Home ဆောင်းပါး မြိတ်ကျွန်းစု ‌မြောက်ဖက်စွန်း မလိကျွန်း

မြိတ်ကျွန်းစု ‌မြောက်ဖက်စွန်း မလိကျွန်း

4375

စအိုင်ဆူး(ဇန်နဝါရီလ၊ ၂ဝ၁၉ ခုနှစ်)

ကရင်လူမျိုးများသည် မြန်မာပြည်၏ ‌တောင်ပိုင်း ယ‌နေ့အ‌ခေါ် တနသင်္ာရီတိုင်း‌ဒေသ၏ ပင်လယ်ကျွန်း စုများတွင် လည်း အများအပြားစု‌ဝေ ‌နေထိုင်ကြသည်ကို ကြားဖူးရုံသာရှိ‌သော်လည်း ကိုယ်တိုင်သွား ‌ရောက်မြင် ‌တွေ့ဖူးခြင်းမရှိ‌သေး‌ပေ။ ထို့‌ကြောင့် ကရင်လူမျိုးများရှိရာ မြိတ်ကျွန်းစုသို့ သွား‌ရောက်လည်ပတ် ‌လေ့လာခွင့်ရ ရန် စိတ်အားထက်သန်ခဲ့သည်။

မြန်မာနိုင်ငံ၏‌တောင်ပိုင်း‌ဒေသ တနသင်္ာရီတိုင်းအတွင်းတွင် မြိတ်ကျွန်းစု‌ပေါင်း ၈၀ဝ ‌ကျော်ရှိသည့်အနက် မလိကျွန်းသည်လည်း ထင်ရှားသည့် ကျွန်းတစ်ခုဖြစ်သည်။ မြိတ်ကျွန်းစု၏ ‌မြောက်ဖက်အစွန်ဆုံးကျသည့် ‌နေရာတွင်တည် ရှိ‌နေသည့် ထိုမလိကျွန်းတွင်လည်း ကရင်လူမျိုးများစွာ‌နေထိုင်ကြပြီး ၎င်းတို့၏ ‌နေထိုင်စား ‌သောက်‌နေမှုအ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာရန် စီစဉ်ခဲ့သည်။

မလိကျွန်းကို သွား‌ရောက်လည်ပတ်မည်ဆိုလျှင် ‌ဒေသခံကျွန်းသူ၊ ကျွန်းသား အသိမိတ်‌ဆွေနှင့်အတူ ‌ဒေသခံ အာဏာပိုင်များကို တရားဝင်အသိ‌ပေးပြီးမှသာ သွား‌ရောက်လည်ပတ်နိုင်သည်။ ထို့‌ကြောင့် ‌ဒေသခံ လူငယ်များ နှင့်အတူ ယခင်လ ပထမအပတ် (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ)တွင် ကျွန်းကို သွား‌ရောက်လည်ပတ်‌လေ့လာ ခွင့်ရခဲ့သည်။

မလိကျွန်းကို သွားမည်ဆိုလျှင် မြိတ်မြို့က‌နေတစ်ဆင့် စက်‌လှေခ ကျပ်တစ်‌သောင်း(၁ဝ,ဝဝဝ)‌ပေး၍ သွားနိုင် သလို ပု‌လောမြို့က‌နေတစ်ဆင့်လည်း စက်‌လှေခကျပ် ငါး‌ထောင်(၅,ဝဝဝ)‌ပေး၍ သွားနိုင်သည်။ သို့‌သော် မြိတ် မြို့က‌နေ တစ်ဆင့် သွားမည်ဆိုလျှင် ၈ နာရီခန့်‌လှေစီးသွားရပြီး ပု‌လောမြို့မှတဆင့် သွားမည်ဆိုလျှင် ၃ နာရီခန့် ‌လောက်သာ ကွာ‌ဝေးသည်။ ထို့‌ကြောင့် အန္တရာယ်ကင်းကင်းဖြင့် အချိန်တိုအတွင်း ‌ရောက်သွားနိုင်ရန် ပု‌လော မြို့မှတဆင့် စတင်ထွက်ခွာသွားခဲ့သည်။

