Home တွေ့ဆုံမေးမြန်းခန်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် KNU ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်နှင့် ‌မေးမြန်းခြင်း

ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် KNU ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်နှင့် ‌မေးမြန်းခြင်း

4043

ဇန်နဝါရီ ၂၇ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

XXXXXXXXXXXXXX
“တပ်မ‌တော်အတွက် NCA ရဲ့ အဓိပ္ပာယ်က နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းဖို့ နည်းလမ်းမဟုတ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင်‌တွေရဲ့ လက်နက်ကိုင်လမ်းစဉ်‌တော်လှန်လှုပ်ရှားမှု‌တွေကို အဆုံးသတ်ဖို့ပဲ ဖြစ်တယ်။”

XXXXXXXXXXXXXX

မြန်မာနိုင်ငံ အစိုးရနှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းတို့ကြား လက်ရှိ‌ဖော်‌ဆောင်‌နေ‌သော မြန်မာငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် တစ်ဆို့‌နေမှုအ‌ခြေ အ‌နေနှင့်ပတ်သက်ပြီး ‌ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်၏ အမြင်သ‌ဘောထား၊ သုံးသပ်ချက်များကို စုစည်းတင်ပြလိုက်ပါ သည်။

‌မေး-အခုငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုမှာ တစ်ဆို့‌နေရတဲ့ အ‌ခြေအ‌နေကို ဘယ်လိုုမြင်မိပါသလဲ။

လက်ရှိငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု တစ်ဆို့‌နေရတဲ့အ‌ခြေအ‌နေကို ကျမမြင်တာက‌တော့ အဓိက စိန်‌ခေါ်မှုက မြန်မာအစိုးရ တပ်မ‌တော်ဘက်က ဩဇာအာဏာရယူထားမှု‌ကြောင့်လို့မြင်ပါတယ်။ ဘာဖြစ်လဲဆိုရင် ဒီငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် တစ် ‌လျှောက်လုံးပြန်ကြည့်မယ်ဆိုရင် တကယ်တမ်း ဩဇာ အာဏာရယူထားတာက စစ်တပ်ကပဲ။ အဲ့လို ဩဇာအာဏာ ရယူထားမှု‌ကြောင့် အဓိက‌ဖြေရှင်းသွားရမဲ့ နိုင်ငံ‌ရေးပြဿနာကို‌ဖြေရှင်းနိုင်ဖို့အတွက် စစ်တပ်အ‌နေနဲ့ ‌ကေအဲန်ယူလိုမျိုး တိုင်းရင်းသား‌တွေရဲ့ လိုလားချက်နဲ့ကိုက်ညီတဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုမျိုးကို သူတို့လက်မခံဘူး။ အဲ့ဒါ‌ကြောင့် အခုလက်ရှိ ကြီးမားတဲ့ အခက်အခဲကို ဖြစ်လာ‌စေတာပဲ။ တိုင်းရင်းသား‌တွေ‌ရော၊ ‌ကေအဲန်ယူအ‌နေနဲ့‌ရော တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်_NCAကို လက်မှတ်‌ရေးထိုး ချုပ်ဆိုတာက နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်ဖို့ တိုင်းရင်း သား‌တွေရဲ့ လိုလားချက်ကို ‌ဆွေး‌နွေးနိုင်ဖို့ပဲဖြစ်တယ်။

NCA လက်မှတ်‌ရေးထိုးပြီးတာ အခု သုံးနှစ်‌ကျော်လာပြီဖြစ်‌ပေမယ့်လည်း တိုးတက်မှုက မရှိဘူး။ ဘာ‌ကြောင့် တိုးတက်မှုမရှိတာလဲ။ ဘာ‌ကြောင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌တွေက တိုးတက်မှုမရှိတာလဲဆိုတာက‌တော့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ရှင်းရှင်းလင်းလင်းပဲ ‌ပေါ်လွင်‌နေပါတယ်။ စစ်တပ်ဘက်က နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုကို လက်မခံလို့ပဲဖြစ် တယ်။ ဥပမာ- ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ‌တွေ၊ တန်းတူ‌ရေးကိစ္စ‌တွေကို ‌ဆွေး‌နွေး‌တော့မယ်ဆိုရင် သူတို့အခွင့်အ‌ရေး မ‌ပေးဘူး။ ဒါ‌တွေကို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ ‌ပေးမ‌ဆွေး‌နွေး‌စေချင်ဘူး။ ဒါကလည်းကြီးမားတဲ့ အခက်အခဲဖြစ်‌စေတယ်။

