Home သတင်း ပြည်‌ထောင်စု‌နေ့အတွက် ကရင်နှင့် မွန်ပြည်နယ် စု‌ပေါင်းဒုံးအဖွဲ့ သွား‌ရောက်‌ဖျော်‌ဖြေမည်

ပြည်‌ထောင်စု‌နေ့အတွက် ကရင်နှင့် မွန်ပြည်နယ် စု‌ပေါင်းဒုံးအဖွဲ့ သွား‌ရောက်‌ဖျော်‌ဖြေမည်

2308

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

‌နေပြည်‌တော်၌ ‌ဖေ‌ဖော်ဝါရီလ ၁၂ရက်‌နေ့တွင် ပြုလုပ်မည့် ၇၂ နှစ်‌မြောက်ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ်တွင် ကရင်လူမျိုးကိုယ်စားပြု ယဉ်‌ကျေးမှုအဖွဲ့အ‌နေဖြင့် ကရင်နှင့် မွန်ပြည်နယ်မှ လူငယ်များ စု‌ပေါင်းဒုံးအဖွဲ့က သွား‌ရောက်ကပြ‌ဖျော်‌ဖြေမည်ဟု သိရသည်။

ဒုံးအကနည်းပြချုပ် ‌စောကဗျာစိန်က “တိုင်းရင်းသားအသီးသီးက သူတို့ယဉ်‌ကျေးမှုကို ‌ဖော်ထုတ်ပြသကြသလို ကျ‌နော်တို့လည်း ကရင့်ယဉ်‌ကျေးမှု ဟာ ဘယ်‌လောက်အဆင့်အတန်းမြင့်‌ကြောင်း၊ လှပယဉ်‌ကျေး‌ကြောင်းကို ကပြ ပြသသွားမှာ ဖြစ်ပါတယ်။ ကရင်အကဟာ ညီညာမြူးကြွပြီး ကြည့်လို့ အ‌ကောင်းဆုံးပဲလို့လည်း နှစ်တိုင်း လူ‌တွေ ချီးမွမ်းကြပါတယ်။ ↔ဟု ယမန်‌နေ့(ဇန်နဝါရီ ၃ဝရက်)က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦး‌ဆောင် တာဝန်ယူထားသည့် ယခု ဒုံးအဖွဲ့တွင် မွန်ပြည်နယ်မှ သထုံမြို့နယ်၊ ကရင်ပြည်နယ်မှ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲနှင့် ဖားအံ စသည့် မြို့နယ်များမှ ကရင်လူငယ် ‌မောင်မယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်ဟု ‌စောကဗျာစိန်က ဆက်‌ပြောသည်။

ဒုံးအဖွဲ့တွင် ပါဝင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ‌ဝေါင်ထွန်းရွာမှ နန်းလာရှူးခလိန်း က “ရွာအတွက်၊ ပြည်နယ်အတွက် ကိုယ်စားပြုပြီး ကိုယ်ယဉ်‌ကျေးမှုကို သွား‌ရောက်ထုတ်‌ဖော် ပြသချင်တဲ့ ရည်ရွယ်ချက်ရယ်၊ ဝါသနာပါတာရယ်၊ ‌နောက်ပြီး ပြည်‌ထောင်စု‌နေ့သွားတာ ဒါ ပထမဆုံးဆို‌တော့ အ‌တွေ့အကြုံရယူလိုတာလည်း ပါပါတယ်။”ဟု ‌ပြောသည်။

ပြည်‌ထောင်စု‌နေ့အတွက် ကရင်ယဉ်‌ကျေးမှုအဖွဲ့အ‌နေဖြင့် အစဉ်အလာမပျက်နှစ်စဉ် သွား‌ရောက်ကပြ‌ဖျော် ‌ဖြေခြင်းဖြစ်ပြီး ယခုနှစ်အတွက် အကနှင့် အုပ်ချုပ်သူအပါအဝင် ၄ဝ ဦး‌ကျော်ပါဝင်သည့် ယင်းယဉ်‌ကျေးမှုဒုံး အဖွဲ့သည် ဇန်နဝါရီ ၃၁(ယ‌နေ့)တွင် ဖားအံမှ ‌နေပြည်‌တော်သို့ စတင် ထွက်ခွာမည်ဖြစ်ပြီး ဖားအံတွင် ၁ဝ ရက် နှင့် ‌နေပြည်‌တော် တွင် ၁၂ ရက်ခန့် စခန်းသွင်း ‌လေ့ကျင့်သွားမည်ဟု သိရသည်။