ပု‌လောမြို့၏ စက်‌လှေဂိတ်ရှိရာ ပင်လယ်ဝအထွက်တွင် ဒီ‌ရေအတက်အကျရှိ‌သော‌ကြောင့် ပင်လယ်ဆားငံ ‌ရေ များမှာ နုန်း‌ရေများသဖွယ် ဝါကျစ်ကျစ် အ‌ရောင်သန်း‌နေပြီး အညှီနံ့များ ဆိုးဝါးစွာ ထွက်‌ပေါ်‌နေသည်။ စက်‌လှေ ဆရာ၏ ပင်လယ်ပြင်ကို ဥဒဟိုပြု ‌မောင်းနှင်လာရင်းဖြင့်ပင် ပု‌လောအမြို့အလွန် တစ်နာရီခန့် အကြာ‌လောက် တွင်သာ ပြာလဲ့လဲ့ ပင်လယ်‌ရေပြင် လှိုင်းက‌လေးများကို စတင်ထိ‌တွေ့ခံစားရပါ‌တော့သည်။

ပင်လယ်ပြင်တွင် ‌ရောက်သည်နှင့်တစ်ပြိုင်နက် အရပ်‌လေးမျက်နှာ အ‌ရှေ့၊ အ‌နောက်၊ ‌တောင်နှင့် ‌မြောက်မှန်းပင် မခန့်မှန်း နိုင်‌တော့ဘဲ ‌ရေပြင် တစ်ခုလုံး ပတ်လည်ဝန်းရံ‌နေ‌လေသည်။ လှိုင်းက‌လေး‌ပေါ် တငြိမ့်ငြိမ့်ဖြင့် စက်‌လှေ က‌လေးစီးသွားသည့် တစ်‌လျှောက် ငါးဖမ်းပစ္စည်းအစုံအလင်ဖြင့် ပြင်ဆင်ထားသည့် ပင်လယ်ငါးဖမ်း စက်‌လှေ ငယ်က‌လေးများကိုလည်း ရံဖန်ရံခါ ‌တွေ့ရသည်။

ရာသီဥတုသာသာယာယာရှိ‌နေ‌သော‌ကြောင့် လှိုင်းထန် ‌လေထန်ခြင်းမရှိဘဲ အရှိန်မပြတ်စက်‌လှေက‌လေးကို ‌မောင်းနှင်သွားရာ ၂ နာရီ ခန့်အကြာတွင် အ‌ဝေးတစ်‌နေရာမှ ပုံရိပ်‌ယောင်သဖွယ် ကျွန်းစုက‌လေးများကို လှမ်းမြင်‌တွေ့‌နေရသည်။ သို့‌သော်သွားလိုသည့် မလိကျွန်းသို့ ‌ရောက်နိုင်ရန် ‌နောက်ထပ် တစ်နာရီခန့် စက်‌လှေ က‌လေးကို အရှိန်မပြတ် ‌မောင်းနှင်သွားခဲ့ရသည်။

ပြာနက်နက်ပင်လယ်‌ရေပြင်‌ပေါ်မှ ‌ကျောက်‌ဆောင်၊ ‌ကျောက်ကြမ်းပြင်က‌လေးများကို ထိုး‌ဖောက်မြင်‌တွေ့ရ သည့်အချိန်တွင် မလိကျွန်း၏ ကမ်းစပ်တစ်‌နေရာသို့ ‌ရောက်ရှိသွားပြီဟု သိရှိလိုက်ရပြီး ‌မောင်းလက်စ စက်‌လှေ က‌လေးအား စက်သတ်၍ ‌ကျောက်ချရပ်နားလိုက်ပါ‌တော့သည်။