အလားတူပဲ လုံခြုံ‌ရေးကဏ္ဍကို‌ဆွေး‌နွေးတဲ့အခါကျ‌တော့လည်း တကယ်လို့ ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ထောင်လိုက် ရင် ဖက်ဒရယ် တပ်မ‌တော်ကို ဘယ်လိုပုံစံဖွဲ့စည်းမလဲဆိုတာကိုလည်း လက်မခံဘူး။ အနာဂတ်အတွက် ဖက်ဒရယ် ပြည် ‌ထောင်စု တပ်မ‌တော်ကိုဖွဲ့စည်းမယ့်ပုံစံအတွက် လမ်းမဖွင့်‌ပေးဘူး။ တိုင်းရင်းသား‌တွေကို ပြည်‌ထောင်စုထဲက‌နေ ခွဲမထွက်‌ရေး ‌လောက်ကိုပဲ လက်မှတ်‌ရေးထိုးဖို့ သူတို့ စိတ်အားထက်သန်တယ်။ ဒါ‌ကြောင့် ဒါ‌တွေက ဟန့်တားမှုကို အများကြီး ဖြစ်‌စေတယ်။ ဒါ‌တွေမက အရင်ကတည်းက အဟန့်အတားဖြစ်‌စေခဲ့တာက ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပဲ။

ကာချုပ်က ရှင်းရှင်းလင်းလင်း‌ပြောထားပြီးသား။ တပ်မ‌တော်အတွက် NCA ရဲ့ အဓိပ္ပာယ်က နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းဖို့ နည်းလမ်းမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်‌တွေရဲ့ လက်နက်ကိုင်လမ်းစဉ်‌တော်လှန်လှုပ်ရှားမှု‌တွေကို အဆုံးသတ်ဖို့ ပဲ ဖြစ်တယ်။ အဲ့ဒီလိုမျိုး နိုင်ငံ‌ရေးပြဿနာ‌ဖြေရှင်းဖို့ ဆန္ဒမရှိတာ တိုင်းရင်းသား‌တွေရဲ့ ‌တော်လှန်‌ရေးကို အဆုံးသတ်ဖို့ နဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုအတွက် နည်းလမ်းမရှာဘူးဆိုရင် ‌ရှေ့ဆက်သွားဖို့ မဖြစ်နိုင်ဘူး။ ကျမအမြင်က‌တော့ အဓိက က‌တော့ တပ်မ‌တော်အ‌နေနဲ့ နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းဖို့ နည်းလမ်းကို သ‌ဘောထားလက်ခံ‌ပေးမှ ရမယ်။ သူတို့မှ လက်မခံနိုင်ဘူးဆိုရင် ကျမတို့ ‌ရှေ့ဆက်သွားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

‌မေး- NCA လက်မှတ်‌ရေးထိုးထားတာ သုံးနှစ်‌ကျော်လာပြီဖြစ်‌ပေမယ့်လည်း တိကျခိုင်မာတဲ့ နိုင်ငံ‌ရေးအရ သ‌ဘောတူညီမှု‌တွေ မရရှိ‌သေးတဲ့အ‌ပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။

တိုင်းရင်းသား‌တွေအ‌နေနဲ့ NCA လက်မှတ်‌ရေးထိုးလိုက်တာကလည်း အ‌ခြေခံက အစိုးရ တပ်မ‌တော်‌ကြောင့်ပါပဲ။ ‌ပြောရ မယ်ဆိုရင် သူတို့ရဲ့လမ်းစဉ်‌တွေပဲဖြစ်တယ်။ ဘာ‌ကြောင့်လဲဆိုရင် ဒီ NCAက ပြည့်စုံမှုမရှိ‌သော်ငြားလည်း တိုင်းရင်းသား‌တွေ အ‌နေနဲ့အတူတကွသွားခဲ့မယ်ဆိုရင် နည်းလမ်းက တစ်မျိုးတစ်ဖုံရှိ‌နေမှာပဲ။ ဒါ‌ပေမဲ့ တိုင်းရင်းသား‌တွေ စည်းလုံးညီညွတ်မှု ‌ပေါင်းစည်းမှုကို မလိုလားဘဲ ခွဲထုတ်ဖို့ ရည်ရွယ်ချက်‌ကြောင့် NCA လက်မှတ်‌ရေးထိုးမှုမှာ အားလုံးပါဝင်‌ရေးကို ‌တောင်းဆို ‌ပေမယ့်လည်း စစ်တပ်ဘက်က ဒါကို လက်မခံဘူး။ ၆ ဖွဲ့ကိုလက်မခံဘူး။ အဲ့ဒီလိုမျိုး စည်းလုံးညီ ညွတ်မှုပျက်ပြား‌အောင် လုပ်‌ဆောင်မှု‌ကြောင့် အခုအချိန်ထိ NCA ကို အစကတည်းက ပြဿနာ‌ဖြေရှင်းဖို့မဟုတ်ဘဲ တိုင်းရင်းသား‌တွေရဲ့ စည်းလုံး ညီညွတ်မှု ပျက်ပြား‌အောင် တိုင်းရင်းသား‌တွေရဲ့ လိုလားချက်‌တွေကို မရရှိ‌အောင်ပဲဖြစ်‌စေတယ်။

