် တပ်ဆင်သွားမည် ဖြစ်သည်ဟုလည်း ‌ဂေါပကအဖွဲ့ဝင်များ၏ ‌ပြောပြချက်များအရ သိရ သည်။

ဇွဲကပင်ရင်ပြင် တိုးချဲ့သည့် လုပ်ငန်းကိစ္စများကို ၂၀၁၈ခုနှစ်၊ ဇွန်လတွင် စတင်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက် ခဲ့ပြီးလာမည့် ၂၀၁၉ ခုနှစ်၊ တ‌ပေါင်း(မတ်လ)လပြည့် ဘုရားပွဲ‌တော်တွင် အပြီးသတ်ရန် စီစဉ်ထားသည်ဟု သိရသည်။