မလိကျွန်း‌ပေါ်သို့ မတက်ခင် ‌ဒေသခံလူငယ်တစ်ဦးက “ကမ်းစပ်နားက အပင်‌တွေကို‌တွေ့တယ် မဟုတ်လား။ အဲ့အပင်‌တွေရဲ့ အရွက်ကိုသွားမချိုးမိ‌စေနဲ့။ ချိုးလိုက်လို့ အ‌စေး‌တွေ မျက်လုံးထဲဝင်ရင်ကန်းတတ်တယ်” ဟူ၍ စတင်သတိ‌ပေး‌ပြောဆိုလိုက်ခြင်း‌ကြောင့် ကျွန်း‌ပေါ်တွင် သတိထားဆင်ခြင်‌နေထိုင်ရန် သတိပြုမိသွားခဲ့သည်။

စက်‌လှေ‌ကျောက်ချနားရာ မလိကျွန်း၏ ကမ်း‌သောင်ပြင်တွင် သဲ‌သောင်ပြင်များကို မမြင်‌တွေ့ရဘဲ ‌ကျောက် ‌သောင်ပြင်ဟု ‌ခေါ်ရ‌လောက်‌အောင်ပင် ‌ကျောက်‌ဆောင် ‌ကျောက်စိုင်ခဲ‌တွေအပြင် ပင်လယ်ခရုခွံကွဲက‌လေး များဖြင့် ပြည့်နှက်‌နေသည်။ ထို့အတွက် ကမ်း‌ခြေအ‌ပေါ် ‌လေညင်းခံ လမ်း‌လျှောက်ထွက်မည်ဆိုလျှင် ခိုင်ခန့်ပြီး ‌ခြေ‌ထောက်အတွက်လုံခြုံသည့် ဖိနပ်စီးရန်ကိုလည်း ‌ဒေသခံများက သတိ‌ပေး‌ပြောဆိုထားသည်။

အကျယ်အဝန်အားဖြင့် ၉၉ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ‌တောင်‌မြောက် အကွာအ‌ဝေးအားဖြင့် ၃၁ ကီလိုမီ တာ(အလျား ၂၇မိုင်၊ အနံ ၆ မိုင်) ရှည်လျားသည့် မလိကျွန်း‌ပေါ်သို့ ‌ရောက်ရှိသွားသည့်အချိန်တွင် သဘာဝအ‌လျောက် ဖြစ်‌ပေါ်စီးဆင်း‌နေသည့် ‌ရေတံခွန်ငယ်‌ပေါင်းများစွာနှင့် လူသူအ‌ရောက်အ‌ပေါက်နည်း သည့် သစ်‌တောစိမ်းကြီးကို စတင်‌တွေ့ရှိခံစားရပါ‌တော့သည်။

သစ်‌တောပြင်ကြီးတစ်ခုလုံးဖြစ်‌နေသည့် ကျွန်းကြီးဖြစ်‌နေ‌သော်လည်း မလိကျွန်း‌ပေါ်တွင် ‌ကျောက်ထရံ၊ ဆရပ် ဆိပ်နှင့် ငရုတ်‌ကောင်းဟူ၍ ရွာက‌လေး သုံးရွာကို ကျွန်းရဲ့ ‌မြေအနည်းငယ်ပြန့်ပြီး ‌ရေခံ‌မြေခံ‌ကောင်းသည့် ပင်လယ် ကမ်းစပ်တစ်‌နေရာတွင် ရွာတန်းရှည်ပုံစံတန်းပြီး တည်ထားသည်။

အဆိုပါ ‌ကျေးရွာများတွင် ကရင်လူမျိုးအများစု‌နေထိုင်ပြီး ဗမာတိုင်းရင်းသားအချို့လည်း သွား‌ရောက်‌နေထိုင်‌နေကြသည်။ ၎င်းကျွန်း‌ပေါ်သို့ ကရင်လူမျိုးများ သွား‌ရောက်‌နေထိုင်ကြသည်မှာ နှစ်‌ပေါင်း ၂၀၀‌ကျော်ခန့်ရှိ‌နေပြီးဟု ကျွန်း‌ပေါ်ကို ကနဦး‌ရောက်ရှိ ‌နေထိုင်သူများကို မှီခဲ့သည့် သက်ကြီးရွယ်အိုများက ဆိုသည်။