ဒါ‌ကြောင့် လက်မှတ်မ‌ရေးထိုးထားတဲ့ ကျန်တိုင်းရင်းသား‌တွေက ရှင်းရှင်းလင်းလင်းပိုမြင်လာတယ်။ လက်မှတ်‌ရေးထိုးတဲ့ အဖွဲ့အ‌နေနဲ့ ၃ နှစ်ကြာသည့်တိုင်‌အောင် ဘာနိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုမှဖြစ်မလာ‌သေးတာကို ပိုမြင်လာတယ်။ တစ်ခုပြီးတစ်ခု ဟန့်တား‌နှောင့်ယှက်တာ‌တွေ၊ အခွင့်အ‌ရေး တန်းတူမ‌ပေးတာ‌တွေ‌ကြောင့် သူတို့လည်း လက်မှတ်‌ရေးထိုးဖို့အတွက် အခက်အခဲ ကြီးကြီးမားမားဖြစ်‌ပေါ်‌စေတာပဲ။

‌မေး- တပ်မ‌တော်ဘက်က သူတို့ရဲ့ ရပ်တည်ချက်‌တွေကို ‌ဖြေ‌လျှော့မှု မလုပ်ဘဲ ဆက်ပြီးခိုင်ခိုင်မာမာ ဆွဲကိုင်ထားမယ်ဆို ရင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်က ဘယ်လိုဖြစ်သွားနိုင်မလဲ။

ကျမထင်တာက သူတို့(စစ်တပ်)‌ပြောင်းလဲဖို့ မလိုလားဘူးဆိုရင် ပဋိပက္ခ‌တွေက တကယ်ဖြစ်‌ပေါ် လာနိုင်ပါတယ်။ အခွင့်အ ‌ရေးအတွက် တိုင်းရင်းသား‌တွေ၊ သူတို့အခွင့်အ‌ရေး ပြန်လည် ရရှိဖို့အတွက်ကို Struggle က ဒီ‌ခေတ်မှာမရှိရင် ‌နောက်လာ မယ့် မျိုးဆက်‌တွေကလည်းပဲ အခွင့်အ‌ရေးရရှိဖို့အတွက် ကြိုးပမ်းရုန်းကန်လှုပ်ရှားမှု‌တွေက ဆက်လက် တည်ရှိအုံးမှာပဲ။ ဘာ‌ကြောင့်လဲဆို‌တော့ အခုပြန်ကြည့်မယ်ဆိုရင် ရှင်းရှင်း‌ပြောရရင် အခုအစိုးရကို ပြည်သူထုက‌နေပြီး ‌တော့ ဒီမိုက‌ရေစီ လမ်း‌ကြောင်းအရ ‌ရွေး‌ကောက် တင်‌မြောက်ထား‌သော်လည်းပဲ စစ်အာဏာ ပါဝါအပြည့်အဝရှိတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပ‌ဒေ ထဲမှာ ဝင်‌ရောက်ရတဲ့အတွက် အခုအချိန်ထိကို NLD အစိုးရက ဘာဆိုဘာမှ မလုပ်‌ဆောင်နိုင်‌သေးဘူး။ ဘာ‌ကြောင့် NLD အစိုးရက ဘာမှ မလုပ်နိုင်တာလဲ။ ၂ဝဝ၈ အ‌ခြေခံဥပ‌ဒေကို ပြင်မယ်။ အ‌ပြောင်းအလဲကို လုပ်‌ဆောင်မယ်ဆိုပြီး ‌ကြွေး‌ကြော် လာခဲ့တဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘာမှ‌ပြောင်းလဲလို့ မရဘူး။ ၂ဝဝ၈ ဥပ‌ဒေကို ပြင်လို့မရတာဟာ သူမကိုယ် တိုင် ၂ဝဝ၈ ဥပ‌ဒေကြီးအထဲမှာ ဝင်ခဲ့မိလို့ဖြစ်ပါတယ်။

