Home သတင်း ၇၁နှစ်ပြည့် ကရင်အမျိုးသား‌နေ့ကို ‌မြောင်းမြနှင့်လပွတ္တာခရိုင် ပူး‌ပေါင်းကျင်းပမည်

၇၁နှစ်ပြည့် ကရင်အမျိုးသား‌နေ့ကို ‌မြောင်းမြနှင့်လပွတ္တာခရိုင် ပူး‌ပေါင်းကျင်းပမည်

2920

ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၉ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ကရင်လူမျိုးများ၏ ‌နေ့ထူး‌နေ့မြတ် တစ်ရက်ဖြစ်သည့် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကျ‌ရောက်မည့် (၇၁)နှစ်‌မြောက် ကရင်အ မျိုးသား‌နေ့ကို ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ‌မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်တို့ ပူး‌ပေါင်းကာ ခရိုင်အဆင့် ကျင်းပပြုလုပ် သွားမည်ဟု ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီထံမှ သိရသည်။

‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီက ကြီးမှူးပြီး ခရိုင်အဆင့် ပူး‌ပေါင်းကျင်းပမည့် ကရင်အမျိုးသား‌နေ့ကို ‌မြောင်းမြမြို့နယ် မီး‌သွေး‌ချောင်း‌ကျေးရွာအုပ်စု၊ စခမ်းကြီး‌ကျေးရွာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ခရိုင်နှစ်ခုအ‌နေဖြင့် ပထမ ဆုံးအကြိမ် ပူး‌ပေါင်း ကျင်းပခြင်းလည်း ဖြစ်သည်။

‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မန်းစမ်းစန်က “ဒီမှာရှိတဲ့ ကရင်လူငယ်၊ လူလတ်ပိုင်း‌တွေက အခု‌နောက်ပိုင်း စိတ်ဓာတ်‌လေး ပိုမိုတက်ကြွလာကြတဲ့အတွက် ဒါကို ကျင်းပချင်ကြတယ်။‌နောက်တစ်ခုက အခု ပိုမို လွတ်လပ်ပွင့်လင်းမှု ရှိလာတာလည်း ပါတယ်။ အခု‌ပေါင်းပြီး ကျင်းပရတာကလည်း အဓိကက‌တော့ ကျယ်ကျယ်ပြန့် ပြန့်နဲ့ လှုပ်ရှားမှု အား‌ကောင်းလာ‌အောင်ဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ကရင်အမျိုးသား‌နေ့ကို ‌မြောင်းမြမြို့နယ်အတွင်း ခရိုင်အဆင့်ကျင်းပရာတွင် ‌မြောင်းမြခရိုင်အတွင်းရှိ ‌မြောင်းမြမြို့၊ အိမ်မဲမြို့၊ ဝါးခယ်မမြို့နယ်နှင့် လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာမြို့နှင့် ပျဉ်စလူ စသည့်မြို့နယ် (၅)မြို့နယ် စု‌ပေါင်းပါဝင်မည်ဖြစ်‌ကြောင်း မန်းစမ်းစန်က ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင်၂၀၁၉ခုနှစ်တွင် ကျ‌ရောက်မည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ဧရာဝတီတိုင်းအတွင်းရှိ ပန်းတ‌နော်၊ ‌ညောင် တုန်း၊ မအူပင်၊ ဓနုဖြူ၊ ကျုံ‌ပျော်၊ ဟသင်္ာတ၊ ‌ကျောင်းကုန်း၊ ကန်ကြီး‌ထောင့် စသည့်မြို့နယ်များတွင်လည်း သက်ဆိုင်ရာ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများက ဦး‌ဆောင်ကာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသီးသီး ကျင်းပသွားမည်ဟု သိရသည်။

မအူပင်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး ‌စောနိုင်‌ဇော်လင်းက “အမျိုးသား‌နေ့ဆိုတာ ဟိုးကတည်း က ကရင်လူမျိုး‌တွေ လိုချင်လို့ ‌တောင်းဆိုတဲ့ အဓိကအချက်‌လေ။ အခုလို ပွင့်လင်းလာတဲ့‌ခေတ်‌ရောက်‌တော့ ဒီလို ကိုယ့်ကရင် အမျိုးသား‌နေ့ကို ကျယ်ပြန့်‌အောင် ‌နေရာတိုင်းမှာ လုပ်ကြဖို့ တိုက်တွန်းချင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသား‌နေ့ကို ယခင်က ကရင်ပြည်နယ်အတွင်းရှိ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ‌တော်လှန်‌ရေးနယ် ‌မြေများနှင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင်သာ ကျင်းပခဲ့ကြပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် KNU နှင့် အပစ် ခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း အခြားကရင်‌ဒေသများတွင် ကျင်းပလာနိုင်ခဲ့ကြသည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄သိန်း‌ကျော်က “ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စသည့် ‌တောင်းဆိုချက်များဖြင့် ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြ‌တောင်းဆိုခဲ့ကြသည်။

ထို‌နေ့ကို အစွဲပြုပြီး ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ခုနှစ်၊ ဖာပွန်မြို့၌ ကျင်းပခဲ့‌သော ‌ကော်သူး‌လေပြည်လုံးဆိုင် ရာ ကွန်ဂရက်တွင် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ‌ထောက်ခံ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။