“ တကယ်က ဒီကျွန်း‌ပေါ်မှာ အရင်‌နေတာက ဆလုံ လူမျိုး‌တွေ အရင်‌နေတာ။ အဲ့တုန်းက ပ‌လောက်မြို့နယ် နန်း‌တောင်ဘက်က ကျ‌နော်တို့ရဲ့ ကရင်အဖိုးကြီး‌တွေဖြစ်တဲ့ ဖူး‌မော်ဘ‌ရေနဲ့ ဖူ‌ဘောခို သူ့ကို ဖူကီးခိုလို့ လည်း ‌ခေါ်တယ်။ သူတို့က ဒီကျွန်းကို အရင်လာလည်ရင်းက‌နေ ဒီကျွန်းမှာ‌နေဖြစ်သွားကြတာ။ အဲ့တုန်းက ကရင်‌တွေ တစ်စု၊ နှစ်စုပဲရှိ‌သေးတယ်။ အဲ့က‌နေ များများလာရင်းနဲ့ ဆလုံလူမျိုး‌တွေလည်း မ‌နေကြ‌တော့ဘူး”ဟု မျိုးဆက် ‌လေးဆက်ကြာ‌နေထိုင်လာခဲ့သည့် အသက် ၈၅ နှစ်အရွယ် ဖူးဖိုး‌နော်က ‌ပြောပြသည်။

လက်ရှိ ကျွန်း‌ပေါ်တွင် ရှိ‌နေသည့် ‌ကျေးရွာသုံးရွာ‌ပေါင်းလျှင် အိမ်‌ထောင်စု ၄ဝဝ(‌လေးရာ)‌ကျော်၊ လူဦး‌ရေ အားဖြင့် ၃,ဝဝဝ(သုံး‌ထောင်)ခန့် ‌နေထိုင်လုပ်ကိုင်စား‌သောက်‌နေကြသည်ဟု ငရုတ်‌ကောင်း‌ကျေးရွာတွင် ‌နေထိုင်သည့် ခရစ်ယာန် ဆရာ‌တော် ‌စော‌အေးလွင်က ဆိုသည်။

“အဓိက က‌တော့ ကျ‌နော်တို့ ကျွန်းသူ၊ ကျွန်းသား‌တွေအ‌နေနဲ့ ‌တောင်ယာလုပ်တယ်။ အဲ့မှာဆိုရင် ကွမ်းသီးတို့ သီဟိုဠ်‌စေ့တို့ ရာဘာတို့စိုက်တာ‌ပေါ့။ ‌နောက်ပြီး တနိုင်တပိုင် ငါးဖမ်းတယ်။ ‌မြေနိမ့်ပိုင်း ဘက်ကျ‌တော့ ‌တောင် ယာစပါးစိုက်တယ်။ ဒီလိုပဲ သမာရိုးကျလုပ်ကိုင်စား‌သောက်‌နေကြတာ‌ပေါ့” ဟု ‌ပြောသည်။

‌ဒေသခံများအ‌နေဖြင့် သဘာဝ‌ရေခံ‌မြေခံအ‌ပေါ် အ‌ခြေခံ၍ နှစ်‌ပေါင်းများစွာလုပ်ကိုင်စား‌သောက် ‌နေထိုင်လာကြ ‌သော်လည်း ကျွန်း‌ပေါ်တွင် ထွက်ရှိသည့် အဖိုးတန်သဘာဝသယံဇာတများအ‌ပေါ် ရယူသုံးစွဲခွင့် မရရှိကြသည့် အပြင် ကန့်သတ်ချုပ်ချယ်မှုနှင့် ရှားပါးမှုအ‌ခြေအ‌နေဖြင့် ကြုံ‌တွေ့‌နေကြရသည်။