ဒါ‌တွေက မ‌ပြောင်းလဲဘူးဆိုရင် ကျမတို့လိုလား‌တောင့်တတဲ့ ငြိမ်းချမ်း‌ရေးကိုဖြစ်‌စေ၊ တိုင်းရင်းသား‌တွေလိုလားတဲ့ တန်းတူ ရည်တူမှု၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ထောင်ဖို့အတွက်က ကျမတို့လုပ်လို့ မရနိုင်ဘူး။ ကျမတို့ မလုပ်‌ဆောင် နိုင်‌သေး ဘူးဆိုရင် ရတဲ့အထိကို ကျမတို့လုပ်‌ဆောင်ရမှာဖြစ်ပါတယ်။ ကျမတို့လုပ်‌ဆောင်လို့ မရတဲ့အတွက် ဖြစ်‌ပေါ်လာ နိုင်တဲ့ ပြန်လည် ‌နောက်ဆုတ်မှု‌တွေဟာ မြန်မာအစိုးရ တပ်မ‌တော်ဘက်က တဖြည်းဖြည်းနဲ့ ‌ဖြေရှင်းပြီး တည်‌ဆောက်ယူဖို့ ဆန္ဒရှိ မယ်ဆိုရင်အခက်အခဲမရှိနိုင်ဘူး။ ဒါ‌ပေမဲ့‌ဖြေရှင်းဖို့ဆန္ဒမရှိဘဲ တိုင်းရင်းသား‌တွေအ‌ပေါ် ဆက်ပြီး ဖိနှိပ်မယ်၊ ‌ပျောက် ကွယ်‌အောင်လုပ်မယ်ဆိုရင် ကျမတို့အ‌နေနဲ့က‌တော့ ကိုယ့်အခွင့်အ‌ရေး ကိုယ့်ကံကြမ္မာ ကိုယ်ကာကွယ်ဖို့အတွက်ပဲ ရပ်တည်သွားရမှာပဲ။

‌မေး။ ။ ‌ကေအဲန်ယူက လတ်တ‌လောမှာ တရားဝင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု‌တွေမှာ ရပ်ဆိုင်းထားတာနဲ့ပတ်သက်ပြီး ဘယ်လို မြင်လဲ။

လက်ရှိ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ လတ်တ‌လော ရပ်ဆိုင်းထားတာလဲ တစ်ခု‌ကောင်းတယ်။ ဒါ‌ပေမဲ့ ‌သေချာ ဆန်းစစ်သုံးသပ်ရမယ်။ ဘာဖြစ်လို့ ဒီ Process က ရပ်တန့်‌နေရတာလဲ၊ ပထမတစ်ချက်က NCAကို ဘယ်လိုပဲ Review ပြန်လုပ်လုပ် ပြန်ပြီး‌ဆွေး‌နွေး‌ဆွေး‌နွေး တပ်မ‌တော်ရဲ့ NCA အ‌ပေါ် သ‌ဘောထားနဲ့ ရပ်တည်ချက်ကို ထည့်သွင်း မစဉ်းစား ဘူး။ ဒီသ‌ဘောထား‌တွေနဲ့ အနာဂတ်မှာ ဘယ်လိုသွားရမလဲဆိုတာကို ထည့်သွင်းမ‌ဆွေး‌နွေးဘူးဆိုရင် ဘယ်လိုပဲ NCAကို ပြုပြင်မယ်၊ JMCကို ပြုပြင်မယ်‌ပြော‌ပြော ကြီးမားတဲ့စိန်‌ခေါ်မှု‌တွေ အခက်အခဲ‌တွေ ရှိ‌နေအုံးမှာပဲ။ ဒါ‌ကြောင့် တပ်မ‌တော်ရဲ့ ငြိမ်းချမ်း‌ရေးအ‌ပေါ်ထားတဲ့သ‌ဘောထား ချမှတ်ထားတဲ့ တပ်မ‌တော်မူ (၆)ချက်‌တွေကို ‌သေချာပြန်လည်သုံးသပ်ပြီးမှ အဲ့ဒီ အ‌ပေါ်မှာ လမ်းစဉ်‌တွေချမှတ်ပြီးသွားလို့ရမှာ ဖြစ်တယ်။

