Home သတင်း ‌ကျေးရွာပိုင် ‌ဆေးခန်း‌မြေပြန်ရ‌ရေး အလူး‌လေးရွာသားများ ဆန္ဒထုတ်‌ဖော် ‌တောင်းဆို

‌ကျေးရွာပိုင် ‌ဆေးခန်း‌မြေပြန်ရ‌ရေး အလူး‌လေးရွာသားများ ဆန္ဒထုတ်‌ဖော် ‌တောင်းဆို

2296

ဇန်နဝါရီ ၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ အလူး‌လေး‌ကျေးရွာတွင် ယခင်သတ်မှတ်ထားသည့် ‌ဆေးခန်းပိုင်‌မြေ ပြန်လည်ရရှိ ရန်အတွက် ‌ကျေးရွာ‌နေ ‌ဒေသခံများမှ သတင်းစာရှင်းလင်းပွဲနှင့်အတူ ယမန်‌နေ့ (ဇန်နဝါရီလ ၁ရက်)က စီတန်းလှည့် လည်ကာ ဆန္ဒထုတ်‌ဖော်‌တောင်းဆိုလိုက်သည်။

အဆိုပါ ‌မြေ‌နေရာ‌ပေါ်တွင် လက်ရှိဝင်‌ရောက်‌နေထိုင်သူများမှ မူလရှိ‌နေသည့် ‌ဆေးခန်း‌ဟောင်းအား အသစ်ပြန်လည် ပြင်ဆင်ခွင့်မ‌ပေးလိုသည့်အပြင် ယင်း‌မြေ‌နေရာအား ပြန်မ‌ပေးလိုသည့်အတွက် ယခုလိုဆန္ဒထုတ်‌ဖော်‌တောင်းလိုက် ခြင်း ဖြစ်သည်ဟု ‌ဆေးခန်း‌မြေပြန်လည်ရရှိ‌ရေးအတွက် ဦး‌ဆောင်ကြိုးပမ်းသူ တစ်ဦးဖြစ်သည့် အလူး‌လေးရွာမှ မညာ(ခ) ‌ဒေါ်နွဲ့‌လေးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ရွာ‌ဆေးခန်းက ဖြစ်တာကြာပြီး ပြီးမှကျူး‌ကျော်လူ‌တွေက လာ‌နေတယ်။ ပြီး‌တော့ ဌာနဆိုင်ရာနဲ့ ဘာအဖွဲ့ညာအဖွဲ့‌ပေါင်းပြီး ‌ပြေစာ‌ပေါက်‌အောင် လုပ်တယ်။ ‌ဆေးခန်းပြန်ပြင်ခွင့်မ‌ပေးဘူး။ အသစ်ပြန်‌ဆောက်ခွင့်မ‌ပေးဘူး။ ဌာနဆိုင်ရာ အချို့လာ ကြည့်တယ်။ ကျူး‌ကျော်သူဘက်က ‌ပြေစာရှိ‌တော့ ကျူး‌ကျော်သူ‌တွေရဲ့ ‌မြေဘဲလို့‌ပြောတယ်။ အရင်‌ခေတ်က ‌ပြေစာဆိုတာ လည်းမရှိဘူး။ ‌ဆေးခန်း‌ဟောင်းတစ်လုံး‌တောင်ရှိထားတာကို သူတို့‌မြေလို့‌ပြောတယ်။ ကြိုက်တဲ့‌နေရာသွားတိုင်ဆိုပြီး ‌ပြော တယ်။ ‌ပြေစာထုတ်‌ပေးတဲ့တာဝန်ရှိလူ‌တွေကလည်း ‌သေချာမစစ်‌ဆေးဘဲ ထုတ်‌ပေးလိုက်တဲ့သ‌ဘော”ဟု ‌ပြောသည်။

အကျယ်အဝန်း ဝ.၈ဝ ဧကရှိသည့် အဆိုပါ ‌မြေ‌နေရာကို ၁၉၇၃နှစ်က စတင်ကာ ‌ဆေးခန်း ‌မြေ‌နေရာအဖြစ် ‌ဒေသခံများက သတ်မှတ်ထားခြင်းဖြစ်ပြီး ၁၉၈၇ ခုနှစ်မှ စတင်ကာ ယင်း‌မြေ‌ပေါ်တွင် ကျူး‌ကျော်ဝင် ‌ရောက်‌နေထိုင်မှုများရှိခဲ့ခြင်းဖြစ် ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် ၎င်း‌မြေ‌နေရာ‌ပေါ်တွင် ‌ဒေသခံများ ‌ဆောက်လုပ်ထားသည့် ‌ဆေးခန်း‌ဟောင်း တစ်လုံးလည်းရှိ‌နေသည်ဟု သိရပြီး ၂၀၁၂ ခုနှစ်တွင် ယခင်မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်လက်မှတ်ဖြင့် မျက်နှာစာ ‌ပေ ၄ဝ အရှည် ၂၂ဝရှိ အစားထိုး ‌မြေကွက်‌ပေးအပ်ခဲ့မှုများရှိ‌သော်လည်း မူလ‌ဆေးခန်း‌မြေ‌နေရာ အကျယ်အဝန်းကိုသာ ပြန်လည်ရယူလိုခြင်းဖြစ်‌ကြောင်း ‌ဒေသခံများဘက်က ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် ‌ဒေသခံများ၏ ဆန္ဒထုတ်‌ဖော်မှုတွင် ‌ကျေးရွာပြည်သူလူထုမှ စစ်မှန်‌သော ဥပ‌ဒေ၏ အကာအကွယ် အမှန်ရရှိ‌ရေး၊ ‌ကျေးရွာပိုင်‌ဆေး‌ပေးခန်း‌မြေ အပြည့်အဝပြန်လည်ရရှိ‌ရေး၊ အစိုးရဌာန တာဝန်ရှိသူများမှ မမှန်မကန်ရပ်တည်‌ပေးထားသည့် ‌မြေခွန်‌ပြေစာအားပြန်လည်ရုပ်သိမ်း‌ပေး‌ရေးနှင့် ‌ကျေးရွာပိုင်‌မြေ ကျန်းမာ‌ရေး‌ဆေး‌ပေးခန်းရှိ ‌မြေဧရိယာအတွင်းမှ ကျူး‌ကျော်‌နေထိုင်သူများ အမြန်ဖယ်ရှား‌ပေး‌ရေးစသည့် ‌ကြွေး‌ကြော်သံ များနှင့်အတူ ‌ဒေသခံရွာသား ၃၀ဝခန့်မှ လမ်း‌လျှောက်ချီတက်ပြီး ဆန္ဒထုတ်‌ဖော် ‌တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယခုအငြင်းပွားမှုများဖြစ်‌နေသည့် ‌မြေ‌ပေါ်တွင် ‌နေထိုင်သူ ၃ ဦးရှိသည့်အနက် ၁ဦးမှာ ‌ဆေးခန်း‌မြေပြန်လည် ‌ပေးအပ် သည်ဟု သိရသည်။