ဖူးဖိုး‌နော်က “အဖိုးတို့ အရင်တုန်းကဆိုရင် ငါးရှာစားရတာ လွယ်မှလွယ်ဘဲ။ တစ်‌နေကုန် ‌တောင်ယာသွား လုပ်ပြီး ပြန်လာရင် ထမင်းတစ်အိုးတည်ထားတဲ့အချိန်မှာ ပင်လယ်ထဲခဏဆင်းပြီး ကွန်တစ်ချက်၊ နှစ်ချက် ‌လောက် ပစ်ဖမ်းလိုက်တာ နဲ့ ည‌နေစာအတွက် မပူပန်ရ‌တော့ဘူး။ ဒါ‌ပေမဲ့ အခု‌တော့ အဲ့လိုမဟုတ်‌တော့ဘူး။ တစ်‌နေကုန်ရှာမှ တစ်နှပ်စာ၊ နှစ်နှပ်စာ‌လောက်သာရ‌တော့တယ်။ ငါး‌တွေ ပုဇွန်‌တွေ ရှားကုန်ပြီး”ဟု ဆိုသည်။

အဆိုပါကျွန်းတွင် Aqua golden co. Ltd ကုမ္ပဏီမှ ‌ကျောက်ထရံ ‌ကျေးရွာအနီးတွင် အဏ္ဍဝါပုလဲ‌မွေးမြူ‌ရေး လုပ်ငန်းလုပ်‌ဆောင်‌နေသလို ပတ္တမြား ‌ရောင်ခြည်ငှက်သိုက်ကုမ္ပဏီမှ ငှက်သိုက်လုပ်ငန်းကို တွင်ကျယ်စွာ လုပ် ကိုင်‌နေလျက်ရှိပြီး ထိုလုပ်ငန်းလုပ်ကိုင်ရာ အနီးဝန်းကျင်သို့ ‌ဒေသခံရွာများ သွားလာလုပ်ကိုင်စား‌သောက်ခွင့် ကန့်သတ်ထားခြင်းခံရသည်။

လူသူအ‌ရောက်အ‌ပေါက်နည်းသည်ဟု ယူဆရ‌သော်လည်း ကျွန်း‌ပေါ်တွင် သဘာဝ‌ရေတံခွန်ကို အ‌ခြေခံပြီး အ‌သေးစား ‌ရေအားလျှပ်စစ်ထုတ်ကာ ‌ကျေးရွာသုံးရွာကို တနသင်္ာရီတိုင်းရှိ နာမည်ကြီး ဩဇာရှိသူ ဖိုးတီးချိုး ဆိုသူ သူ‌ဌေးတစ်ဦးမှ တစ်ရက်တာ အချိန်အကန့်အသတ်ဖြင့် လျှပ်စစ်မီး ဖြန့်‌ဝေ‌ပေးပြီး အခ‌ကြေး‌ငွေဖြင့် ‌ဒေသခံများက ရယူသုံးစွဲကြရသည်။

ရွာ၏ ပညာ‌ရေးအတွက် အထက်တန်း‌ကျောင်းတစ်‌ကျောင်းအပါအဝင်မူလွန်‌ကျောင်း၂ ‌ကျောင်းနှင့် မူလတန်း ‌ကျောင်း ၃‌ကျောင်းရှိပြီး ကျန်းမာ‌ရေးအတွက် တိုက်နယ်‌ဆေးရုံတစ်ခုလည်း အစိုးရမှစီစဉ်‌ပေးထားသည်။ သို့‌သော် ‌ဆေးရုံတွင်တာဝန်ကျ သူနာပြုမှလွဲ၍ ‌ဆေးကုသ‌ပေးမည့် ဆရာဝန်မရှိ‌ကြောင်း သိရှိခဲ့ရသည်။
‌ကျောက်ထရံ‌ကျေးရွာသူ ‌နော်အယ်အယ်က “ ရွာမှာက ‌ဆေးရုံရှိ‌ပေမဲ့ ဆရာဝန်မရှိဘူး။ အပြာဝတ်သူနာပြုတစ် ‌ယောက်ပဲရှိတယ်။ တကယ်လို့ အ‌ရေး‌ပေါ်ကျန်းမာ‌ရေးဖြစ်ပြီးဆိုရင် ပု‌လော ဒါမှမဟုတ် ဘိတ်(မြိတ်)ကိုသွားပြ ရတယ်။ ဒါမှမဟုတ်ရင် မလိကျွန်းမှာ ရှိတဲ့ ‌ရေတပ်စခန်းမှာ သွားကုရတာ‌ပေါ့”ဟု ဆိုသည်။