‌မေး။ ။ NCA-သ‌ဘောတူစာချုပ်ကို လက်မှတ်ထိုးထား‌ပေမယ့် တိုင်းရင်းသားနယ်‌မြေ‌တွေမှာ ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲ‌တွေက ဆက်လက်ဖြစ်‌နေ‌သေးတဲ့အ‌ပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။

လက်ရှိ မြန်မာပြည်ရဲ့ အ‌ခြေအ‌နေက ကြီးမားတဲ့ အကြပ်အတည်း‌အောက်မှာရှိ‌နေပါတယ်။ အရင်ကဆို နိုင်ငံတကာ အသိုင်းအဝိုင်း‌တွေက ‌ပြောတယ်‌ပေါ့။ မြန်မာပြည်က ငြိမ်းချမ်း‌နေပါပြီ။ အရင်ကဆို သူတို့ကို ကျမတို့‌တွေ ဘာ‌ပြော‌ပြော လက်မခံဘူး။ အခု‌တော့ အခုအ‌ခြေအ‌နေက ငြိမ်းချမ်း‌နေတဲ့အချိန်မဟုတ်‌သေးဘူးဆိုတာ သူတို့ နားလည်ပါပြီ။ ဘာ‌ကြောင့် ငြိမ်းချမ်းတဲ့အချိန်မဟုတ်‌သေးဘူးလို့ ‌ပြောရတာလဲဆိုရင် ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု ၆ နှစ်‌ကျော်ပြီး NCA စာချုပ်ကို လက် မှတ်‌ရေးထိုးထား‌သော်ငြားလည်း ပစ်ခတ်တိုက်ခိုက်မှု‌တွေက ရပ်တန့်မသွားဘဲ ဆက်လက် ဖြစ်ပွား‌နေတုန်းပါပဲ။ ‌မြောက် ပိုင်းဘက်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့‌တွေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခြင်းခံရတယ်။ တိုင်းရင်းသားအဖွဲ့‌တွေကို အပြတ်‌ချေမှုန်းဖို့အတွက် စစ်တပ်ဘက်ကလည်း အမြဲတမ်းက ပြင်ဆင်‌နေပါတယ်။

အခု မြန်မာပြည်မှာ ဖြစ်ပွား‌နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု‌တွေက အလွန်မှစိုးရိမ်စရာ‌ကောင်းပါတယ်။ NCA ထိုးတဲ့အဖွဲ့၊ မထိုးတဲ့အဖွဲ့ ဖန်တီးယူပြီး တိုင်းရင်းသားအချင်းချင်းကြားမှာ ပစ်ခတ်မှု‌တွေဖြစ်လာတယ်။ အဲဒါ‌ကြောင့် ဒါ‌တွေကို တိုင်းသူပြည်သား‌တွေအားလုံးကလည်း ကွက်ကွက်ကွင်းကွင်း မြင်တတ်ဖို့လိုတယ်။ ပြည်သူ‌တွေကလည်းဘဲ ဘယ်လို ငြိမ်းချမ်း‌ရေးမျိုးကို လိုလားသလဲ။ ဖက်ဒရယ်ပြည်‌ထောင်စုကြီး ထူ‌ထောင်နိုင်ဖို့က ကျမတို့‌တွေအားလုံး လက်တွဲပြီး‌တော့ တွန်းရမှာပဲ။ တစ်‌ယောက်တစ်‌ပေါက်နဲ့ အ‌ခြေအ‌နေကို ရိုးရိုးပဲမြင်မယ်ဆိုရင် ကျမတို့ ဘယ်ကိုမှ မ‌ရောက်ရှိနိုင်ပါဘူး။

‌မေး- ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် NLD အစိုးရအ‌နေနဲ့‌ရော ဘယ်လိုလုပ်‌ဆောင်မှု‌တွေ လုပ်ရမယ်လို့ သုံးသပ်မိပါသလဲ။