မလိကျွန်းရှိ လူငယ်အများစုသည်လည်း အထက်တန်း‌ကျောင်းပြီးသည်နှင့် တက္ကသိုလ်‌ကျောင်းသို့သွား‌ရောက် သင်ယူကြသူမှာ အနည်းစုသာရှိပြီး အများစုမှာ ‌ကျေးရွာများတွင်သာ မိရိုးဖလာ သမာရိုးကျ‌နေထိုင်လုပ်ကိုင် ‌နေကြသလို အချို့‌သောလူငယ်များမှာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်‌နေကြရသည်ဟု ဆိုသည်။

ထို့အပြင် သဘာဝကိုသာ မှီခို‌နေကြရသည့် ကျွန်းသူ၊ ကျွန်းသားများအ‌နေဖြင့် လက်ရှိတွင် သဘာဝပတ်ဝန်း ကျင်၏ရှားပါးမှုဆိုင်ရာ စိန်‌ခေါ်ချက်အပြင် အစိုးရမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေ‌စေရန် ရည်ရွယ်ချက်ဖြင့် ကြိုးပြင်ကာကွယ်ထိန်းသိမ်း‌တောကို ၂၀၁၅ ခုနှစ်တွင် သတ်မှတ်လိုက်ခြင်းအ‌ပေါ် ‌ဒေသခံများမှ စိုးရိမ်ချက် ဖြစ်‌ပေါ်လျက်ရှိသည်။

“ဒီကျွန်းပြင် ကာကွယ်ထိန်းသိမ်း‌တောကို သူတို့ သတ်မှတ်လိုက်တာ ဒီကကျွန်းသူ၊ ကျွန်းသား‌တွေ ဘာမှ မသိလိုက်ဘူး။ ရွာသား‌တွေအတွက်စိန်‌ခေါ်မှုက လွတ်လပ်စွာ သွားလာခွင့်မရှိဘူးဖြစ်‌နေတယ်။ အခုက‌တော့ နားလည်မှုနဲ့ သွား‌နေကြတယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေသူ ‌ဒေသခံ လူငယ်တစ်ဦးက ‌ပြောပြသည်။

လက်ရှိတွင် အစိုးရမှ ယခင် ၂၀၁၈ ခုနှစ်အတွင်း စက်တင်ဘာလ (၁၁)ရက်တွင် ‌မြေလွတ်၊ ‌မြေလပ် နှင့်‌မြေရိုင်း ဥပ‌ဒေ ပြဌာန်းအတည်ပြုလိုက်ခြင်းနှင့်အတူ တနသင်္ာရီတိုင်းအတွင်း ကျွန်းပြင်ကာကွယ်‌တောများအပြင် အစိုးရ နှင့် Global Environment Facility (GEF) တို့ပူ‌ပေါင်းပြီး မြိတ်နဲ့ ‌ကော့‌သောင်းခရိုင်တွင်းက ‌မြေဧရိယာ ၁.၄၅၂ ဟက်တာ (တိုင်း‌ဒေသ ၏ သုံးပုံတစ်ပုံ)အကျယ်အဝန်းရှိသည့် ‘‌တောင်တန်း‌ဒေသမှ သန္တာ‌ကျောက်တန်းဆီသို့’ သဘာဝ သစ်‌တောထိန်းသိမ်း‌ရေး နယ်‌မြေ စီမံကိန်းကို ယခု ၂၀၁၈ ခုနှစ်က‌နေ ၂၀၂၃ခုနှစ်အတွင်း (၆)နှစ်တာ စီမံကိန်းဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် စီမံချက် ‌ရေးဆွဲ၍ကြိုးပမ်း‌နေကြသည်။

၎င်းထွက်‌ပေါ်လာသည့် ‌မြေလွတ်၊ ‌မြေလပ် နှင့်‌မြေရိုင်း ဥပ‌ဒေအရ ‌ဒေသခံများအ‌နေဖြင့် စက်တင်ဘာလမှစ၍ (၆)လအတွင်း ‌မြေလွတ်၊ ‌မြေရိုင်း ရယူသုံးစွဲခွင့်အတွက် လယ်ယာ‌မြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို ပြုလုပ် ရမှာဖြစ်ပြီး သတ်မှတ် ကာလအတွင်း ပြုလုပ်ထား ခြင်းမရှိပါက ‌ထောင် ၂နှစ် သို့မဟုတ် ဒဏ်‌ငွေ ကျပ် ၅သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ကျခံသွားရမည်ဟု ထုတ်ပြန်‌ကြေညာထားသည်။

၎င်းစီမံကိန်းများနှင့် ဥပ‌ဒေများ ‌ပေါ်ထွက်လားခြင်းနှင့်ပတ်သက်ပြီး ‌ဒေသတွင်း သဘာဝပတ်ဝန်းကျင်အ‌ရေး လှုပ်ရှား‌ဆောင် ရွက်‌နေကြသည့် လူမှုအဖွဲ့အစည်းများမှ ‌ဒေသခံဌာ‌နေတိုင်းရင်းသားများ၏ သ‌ဘောဆန္ဒနှင့် ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိသည့်အ‌ပေါ် အပြင်းအထန်ကန့်ကွက်‌နေကြသည်။

“ပြန်ကြည့်မယ်ဆိုရင် တနသင်္ာရီ တိုင်းအတွင်းမှာ စိုးရိမ်မှု‌တွေအများကြီးရှိတယ်။ မြိတ်က‌နေ ‌ကော့‌သောင်း ရ ‌နောင်းအထိကို ဆင်းသွားရင် ဆီအုန်းစိုက်ခင်းကို တ‌လျှောက်လုံး‌တွေ့ရမယ်။ ဒါ‌တွေက အရင်အစိုးရ လက် ထက်တုန်းကကိစ္စ‌တွေ‌ပေါ့။ ဒါ‌ပေမဲ့ လက်ရှိအချိန်ထိ ဘာမှမရှင်းမလင်းရ‌သေးဘူး။ ဒီထက်မက ‌နောက်ထပ် ဆီအုန်း စိုက်ခင်းအတွက် ‌မြေဧက ‌သောင်းနဲ့ချီထပ်‌ပေးပြန်တယ်။ တစ်ဖက်မှာကလည်း လွတ်လပ်ရိုင်း ဥပ‌ဒေက ထွက်‌ပေါ်လာတယ်။ ဒါ‌တွေက အစိုးရကို ‌မေးခွန်းထုတ်စရာ‌တွေဖြစ်လာတယ်။”ဟု တနသင်္ာရီတိုင်း အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး လှုပ်ရှား‌ဆောင်ရွက်‌ပေး‌နေသူ ‌တောင်ပိုင်းလူငယ်အဖွဲ့၏ ဒါရိုက်တာ ‌စောစံ‌ငွေက ‌ပြောခဲ့သည်။