NLD အစိုးရက အခုအချိန်မှာ အာဏာက သူတို့လက်ထဲမှာပဲ ရှိပါတယ်။ ပြည်သူလူထုက ‌ရွေးချယ်တယ်။ အ‌ပြောင်းအလဲ ကို လုပ်မယ့်သူလို့ ပြည်သူလူထုက သူတို့ကိုယုံကြည်ကြတယ်။ အဲဒါ‌ကြောင့် သူတို့‌တွေက ၂ဝဝ၈ ဖွဲ့စည်းပုံဥပ‌ဒေ‌အောက် မှာ တည်ရှိ‌နေ‌သော်ငြားလည်း အာဏာကို ရယူရမယ်။ အာဏာကို ရယူပြီး အ‌ပြောင်းအလဲကို လုပ်ရမယ်။ အ‌ရေးကြီးဆုံး က ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေကြီးကို ‌ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။

ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို NLD အစိုးရက ‌ပြောင်းလဲပစ်လို့မရဘူးဆိုရင် စစ်တပ်ရဲ့အာဏာပါဝါ‌တွေက တည်ရှိ‌နေ အုံးမှာဖြစ်ပါတယ်။ ဘယ်သူပဲတက်တက် လာမယ့် ၂ဝ၂ဝ အထိတိုင် ‌နောက်အစိုးရသစ်တစ်ရပ် တက်လာ‌သော်လည်း ၂ဝဝ၈ အ‌ခြေခံဥပ‌ဒေ‌အောက်မှာ ရှိအုံးမှာဖြစ်တဲ့အတွက် အဲလိုဆိုရင် ဘယ်သူကမှ ‌ပြောင်းလဲပစ်လို့မရဘူး။ ဒါ‌ကြောင့် ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောသလို သတိ္တရှိရှိ လက်မှတ်ထိုးပါဆိုရင် NLD အစိုးရအ‌နေနဲ့လည်း စစ်တပ်နဲ့‌ပြောဆိုရင် ရဲရဲရင့်ရင့် သတိ္တရှိရှိ ဖြစ်‌နေဖို့လိုတယ်။ အဲ့ဒီလိုပဲ တိုင်းရင်းသား‌တွေအ‌နေနဲ့လည်း ပြန်လည်ဆန်းစစ်ဖို့လိုတယ်။

ဘာဖြစ်လို့ NCA လမ်းစဉ်က တစ်ဆို့မှု‌တွေ ရှိရတာလဲ၊ ဘာ‌ကြောင့် NCA ကို သူများ‌တွေ လက်မခံနိုင်တာလဲဆို တာက တပ်မ‌တော်ရဲ့ သ‌ဘောထားအ‌ပေါ်မှာ အများကြီးမူတည်ပါတယ်။ အခု တပ်မ‌တော်ရဲ့ သ‌ဘောထားအရဆိုရင် ဖိအား‌ပေး ရမှာဘဲ။ တကယ်ကို ဖိအား‌ပေးရမယ်။ သူတို့လုပ်ချင်သလိုမျိုး ကျမတို့သွားလို့မရဘူး။ သူတို့ ‌ပြောတဲ့ တဖြည်းဖြည်းချင်း သွားရမယ်ဆိုတာ ‌ပြောင်းလဲမှုအတွက်မဟုတ်ဘဲ သူတို့လိုချင်တဲ့ပုံစံကိုသွားဖို့ပဲဖြစ်တယ်။ ဒါ‌ကြောင့် တပ်မ‌တော်အ‌နေနဲ့ သူတို့ရဲ့သ‌ဘောထားကို ‌ပြောင်းလဲရမယ်၊ UN အ‌နေနဲ့ ဖိအားပိုမို‌ပေးရမယ်။ တိုင်းရင်းသား‌တွေအ‌နေနဲ့ ပိုမိုစည်းလုံးဖို့လို မယ်။ NLD အစိုးရအ‌နေနဲ့လည်း ရဲရဲရင့်ရင့် ‌ပြောင်းလဲမှုကို လုပ်ပြရမယ်။ ဒါ‌တွေက ကျမတို့လိုချင်တဲ့ အ‌ပြောင်းအလဲကို ရဖို့အတွက်ပဲဖြစ်တယ်။

XXXXXXXXXXXXXXXXXXXXXXXX

“‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောသလို သတိ္တရှိရှိ လက်မှတ်ထိုးပါဆိုရင် NLD အစိုးရအ‌နေနဲ့လည်း စစ်တပ်နဲ့‌ပြောဆိုရင် ရဲရဲရင့်ရင့် သတိ္တရှိရှိ ဖြစ်‌နေဖို့လိုတယ်။”