သို့‌သော် ကျွန်း‌ပေါ်ရှိ ‌ဒေသခံများအ‌နေဖြင့် လက်ရှိတွင် ထွက်‌ပေါ်လာသည့် ‌မြေယာဥပ‌ဒေများနှင့် ထိန်းသိမ်း‌ရေး စီမံကိန်းများနှင့်ပတ်သက်ပြီး တစုံတရာ သိရှိထားမှုများမရှိ‌သော်လည်း ကျွန်း‌ပေါ်တွင် ‌ရောက်ရှိလာနိုင်သည့် ‌ပြောင်းလဲမှုများအ‌ပေါ် စိုးရိမ်မှုများဖြစ်‌ပေါ်လျက်ရှိသည်။

ခရစ်ယာန်ဆရာ‌တော် ‌စော‌အေးလွင်က “အခုအချိန်ထိ‌တော့ ကျ‌နော်တို့မှာ ‌အေး‌အေးချမ်းချမ်းလုပ်ကိုင်စား ‌သောက်လို့ရပါ‌သေးတယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့မှာ စိုးရိမ်စရာ‌တွေ‌တော့ရှိလာတယ်။ ဘယ်ကုမ္ပဏီက ဒီကျွန်းကို လာသိမ်းယူမလဲ၊ ဘယ်နိုင်ငံခြားကုမ္ပဏီ‌တွေ လာသိမ်းယူမလဲဆိုပြီး အမြဲတမ်းစိုးရိမ်‌နေရတယ်။
ဘာဖြစ်လဲ ဆို ‌တော့ အခုဆိုရင် ဥယျာဉ်‌ပြေစာသွားလုပ်လို့ မရ‌တော့ဘူး။ အခု‌နေထိုင်တဲ့သူ‌တွေမှာလည်း ‌မြေဂရမ် တစ်ခုမှမရှိ ဘူး။ အရင်က ထုတ်‌ပေးတဲ့‌ပြေစာ‌လေးပဲရှိတယ်။ ‌သေချာတာက‌တော့ သူတို့မှာ လျှို့ဝှက်ချက် တစ်ခုခုရှိရမယ်” ဟုဆိုကာ ‌ခေါင်း‌လေးတညိတ်ညိတ်ဖြင့် သက်ပြင်းချကာ ၎င်း၏ ရင်တွင်းစိုးရိမ်မှုကို ဖွင့်ထုတ်‌ပြောပြခဲ့သည်။

ဒီဇင်ဘာလ ဒုတိယအပတ်အတွင် ထိုင်းနိုင်ငံတွင် မုန်တိုင်းအနည်းငယ် ကျ‌ရောက်လာခြင်းနှင့်အတူ မလိကျွန်း ‌ပေါ်တွင်လည်း ‌လေပြင်းရိုက်ခတ်မှုများဖြစ်‌ပေါ်လာကာ ရာသီဥတုအ‌ခြေအ‌နေအရ ကျွန်းတစ်‌လျှောက်လုံး ‌လေ့လာ လည်ပတ်ခွင့်မရခဲ့ဘဲ အ‌ခြေအ‌နေအရ ပု‌လောမြို့သို့ပြန်လာခဲ့ရသည်။

ပြန်လာသည့် ခရီးလမ်းတစ်‌လျှောက်တွင် ‌လေပြင်းတိုက်ခတ်မှုအ‌ခြေအ‌နေနှင့် ကြုံ‌တွေ့ခဲ့ရပြီး စက်‌လှေဆရာ အ‌နေဖြင့် အထူးဂရုပြု‌မောင်းနှင်လာခဲ့ရာ ပုံမှန်အချိန်ထက် ကြန့်ကြာခဲ့သည်။ စိတ်ပူပန်စိုးရိမ်မှုနှင့်အတူ ပြန်လာခဲ့ရသည့် လမ်းတစ်‌လျှောက် မလိကျွန်း‌ပေါ်တွင်ကြုံ‌တွေ့၊ မြင်‌တွေ့ခဲ့ရသည်များကို စဉ်းစား‌နေရင်း ရာသီဥတုငြိမ်သက်သွားသည့်အချိန် ခဏအကြာတွင် ပု‌လောမြို့သို့ပြန်လည်‌ရောက်ရှိလာခဲ့သည်။
—————-
စအိုင်ဆူး